ပွင့်ဖြူမြို့နယ်မှာ လူငယ် ၂၀ ခန့် ပေါ်တာဆွဲခံရ
မကွေး ဇန်နဝါရီ ၁၄ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ တစ်ရက်တည်း လူငယ် ၂၀ ဝန်းကျင် ပေါ်တာဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဇန်နဝါရီ ၁၄ ရက် တစ်ရက်တည်း ဘိုကုန်းရွာနဲ့ ထန်းတောစုရွာက လူဦးရေ ၂၀ ဝန်းကျင်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားတာပါ။ “ဆိုင်ကယ်တွေရော၊ လူတွေကောဆွဲသွားတာ။ သင်တန်းပို့ဖို့ဆိုခြောက်ရက်လောက်တော့ အချိန်ရသေးတယ်။ ဒီကြားထဲ…