စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၀၀ ကျော်ကျူးလွန်

0
39

မော်လမြိုင် – မတ် ၉ 

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမှာလူ ၅ ဦးထက်မနည်းသေဆုံးခဲ့တဲ့ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၂၁၀ ခုကိုကျူးလွန်ခဲ့ပြီး ပြည်သူ ၂၀၇၉ ဦးသေဆုံးခဲ့တယ် လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ 

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ဟာ နိုင်ငံရေးနဲ့ လူမှုဖြစ်စဉ်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့် လေ့လာနေတဲ့ အရပ်ဘက်သုတေသနအဖွဲ့အစည်းဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၁၀ မှုဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလက နေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် သေဆုံးရသူတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကိုင်း အတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူ ၁၀၅၄ ဦးသေဆုံးခဲ့ရပါတယ်။ 

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း နိုင်ငံတဝန်းမှာ အစုလိုက်အပြုံလိုက်သတ်ြတ်မှုပေါင်း ၃၇ ခုကို ကျူးလွန်ခဲ့ ပြီး အရပ်သားပြည်သူ ၂၈၃ ဦးသေဆုံးခဲ့ပါသေးတယ်။ 

စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ (စက်တင်ဘာ ၂၀၂၃ – ဒီဇင်ဘာ ၂၀၂၃)

မြန်မာဘာသာဖြင့် – https://bit.ly/48KuQ64 အင်္ဂလိပ်ဘာသာဖြင့် – https://bit.ly/3IybKW0 ဖြတ်ရှုနိုင်ပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NLTA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.