May 6, 2024

စစ်အာဏာသိမ်း (၁၁၉၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၆၇) ဦးအထိရှိလာ

မော်လမြိုင်၊ မေ ၇ AAPP ရဲ့ မေ ၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၉၁) ရက်အတွင်း ပြည်သူ (၄၉၆၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၂၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၁၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်မှာ ရေရှားပါးမှုနဲ့လျှပ်စစ်မီး ပြတ်တောက်မှု ပိုမိုဆိုးရွားလာ

မော်လမြိုင် ၊ မေ ၇ မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ရေရှားပါးမှုနဲ့အတူ လျှပ်စစ်မီး ပိုမိုဆိုးရွာစွာ ပြတ်တောက်လာတဲ့အတွက် လူမှုဒုက္ခအခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အယ်လ်နီညိုရာသီဥတုကြောင့် ပြည်နယ်အတွင်းက မြို့နယ်တွေဖြစ်တဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရောနဲ့ ဘီးလင်းမြို့နယ်တို့မှာ အပူရှိန်ကြောင့် ရေတွင်း၊ ရေကန်တွေ ခန်းခြောက်ပြီးနောက် ရေရှားပါးမှုပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။…

ရေးမှာ စစ်ကောင်စီကားသုံးစီး မီးရှို့ဖျက်ဆီးခံရလို့ ဒေသခံတွေထံ လျော်ကြေးတောင်းခံ

ရေး၊ မေ ၇ မွန်ပြည်နယ် ရေးမြို့နယ် ကော့ဒွတ်ကျေးရွာအုပ်စု ကူးတို့ဆိပ်ထံ စစ်ကူလာတဲ့ စစ်ကောင်စီကားသုံးစီး မီးရှို့ ဖျက်ဆီးခံရတဲ့အတွက် စစ်ကောင်စီတပ်က ဒေသခံတွေဆီကနေ ငွေကျပ်သိန်း ၂၀၀ လျော် ကြေးတောင်းခံထားတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ မေ ၃ ရက်နေ့က ကုလားဂုတ်ကျွန်းတိုက်ပွဲအတွက် လမိုင်းမြို့ကနေ အိမ်စီးကားသုံးစီးနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကားတွေကို ကော့ဒွတ်ကျေးရွာ…

KNU ဖာပွန်ခရိုင်က စစ်ကောင်စီတပ်စခန်း ၅ ခု ထပ်မံစွန့်ခွာထွက်ပြေး

ဖာပွန်၊ မေ ၇ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ လာရောက်အခြေချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခု ထပ်မံစွန့်ခွာထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ ၅ က မေ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီတပ်စခန်းတွေဟာ ဖာပွန်ခရိုင်အတွင်းက သူးမွဲထာ၊ ကောကော်ထာ၊ ညာတဃိုကျိုး၊ ဟော်မုဒဲနဲ့ မယ်ဝေ…

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးအင်အား သုံးပုံနှစ်ပုံနီးပါး ပြုန်းတီးသွားပြီလို့ NUG ပြော

ရန်ကုန် ၊ မေ ၇ စစ်ကောင်စီတပ်ရဲ့ အမာခံ တိုက်ခိုက်ရေးအင်အား သုံးပုံနှစ်ပုံနီးပါး ယိုယွင်းပြုန်းတီးခဲ့ပြီဖြစ်တဲ့အတွက် စစ်အခြေအနေဖန်တီးနိုင်မှုဟာ တော်လှန်ရေးအင်အားစုတွေရဲ့ လက်သို့ အပြည့်အဝ ရောက်ရှိခဲ့ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးကြောင့် အခုအခါမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ ၁၀ ခု ၊ စကခ ၂၀ နဲ့ ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးအင်အားပြုန်းတီးခဲ့မှုအပေါ်…

မလေးရှားဘုရင်ရဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် စင်ကာပူသို့ သွားရောက်

ကွာလာလမ်ပူ၊ မေ ၇ သမ္မတသာမန်ရှန်မူဂါရက်နန်ရဲ့ ဖိတ်ကြားချက်အရ မလေးရှားဘုရင်ဟာ မေ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ စင်ကာပူသို့ လာရောက်မယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ မလေးရှားဘုရင်အဖြစ် တင်မြှောက်ခံရပြီးနောက်ပိုင်း ဆူလ်တန်ဧဗရာဟင်ဆူလ်တန်အစ္စကန်ဒါရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။ သူဟာ ၂၀၂၂ က ဂျိုဟိုးဒေသအကြီးအကဲအဖြစ် စင်ကာပူသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့…

နေတိုးအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တာလို့ ရုရှားစွပ်စွဲ

မော်စကို ၊ မေ ၆ ရုရှားနယ်စပ်အနီးမှာ နေတိုးအဖွဲ့ရဲ့ လေးလကြာ စစ်ရေးလေ့ကျင့်မှုတွေက ရုရှားနဲ့ဖြစ်လာနိုင်တဲ့ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ကြောင်း သက်သေပြနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ရုရှားဟာ မိမိတို့အဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ နေတိုးအဖွဲ့ရဲ့ ပြောဆိုချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ မာရီယာဇက်ဟာရိုဗာက ပယ်ချပြီး ဒါက နေတိုးအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အများအာရုံမစိုက်အောင်…

ဘီးလင်း-ဖာပွန်ကားလမ်းပေါ်က တံတားတစ်စင်း မိုင်းခွဲခံရလို့ ပြိုကျပျက်စီး

ဘီးလင်း၊ မေ ၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအုပ်စု ပျဉ်သာကျေးရွာ ဘီးလင်း-ဖာပွန်ကားလမ်းပေါ်က တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီနေ့ မေ ၆ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ ဘီးလင်း -ဖာပွန်ကားလမ်းပေါ်က မိုင်တိုင်အမှတ် ၁၆/၂ နဲ့ ၁၆/၃ ကြားမှာရှိတဲ့ ကညင်ပင်ကွင်းတံတားကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက…

စလင်း PDF ရဲဘော်တွေ ဆက်ကြေးကောက်နေတယ်လို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့”စလင်း PDF တပ်သားတွေက ဆက်ကြေးကောက်ယူနေတယ်”လို့ စစ်တပ်လော်ဘီတွေက ဖြန့်ချိနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို ဟန်ငြိမ်းဦး၊ အောင်မင်း၊မှိုင်းဝေစတဲ့ စစ်တပ်လော်ဘီအကောင့်တွေမှတဆင့် မေ ၅ ရက်နေ့မှာ…

နိုင်ငံအဆင့် အောင်ဇေယျစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ဒါဇင်နဲ့ချီ ထပ်မံသေဆုံး

ကော့ကရိတ်၊ မေ ၆ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဒေါနတောင်ကို ထိုးစစ်ဆင်လာတဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးမှာ ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး ၂၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက မေ ၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီက နိုင်ငံတော်အဆင့်ဖြစ်တဲ့ အောင်ဇေယျစစ်ဆင်ရေးတစ်ရပ်ကို ပြီးခဲ့တဲ့ ဧပြီ ၁၁…