April 23, 2024

မွန်ပြည်သစ်ပါတီ AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ ပူးပေါင်းဖို့ သဘောတူ

မော်လမြိုင် ၊ ဧပြီ ၂၂ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့ နိုင်ငံရေး၊စစ်ရေးနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ပူးတွဲကြေညာလာပါတယ်။ အဲဒီနှစ်ဖွဲ့ဟာ ဧပြီ ၂၂ ရက်နေ့မှာ ပထမအကြိမ် တွေ့ဆုံခဲ့ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ဘက်က ကောင်စီဝင် ၉ နဲ့…

ထရမ့်ရဲ့ နှုတ်ပိတ်ခ ငွေပေးမှုဟာ ရွေးကောက်ပွဲလိမ်လည်မှုလို့ အစိုးရရှေ့နေတွေ စွပ်စွဲ

ဝါရှင်တန်၊ဧပြီ ၂၄ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ နှုတ်ပိတ်ခငွေပေးတဲ့ အမှုကိုစစ်ဆေးရာမှာ အစိုးရရှေ့နေတွေက ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင် ရာဇဝတ်မှုဆိုင်ရာ လျှို့ဝှက်ကြံစည်မှု တစ်ခုပြုလုပ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတစ်ခုကို ဖုံးဖိဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲလိုက် ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၂၂ ရက်နေ့က နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အမှုစစ်ဆေးကြားနာချိန်အတွင်း မှာ ရှေ့နေတစ်ဦးက ရွေးကောက်ပွဲလိမ်လည်မှု စစ်စစ်ဖြစ်ပါတယ်လို့ ဂျူရီလူကြီးတွေကို ပြောခဲ့တာပါ။…

ခိုလှုံခွင့်တောင်းခံသူတွေကို ရဝမ်ဒါသို့ ပို့ဆောင်မယ့် ဥပဒေကြမ်း ဗြိတိန်အတည်ပြု

လန်ဒန်၊ဧပြီ ၂၄ ဗြိတိန်မှာ ခိုလှုံခွင့်တောင်းခံသူတွေကို ရဝမ်ဒါသို့ ပို့ဆောင်မယ့် ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုလိုက်ပြီးနောက် အစိုးရအစီအစဉ်တွေရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် ဆွန်နက်ရဲ့ ရဝမ်ဒါဥပဒေကြမ်းကို လွှတ်တော်မှာ ၅ လကြာဆွေးနွေးပြီးနောက် တရားဝင်ဥပဒေအဖြစ် အသက်ဝင်လာတော့မှာပါ။ ဒီဥပဒေကြမ်းကို အတိုက်အခံတွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပေမယ့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီးနောက် အတိုက်အခံအမတ်တွေက ဧပြီ ၂၂ ရက်နေ့မှာ…

စစ်အာဏာသိမ်း (၁၁၇၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၂၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၂၄ AAPP ရဲ့ ဧပြီ ၂၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၇၈) ရက်အတွင်း ပြည်သူ (၄၉၂၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၅၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၀၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ဒေသတွင်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာနိုင်ခြေရှိလား

ရေး ၊ ဧပြီ ၂၄ နိုင်ငံအနှံ့ထိုးစစ်ကြောင့် စစ်ကောင်စီတပ်ဟာ စိတ်ဓာတ်နဲ့အင်အား ယိုင်နဲ့လာနေပေမယ့် မွန်ဒေသမှာတော့ စစ်အုပ်ချုပ်ရေးယန္တားကို ဖြိုချမယ့် မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲလာနိုင်မလားဆိုတဲ့ မေးခွန်းတွေ ရှိနေတာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ဒေသမှာ မြို့နယ်တိုင်းလိုလို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာပေမယ့် ရှမ်းမြောက်အပါအဝင် စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်း၊ ကရင်၊ ရခိုင်၊ ကရင်နီဒေသတို့နဲ့ယှဉ်ရင် စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမား…

ကျိုက်မရောထောင်မှာ သောက်သုံးရေ မလုံလောက်လို့ အစုံလိုက်အပြုံလိုက် ရောဂါဖြစ်ပွားနေ

မော်လမြိုင် ၊ ဧပြီ ၂၄ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ သောက်သုံးရေ လုံလောက်အောင်မပေးတာကြောင့် အကျဉ်းသူအကျဉ်းသားတွေမှာ အစုအလိုက်အပြုံအလိုက် ရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အပူချိန်ပြင်းထန်နေချိန်မှာ ထောင်အာဏာပိုင်တွေ အကြောင်းအမျိုးမျိုးပြကာ ချိုးရေအပါအဝင် သောက်သုံးရေတွေကို အပြည့်အဝမပေးတော့ဘဲ ရေတွေကို လျော့ချပေးနေတယ်လို့ သိရပါတယ်။ အခုလို သောက်သုံးရေတွေကို လျော့ချပေးနေတာ၊ ပေးနေတဲ့ ရေတွေကလည်း…

ဂျိုင်းမြစ်ဒေသမှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ကျိူက်မရော၊ ဧပြီ ၂၄ မွန်နဲ့ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဧပြီ ၂၂ ရက်နေ့က ဂျိုင်းမြစ်ဒေသရှိ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာထဲကို သံချပ်ကာကားတွေနဲ့ အင်အားရာချီရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာရောက်တဲ့အတွက် NMSP AD ပူး ပေါင်းတပ်တို့ကြား…

ထားဝယ်မှာ ရိက္ခာလာကောက်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၅ ဦး သေဆုံး

ထားဝယ်၊ ဧပြီ ၂၄ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ ကျောက်မဲတောင်ဗျူဟာကနေ ရိက္ခာလာကောက်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်သေ ဆုံးခဲ့တယ်လို့ တော်လှန် ရေးအင်အားစုတပ်ဖွဲ့တွေထံက သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေ ဝိုင်းရံပိတ်ဆို့ထားတဲ့ ကျောက်မဲတောင်ဗျူဟာအနီးပတ်ဝန်းကျင်ကို ဧပြီ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့ လက်နက်ခဲယမ်းနဲ့…

ပအိုဝ်းဒေသမှာ သုံးလအတွင်းအရပ်သား ၇၀ နီးပါးသေဆုံး

ဆီဆိုင်၊ဧပြီ ၂၃ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ် လေးခုမှာ သုံးလအတွင်းအရပ်သား ၆၆ ဦးသေဆုံးပြီး ၈၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဧပြီလ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ဆီဆိုင်၊ပင်လောင်း၊ညောင်ရွှေနဲ့ ဟိုပုံးမြို့နယ်တွေမှာ မြို့နယ်တွေ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုထားပါတယ်။ တိုက်ပွဲကာလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၄…

မြဝတီနဲ့ သင်္ဃန်းညီနောင်က အရပ်သားအိမ်တွေကို တော်လှန်ရေးတပ်တွေဖောက်ထွင်းနေတယ် လို့ စစ်တပ်သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ကရင်ပြည်နယ်၊ မြဝတီနဲ့ သင်္ဃန်းညီနောင်မြို့တွေက ပြည်သူပိုင်နေအိမ်တွေကို တော်လှန်ရေး တပ်တွေ ဖောက်ထွင်းနေတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်နေတာကို စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို ဟန်ငြိမ်းဦး၊မှိုင်းဝေနဲ့ စောဘမောင် စတဲ့ စစ်တပ်လော်ဘီအကောင့်တုတွေနဲ့ စစ်တပ်ပုံတင်ထားတဲ့…