May 17, 2024

စစ်အာဏာသိမ်း (၁၂၀၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၀၉၈) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၈ AAPP ရဲ့ မေ ၁၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၂) ရက်အတွင်း ပြည်သူ (၅၀၉၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၉၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၂၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မော်လမြိုင် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ဌားရမ်းမှုသွက်နေ

မော်လမြိုင် ၊ မေ ၁၈ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က မြို့နယ်တစ်ချို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မော်လမြိုင်မြို့က အိမ်ခြံမြေဈေးကွက်ဟာ အရောင်းအဝယ်နဲ့ ဌားရမ်းမှုသွက်နေတယ်လို့ အိမ်ခြံမြေအကျိုး ဆောင်တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းနဲ့ ဧပြီလအတွင်း မွန်နဲ့ကရင်နယ်စပ် ဂျိုင်းမြစ်ဝှမ်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့ဘက်က တိုက်ပွဲအတွင်း ဒေသခံပြည်သူတွေ သိန်းချီ နေရပ်စွန့်ခွာခဲ့ကြရတာပါ။…

ကျုံအိတ်တံတားမှာ မော်တော်ယာဉ်အားလုံး စတင်ဖြတ်သန်းခွင့်ပြု

ဘီးလင်း ၊ မေ ၁၈ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာက ပြိုကျပျက်စီးသွားတဲ့ ကျုံအိတ်တံတားဘေးမှာ မြေနီလမ်းဖောက်လုပ်မှု ပြီးစီးသွားတဲ့အတွက် မေ ၁၇ ရက်နေ့ကစပြီး မော်တော်ယာဉ်အားလုံး စတင်ဖြတ်သန်းခွင့်ပြုလိုက်ပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်မှာတည်ရှိတဲ့ ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ပြိုကျပျက်စီးခဲ့တဲ့အတွက်…

ရေးမှာ NLD ပါတီအမာခံတစ်ဦး အင်အားသုံး ဖမ်းဆီးခံရ

ရေး၊ မေ ၁၈ မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အမာခံတစ်ဦးကို မေ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အားသုံးဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၅၀ ကျော်အရွယ် NLD ပါတီ အမာခံ ဦးတင်စိန်ကို စစ်ကား ၆ စီး၊ အင်အား…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရပြီး ၁၃ ဦး အသတ်ခံရ

တနင်္သာရီ၊ မေ ၁၈ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၁၃ ဦး သေ ဆုံးခဲ့ပြီး ၁၁၃ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ FE5 Tanintharyi ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းမှုကြောင့် အသတ်ခံရမှုတွေ ပြန်ဖြစ်လာသလို စစ်ကောင်စီတပ်နဲ့…

သရက်ချောင်းမှာ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကလေးတစ်ဦး သေဆုံး၊ မိခင်ဖြစ်သူ ဒဏ်ရာရ

သရက်ချောင်း၊ မေလ ၁၇ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မနေ့ မေ ၁၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးဟာ ဂုံညှင်းဆိပ်၊ ကနက်သီရိ၊ ကတွဲနဲ့ဆီတောကျေးရွာတို့ကို လေယာဉ်နဲ့ ဗုံး ၁၀ လုံးနီးပါး…

ဖာပွန်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ KNU ထုတ်ပြန်

ဖာပွန်၊ မေ ၁၇ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။ မေ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ KNLA တပ်မဟာ ၅…

ဗြိတိန်သံတမန် တစ်ပတ်အတွင်း နိုင်ငံတွင်းက ထွက်သွားဖို့ ရုရှား အမိန့်ပေး

မော်စကို၊ မေ ၁၇ လျှို့ဝှက်ထောက်လှမ်းမှုနဲ့ပတ်သက်လို့ သံတမန်ရေး အငြင်းပွားမှု အရှိန်မြင့်တက်လာနေချိန်မှာ ဗြိတိန်သံတမန် တစ်ယောက်ကို ရုရှားကနေ ထွက်သွားဖို့ အချိန်တစ်ပတ်ပေးထားပါတယ်။ ဗြိတိန်ရဲ့ အခင်အမင်ပျက်စေတဲ့ ရုရှားဆန့်ကျင်ရေး လုပ်ရပ်တွေကြောင့် သံတမန်ဗိုလ်ကြီး အက်ဒရီယန် ကော့ဟဲလ်ကို ဖယ်ရှားရတာဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေးအရာရှိဖြစ်ကြောင်း အသိမပေးဘဲ ရှိနေတဲ့ ရုရှားကာကွယ်ရေးဝန်ထမ်း တစ်ယောက်ကို…

ဂန့်ဂေါက ကျေးရွာနှစ်ရွာကို စစ်တပ်နဲ့ပျူစောထီးပူးပေါင်းအဖွဲ့ မီးရှို့ဖျက်ဆီး၊ နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီး

ဂန့်ဂေါ၊ မေ ၁၇ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ နှစ်ရွာကို စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းအဖွဲ့တွေ မီးရှို့ဖျက်ဆီးသွားတာကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြောက်ခင်ရန်းကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းအဖွဲ့ဟာ မေ ၁၆ ရက်နေ့က ရွှေဘိုရွာနဲ့ ရေသာရွာတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးပြီးနောက် အဲဒီကျေးရွာတွေကနေ စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားချိန်မှာ…

မြန်မာနိုင်ငံသားတွေကို ကျောင်းသားဗီဇာထုတ်ပေးမှု ကန့်သတ်တာ မရှိဘူးလို့ ထိုင်း ငြင်းဆို

ဘန်ကောက်၊ မေ ၁၇ ထိုင်းနိုင်ငံမှာ ကျောင်းသားဗီဇာ လျှောက်ထားလိုသူတွေအနေနဲ့ နိုင်ငံပြင်ပကနေသာ လျှောက်ထားရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းသားဗီဇာ ထုတ်ပေးမှုမရှိဘူးဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် မြန်မာနိုင်ငံသားတွေအတွက် ပညာရေးဆိုင်ရာ ဗီဇာထုတ်ပေးမှုနဲ့ ပတ်သက်လို့ ကန့်သတ်တားမြစ်ထားတာ မရှိဘူးလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မေ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ထိုင်းမှာ ပညာရေးဆိုင်ရာ ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ် အပြောင်းအလဲရှိတယ်ဆိုတဲ့…