ထားဝယ် ကျောက်ထုစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံး၊ ၇ ဦး အရှင်ဖမ်းမိ

0
62

ထားဝယ်၊ ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ ဘန်ချောင်းဒေသအခြေစိုက် ကျောက်ထုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိရမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တပ်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်တဲ့ ကျောက်ထုစ ခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၃ ရက်နေ့ နေ့လည် ၃ နာရီခွဲအချိန်ခန့်မှာ အင် အားအလုံးအရင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန့်မှာ စခန်းတစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာပါ။

ဒီစခန်းသိမ်းတိုက်ပွဲဟာ အာဏာသိမ်းကာလအတွင်း တန င်္သာရီတိုင်းထဲမှာ ပထမဆုံးစခန်းသိမ်းပိုက်နိုင်မှုလည်း ဖြစ်သလို နောက်ထပ် မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်သွားမယ်လို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) က အသိပေးထားပါတယ်။

စခန်းသိမ်းပိုက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရှိခဲ့သလို တပ်ဖွဲ့ဝင် ၇ ဦး အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ကြီး၊လက်နက်ငယ် ၁၈ လက်အပါအဝင် ခဲယမ်းအမြောက်အများလည်း သိမ်း ဆည်းရမိခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA တပ်မဟာ ၄ (တပ်ရင်း ၁၂)၊ KNLA တပ်မဟာ ၆ (တပ်ရင်း ၂၇) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်တွေဖြစ်တဲ့ ထားဝယ်ခရိုင် T1 စစ်ကြောင်း၊ T5 စစ်ကြောင်း၊ ဒေါင်းမင်းစစ်ကြောင်း (ပကဖ) ပူးပေါင်းတပ်တွေ ပါဝင်တိုက်ခိုက်ခဲ့တာပါ။

ကျောက်ထုစခန်းဟာ စစ်ကောင်စီရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ်(၂၇၃) ခြေမြန်တပ်ရင်းကနေ ၁၉၉၈ ခုနှစ်ကတည်းက ခြေကုတ်ယူတပ်စွဲနေထိုင်နေတဲ့ ရှေ့တန်းစခန်းတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNLA / PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.