သမ္မတရာထူးရှိချိန်မှာ တရုတ်နဲ့ဆော်ဒီဆီက ငွေကြေးလက်ခံရရှိခဲ့တယ်လို့ ထရန့် ပြော

0
48

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က သူသမ္မတတာဝန်ထမ်းဆောင်ချိန်မှာ နိုင်ငံခြားအစိုး ရတွေဆီက ငွေကြေးလက်ခံခဲ့တာဟာ နိုင်ငံခြားအစိုးရအဖွဲ့တွေအတွက် ဝန်ဆောင်မှုပေးခဲ့တာ ကြောင့် ငွေအနည်းငယ် ရရှိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ထရန့်ရဲ့စီးပွားရေးလုပ်ငန်းတွေဟာ သူအမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေချိန် အတွင်း တရုတ်နဲ့ ဆော်ဒီအာရေးဗီးယားတို့ဆီက ဒေါ်လာ ၇ ဒသမ ၈ သန်းထက်မနည်း လက်ခံရရှိခဲ့တယ်လို့ လွှတ်တော်ကြီးကြပ်ရေးကော်မတီရဲ့ အစီရင်ခံစာမှာဖော်ပြထားတာပါ။

သူပိုင်တဲ့ ဟိုတယ်တွေ၊ကလပ်တွေမှာ တည်းခိုခဲ့တဲ့အတွက် နိုင်ငံခြားအစိုးရအဖွဲ့တွေက ငွေပေးချေခဲ့ကြတာဖြစ်တယ်လို့ ဆိုထားပြီး အဲဒီငွေပမာဏဟာ အနည်းငယ်သာဖြစ်တယ်လို့ ထရန့်က ပြောခဲ့ပါတယ်။

တရုတ်၊ဆော်ဒီ၊ကွန်ဂို၊မလေးရှားနဲ့ ကိုဆိုဗိုအစိုးရအဖွဲ့ဝင်တွေဟာ ထရန့်ပိုင်ဆိုင်တဲ့ ဝါရှင်ဆန်၊ လာ့စ်ဗီးဂတ်စ်နဲ့နယူးယောက်မှာရှိတဲ့ ဇိမ်ခံဟိုတယ်တွေမှာ နေထိုင်ခဲ့ကြတာဖြစ်ပြီး ထရန့်ရဲ့ လုပ်ငန်းတွေဟာ နိုင်ငံပေါင်း ၂၀ ထက်မနည်းဆီက ငွေတွေရရှိခဲ့တာလို့ ကော်မတီရဲ့ အစီရင်ခံစာ မှာဖော်ပြထားပါတယ်။ 

ဒါပေမယ့် ထရန့်က သူ့အနေနဲ့ဘာမှမလုပ်ဘဲ ဒေါ်လာ ၈သန်းလောက်ရမှာမဟုတ်ဘူးလို့ငြင်းထား ပေမယ့် နိုင်ငံခြားအစိုးရအဖွဲ့တွေဆီက ငွေကြေးလက်ခံတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ လွှတ်တော်အမတ်တွေက စွပ်စွဲထားပါတယ်။

အဲဒီလိုနိုင်ငံခြားက ငွေပေးချေမှုတွေကို လက်ခံမယ်ဆိုပါက လွှတ်တော်ရဲ့ ခွင့်ပြုချက်ရယူရမှာ ဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ထားပေမယ့် ထရန့်ဟာ တခါမှလွှတ်တော်ရဲ့ သဘောတူညီမှုရရှိဖို့ လုပ်ဆောင်တာမရှိဘူးလို့လည်း လွှတ်တော်အမတ်တွေက ဆိုထားပါတယ်။

Ref:CNBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.