June 14, 2024

စစ်အာဏာသိမ်း (၁၂၃၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၁၅ AAPP ရဲ့ ဇွန် ၁၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၃၀) ရက်အတွင်း ပြည်သူ (၅၂၈၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၆၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၆၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးဂိတ်တွေမှာ အရင်ကထက် ငွေအတောင်းကြမ်းလာ

မော်လမြိုင် ၊ ဇွန် ၁၅ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ အရင်ကထက် ငွေအတောင်းကြမ်းလာပြီး ကုန်ကားတစ်စီးလျှင် ကျပ်သိန်း ၃၀ ထက်မနည်း ပေးဆောင်နေရတယ်လို့ ကုန်တင်ကားမောင်းသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ်မြို့တို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်စစ်ရေးအခြေအနေတွေကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့…

တိုက်တိုင်ရှုံး စစ်ကောင်စီတပ် ဗိုလ်လောင်းတွေ စတင်ခေါ်ယူ

နေပြည်တော် ၊ ဇွန် ၁၅ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တပ်အင်အားပြုန်းတီးမှု အကြီးအကျယ် ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ဇွန် ၁၄ ရက်နေ့ကစပြီး ဝါဒဖြန့်သတင်းစာတွေကနေတဆင့် ဗိုလ်လောင်းတွေကို စတင်ခေါ်ယူနေတာပါ။ ဒီနှစ်ရဲ့ ဗိုလ်လောင်းသင်တန်းအတွက် ဗိုလ်လောင်းတွေ ခေါ်ယူရာမှာ ထူးခြားမှုအနေနဲ့ အရင်က အကြီးဆုံး အသက် ၁၈ နှစ်ခွဲအထက်မကြီးဘူးလို့ သတ်မှတ်ထားပေမယ့် ဒီနှစ်မှာတော့ အသက်…

တနင်္သာရီတိုင်းမှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးအထိရှိလာ

တနင်္သာရီ၊ ဇွန် ၁၅ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးအထိ ရှိလာတယ်လို့ ဒေသအခြေစိုက်သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Taninthayi ထံက သိရပါတယ်။ ဇွန် ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ FE5 Taninthayi ရဲ့ အစီရင်ခံစာအရ မေလအတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ကျော်…

လောင်းလုံးမှာ ပျူစောထီးခေါင်းဆောင်နေအိမ် PDF ဝင်စီး

လောင်းလုံး၊ ဇွန် ၁၄ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင် နေအိမ် ဝင်ရောက်စီးနင်းမှုမှာ ကားတစ်စီးနဲ့ သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့သလို နှစ်ဖက်တိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က ကျောက်နီမော်ကျေးရွာမှာ ကင်းလှည့်သွားလာနေတဲ့ ပျူစောထီးအဖွဲ့အား…

ကိုယ်ဝန်ဖျက်ချဆေး အသုံးပြုခွင့် တားမြစ်မှု အမေရိကန် တရားရုံးချုပ် ပယ်ချ

ဝါရှင်တန်၊ ဇွန် ၁၄ ကိုယ်ဝန်ဖျက်ချဆေး အသုံးပြုခွင့်ကို တားမြစ်ပေးရေးအတွက် ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်တဲ့ အဖွဲ့တွေနဲ့ ဆရာဝန်တွေရဲ့ ကြိုးပမ်းမှုကို အမေရိကန်နိုင်ငံရဲ့ တရားရုံးချုပ်က ပယ်ချလိုက်တာကြောင့် သမ္မတဘိုင်ဒန် အစိုးရအတွက် အောင်ပွဲရရှိခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ဝန်ဖျက်ချခွင့်အပေါ် အသိအမှတ်ပြုမှုကို အဆုံးသတ်လိုက်ပြီး နှစ်နှစ်အကြာမှာ ထွက်ပေါ်လာတဲ့ အဲဒီဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၉ မဲ ၊ ကန့်ကွက်မဲမရှိနဲ့ ရွေးချယ်…

ရုရှားရဲ့ပိုင်ဆိုင်မှုတွေထဲက ယူကရိန်းအတွက် ဒေါ်လာ ဘီလီယံ ၅၀ ချေးပေးဖို့ ဂျီ-၇ သဘောတူ

ဖာဆာနို၊ ဇွန် ၁၄ ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားတပ်တွေကို ပြန်လည်တိုက်ထုတ်ရေး သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေထဲက ကန်ဒေါ်လာ ဘီလီယံ ၅၀ ကို ယူကရိန်းအတွက် ထုတ်ချေးရေး ဂျီ-၇ အဖွဲ့က သဘောတူညီလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ မိမိတို့ နောက်ဆုတ်မသွားဘူးဆိုတာ ရုရှားကို နောက်ထပ်တစ်ကြိမ် ပြသလိုက်တာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားပေမယ့် မော်စကိုအစိုးရကတော့က အရမ်းနာကျင်ရမယ့်…

ပေါင်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ပေါင်၊ ဇွန် ၁၄ မွန်ပြည်နယ် ပေါင်မြို့နယ် ထန်းပင်ချောင်လေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်းဟာ ဒီနေ့ ဇွန် ၁၄ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အသက် ၆၅ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ဝင်း နေအိမ်မှာ ရှိနေစဉ် အမည်မသိ သေနတ်သမားနှစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီးနောက်…