ကျိုက်မရောမှာ ကျေးရွာ ၂၀ ထက်မနည်း အင်တာနက်လိုင်း ပြတ်တောက်နေ
ကျိုက်မရော၊ နိုဝင်ဘာ ၂၂ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ကျေးရွာ ၂၀ ထက်မနည်း အင်တာနက်လိုင်းတွေ ပြတ်တောက်နေသလို တချို့ကျေးရွာမှာ ဖုန်းလိုင်းတွေပါ ပြတ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ…
