October 31, 2024

မင်းတုန်းမြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်သားတွေ တိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ

မကွေး အောက်တိုဘာ ၃၁ မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးတယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းတာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာ လမ်းပိုင်းပေါ်က မဲဇလီကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့မှု ဖြစ်ခဲ့တာပါ။ “ကင်းပုန်းဝပ်နေတဲ့ စကစတွေကို လက်ဦးမှု ယူပြီး တိုက်ခိုက်ခဲ့တာပါ။တိုက်ခိုက်ပြီးနောက်ပိုင်း…

အစ္စရေးနဲ့ အပစ်ခတ်ရပ်စဲရေး လမ်းဖွင့်ထားတယ်လို့ ဟစ်ဇဘိုလာအဖွဲ့ ခေါင်းဆောင်သစ် ပြော

ဘေရွတ်၊ အောက်တိုဘာ ၃၁ ဟစ်ဇဘိုလာအဖွဲ့ရဲ့ တပ်စခန်းတွေကို လေကြောင်းက တိုက်ခိုက်မှု အရှိန်မြှင့် ပြုလုပ်နေချိန်မှာ အရပ်သားတွေ ထွက်ပြေးကြဖို့ အစ္စရေးတပ်တွေက သတိပေးထားပြီးနောက် သတ်မှတ်ချက် တချို့နဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူနိုင်တယ်လို့ လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇဘိုလာရဲ့ ခေါင်းဆောင်အသစ်က ပြောကြားလိုက်ပါတယ်။ လက်ဘနွန်နိုင်ငံ အရှေ့ပိုင်း ဘာအယ်လ်ဘာ့ခ်မြို့ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး နောက်ထပ် ဟစ်ဇဘိုလာ…

မြောက်ကိုရီးယား စစ်သားတွေ ယူကရိန်းဆီ ဦးတည်လာနေပြီလို့ အမေရိကန် ပြော

ဝါရှင်တန်၊ အောက်တိုဘာ ၃၁ ရုရှား စစ်ဝတ်စုံ ဝတ်ဆင်ထားကြတဲ့ မြောက်ကိုရီးယား စစ်သားတွေဟာ ရုရှား စစ်လက်နက်တွေ သယ်ဆောင်ပြီး ယူကရိန်းဆီ ဦးတည်လာနေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်က အောက်တိုဘာ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားက ရုရှားအတွက် စစ်သား အင်အား ၁၂၀၀၀ အထိ ချထားမှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ…

စစ်ကောင်စီစစ်ကြောင်းက မြိတ်ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးနေ

မြိတ်၊ အောက်တိုဘာ ၃၁ တနင်္သာရီတိုင်း မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံ ပြည်သူတွေကို လူသားဒိုင်ကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မဇောကျေးရွာအုပ်စုထဲက တုံးဗျောရွာဟောင်းနဲ့ ဘန်းမဲကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက် လာခဲ့တာပါ။ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ…

ပေါင်မြို့နယ်မှာ ဝမ်းရောဂါကူးစက်ခံရသူ ၇၀ နီးပါးရှိလာ

ပေါင်၊ အောက်တိုဘာ ၃၁ မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်နဲ့ဝဲပတန်ကျေးရွာတို့မှာ ဝမ်းရောဂါကူးစက်ခံရသူ ၇၀ နီးပါး ရှိလာပြီး အဲဒီထဲက စိုးရိမ်ရတဲ့လူနာငါးဦးကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။ ပင်လယ်ကမ်းစပ်ရွာတွေဖြစ်တဲ့ အဲဒီကျေးရွာနှစ်ရွာမှာ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ပင်လယ်က ပြန်လာတဲ့ ငါးဖမ်းစက်လှေလုပ်သားတွေ ဝမ်းရောဂါဖြစ်ပွားခဲ့ပြီး အဲဒီနောက်မိသားစုဝင်တွေပါ ကူးစက်မှုတွေရှိလာခဲ့ပါတယ်။ ဝမ်းရောဂါကူးစက်ခံရသူတွေကို အလှပ်တိုက်နယ်ဆေးရုံ၊…