ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ဒေသခံတွေကို VPN စစ်ဆေးပြီး ငွေညှစ်နေ
မကွေး၊ ဇွန် ၁၉ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက လမ်းသွားလမ်းလာတွေကို နေ့စဉ် VPN စစ်ဆေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဇွန် ၁၅ ရက်ကစလို့ နေ့စဉ် ရှောင်တခင်စစ်ဆေးနေတာဖြစ်ပြီးတော့ VPN ပါလာတဲ့ ဖုန်းတွေအတွက် ဒဏ်ကြေးကောက်ခံတာမျိုးတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။ “VPN က သူတို့ အတွက်စားပေါက်ဖွင့်ပေးသလိုဖြစ်သွားတာပေါ့။ ဖမ်းဆီးခံရတာမျိုးတော့မကြားသေးပေမယ့် ငွေတော့ညှစ်တယ်။ သုံးလေးသောင်း…