August 2024

မော်လမြိုင်မြို့မှာ CDM ဆရာ၊ ဆရာမတွေ စာသင်ကြားခြင်း ရှိ မရှိ စစ်ကောင်စီ လိုက်လံ စစ်ဆေးနေ

မော်လမြိုင် ၊ စက်တင်ဘာ ၁ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ဆောင်ထားတဲ့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေ စာသင်ကြားခြင်း ရှိ၊ မရှိ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက လိုက်လံ စစ်ဆေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ စစ်ကောင်စီ လက်အောက်ခံတွေက CDM လုပ်ဆောင်ထားတဲ့ ဆရာ၊…

ပြည်သူ့လုံခြုံရေးမှာ နယ်မြေခံ ရပ်မိရပ်ဖတွေ ပူးပေါင်းပါဝင်ရမယ်လို့ စစ်ခေါင်းဆောင်ပြော

ပဲခူး ၊ စက်တင်ဘာ ၁ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး ပြည်သူ့လုံခြုံရေးမှာ နယ်မြေခံ ရပ်မိ၊ရပ်ဖတွေ ရဲတပ်ဖွဲ့ဝင်တွေ အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။ ဩဂုတ် ၃၀ ရက်နေ့က ပဲခူးတိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့ အကောင်အထည်ဖော်နေတဲ့ ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာပါ။ အဆင့်ဆင့်သတင်းပေးတဲ့ စနစ်ကို ဖော်ဆောင်ပြီး ဒေသကောင်းကျိုးဆောင်ရွက်မယ့်သူတွေ ရဲတပ်ဖွဲ့ဝင်တွေ…

ကော့ကရိတ်မြောက်ပိုင်းမှာ KNLA တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီတပ်တို့ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွား

ဘားအံ စက်တင်ဘာ ၁ ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းက မြပတိုင်ကျေးရွာအတွင်း KNLA တော်လှန်ရေး အင်အားစုအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ၃ ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာနေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့အကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ KNU တပ်မဟာ ၇ နယ်မြေ…

သံဖြူဇရပ်မှာ တိုက်မိုင်းထိလို့ အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရ

သံဖြူဇရပ်၊ စက်တင်ဘာ ၁ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာမှာ ခင်ပွန်းဖြစ်သူနဲ့အတူ မိသားစုဝမ်းရေးအတွက် ဝဥသွားတူးတဲ့ အမျိုးသမီးတစ်ဦး တိုက်မိုင်းထိတာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ရဲတံခွန်ကျေးရွာနေ အသက် ၃၂ နှစ်အရွယ် ဒေါ်ငယ်ငယ်ထွေးဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ကျေးရွာအနီးက ရော်ဘာတောထဲမှာ ဝဥတူးပြီးအပြန်…

ပုလောက ရှပ်ပုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်းသေဆုံး

ပုလော၊ ဩဂုတ် ၃၁ တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံခဲ့ရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ အင်အား…

တိုက်လေယာဉ် ပျက်ကျမှုကြောင့် ယူကရိန်းလေတပ် အကြီးအကဲ ထုတ်ပယ်ခံရ

ကိဗ်၊ သြဂုတ် ၃၁ ယူကရိန်းရဲ့ တန်ဖိုးထားရတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေထဲက တစ်စီး ပျက်ကျခဲ့မှုနဲ့ ပတ်သက်လို့ အချေအတင် ပြောဆိုမှုတွေ ရှိနေချိန်မှာ လေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး မိုင်ကိုလာ အိုလက်ရှူကို သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ထုတ်ပယ်လိုက်ပါတယ်။ ဒီလို ထုတ်ပယ်လိုက်တဲ့ အကြောင်းရင်းကို သမ္မတ ဇီလန်စကီးက ထုတ်မပြောပေမယ့် တယ်လီဂရမ်ပေါ်က ပို့စ်တစ်ခုမှာ စစ်သည်တွေ…

ရုရှားစစ်တပ်ထဲက အကျင့်ပျက်ခြစားသူတွေကို စစ်ဆေးပြီး ရုံးတင်မယ်လို့ ကရင်မလင်နန်းတော် ပြော

မော်စကို၊ သြဂုတ် ၃၁ ရုရှား ကာကွယ်ရေးအရာရှိတွေကို အကျင့်ပျက် ခြစားမှုနဲ့ စုံစမ်းစစ်ဆေးရာနေရာမှာ ပြင်းထန်တဲ့ စွဲချက်တွေ ပါဝင်ပြီး ရုံးတင် စစ်ဆေးမှုတွေဆီ ဦးတည်သွားလိမ့်မယ်လို့ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က သြဂုတ် ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ လက်ထောက် ကာကွယ်ရေး ဝန်ကြီးဟောင်း ပါဗဲလ် ပိုပေါ့ပ်ကို မော်စကိုရှိ စစ်ခုံရုံးတစ်ခုက…

တနင်္သာရီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ခုနှစ်ဦး သေဆုံး

တနင်္သာရီ၊ ဩဂုတ် ၃၁ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ၆ မိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် လေးရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၆ မိုင်ကျေးရွာဘက်ကို အင်အား ၈၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့…

ကျိုက်မရောမှာ ဒရုန်းဗုံးကျလို့ ဒေသခံတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရ

ကျိုက်မရော၊ ဩဂုတ် ၃၁ မွန်ပြည်နယ် ကျိူက်မရောမြို့နယ် ကော့ပနော-ဝငဲ-ကော့ဝမ်းကျေးရွာသွားလမ်းဆုံကို စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ဆေးရေးလုပ်နေတဲ့ အဲဒီလမ်းဆုံဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသုံးလုံးချပြီး တိုက်ခိုက်ခဲ့တာပါ။…

ကန့်ဘလူက အရပ်သားသုံးဦးကို မသတ်ခဲ့ဘူးလို့ စစ်တပ် လိမ်လည်သတင်းမှားဖြန့်

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ပြည်သူလေးဦး ဖမ်းဆီးပြီး သုံးဦးကို သတ်ဖြတ်ခဲ့တာ မရှိဘူး”လို့ စစ်ကောင်စီတပ် သတင်းမှားဖြန့် ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံ၊မြန်မာ့အလင်းသတင်းစာအပါအဝင် စစ်တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့…