2023

ရခိုင်မှာ စစ်ဆင်ရေး ၁၀ ရက်အတွင်း စစ်ကောင်စီရဲ့ စခန်းပေါင်း ၄၀ ကျော်သိမ်းပိုက်ခံရ

ရခိုင်၊ နို၀င်ဘာ ၂၂ ရခိုင်ပြည်နယ်မှာ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ ၁၀ ရက်အတွင်း စစ်ကောင်စီ စခန်း ၄ ခုနဲ့ အခြားစွန့်လွှတ်လိုက်တဲ့ စခန်းပေါင်း ၄၀ ကျော်ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားတယ်လို့ နို၀င်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ဆင်ရေးစတင်ခဲ့တဲ့ နို၀င်ဘာ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာ ရသေ့တောင်မြို့နယ်၊…

လွိုင်ကော်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရ

လွိုင်ကော် – နိုဝင်ဘာ ၂၂ ကယားပြည်နယ်၊လွိုင်ကော်မြို့ကို မြေပြင်စစ်ပွဲတွေမှာ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်လိုက်တယ်လို့ ဒေသတွင်း သတင်းအချက် အလက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က အက်တမ်၊မိုင်တဲနဲ့ အော်ရီဒူး ဖုန်းလိုင်းတွေစတင်ပြတ်တောက်သွားပြီးနောက် ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ MPT လိုင်းတွေပါဖြတ်တောက် ခံလိုက်ရတာပါ။…

ဘဏ်တွေကနေ ကျပ်သိန်း ၁၀၀၀ အထက် ငွေထုတ်သူတွေကို စောင့်ကြည့်မယ်လို့ ဗဟိုဘဏ်ပြော

ရန်ကုန်၊ နို၀င်ဘာ ၂၂ ပြည်တွင်းဘဏ်တွေကနေ ငွေသားကျပ်သိန်း ၁၀၀၀ နဲ့အထက် ထုတ်ယူသူတွေ အားလုံးကို အနီးကပ် စောင့်ကြည့်ပြီး မသမာမှုမှာ ပါဝင်တယ်ဆိုရင် ချက်ချင်း အ ရေးယူသွားမယ်လို့ ဗဟိုဘဏ်က နို၀င်ဘာ ၂၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဘဏ်တွေက‌ ငွေသားအမောင့်များများ ထုတ်သူတွေကို ဗဟိုဘဏ်၊ စသုံးလုံးနဲ့ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့ (FIU)…

စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေနဲ့ ဆက်သွယ်မေးမြန်းချက်

“တော်လှန်နေတာချင်းအတူတူ၊ အသက်ပေးနေရတာချင်းအတူတူ တိုင်းဆိုတဲ့ဖက်ဒရယ်ယူနစ်တွေက ပြည်နယ် ဖက်ဒရယ်ယူနစ်တွေကဲ့သို့ နိုင်ငံရေးတန်းတူ၊ နိုင်ငံရေးအဆင့်အ တန်း မရှိဘူးလားဆိုတဲ့ မေးစရာတစ်ခုလည်း ဖြစ်လာပါတယ်” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ဗဟိုအလုပ်ကော်မတီကနေ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့ကနေ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အင်္ဂါရပ်တွေနဲ့အညီ တိုင်းလွှတ်တော်ခေါ်ယူကျင်းပခဲ့တယ်လို့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါ တယ်။ အဲဒီလွှတ်တော်အတွင်း ဥက္ကဋ္ဌ၊…

ကျိုက်ထိုမှာ လက်နက်ကြီးရန်ကြောင့် ဒေသခံ ၃၀၀၀ ကျော် တိမ်းရှောင်နေရ

ကျိုက်ထို၊ နိုဝင်ဘာ ၂၂ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ်ကနေ နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် ကျေးရွာ ၇ ရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်က နိုဝင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်နဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ…

စစ်အာဏာသိမ်း (၁၀၂၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၉၅) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ(၂၂) AAPP ရဲ့ နိုဝင်ဘာ(၂၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၂၄) ရက်အတွင်း ပြည်သူ (၄၁၉၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၂၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

လူထုမထောက်ခံမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ ကျဆုံးမှုများပြားလာ

ကိုးကန့်၊ နိုဝင်ဘာ ၂၂ အာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင်အားစုတွေကို နိုင်ငံအနှံ့နီးပါး ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု တဆထက်တဆမြင့်တက်လာတယ်လို့ စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေပြည်တော်နဲ့ မြို့ကြီးပြကြီးတွေကလွဲရင် ကျန်တဲ့ဒေသတွေမှာ မြေပြင်ထိတွေ့တိုက်ပွဲတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတာပါ။ စစ်ကောင်စီတပ်နဲ့…

ရဲပြေးများလာလို့ စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ် စည်းရုံးရေးဆင်းနေရ

မော်လမြိုင်၊ နိုဝင်ဘာ ၂၂ နိုင်ငံအနှံ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီရဲတပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှု များပြားလာပြီးနောက် မွန်ပြည်နယ်အတွင်းမှာ ရဲပြေးတွေများလာတဲ့အတွက် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကိုယ်တိုင် စည်းရုံးရေးဆင်းလာရပါတယ်။ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ မွန်ပြည်နယ်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးအောင်ကြည်သိန်းဟာ သူဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ တစ်နှစ်ကျော်ကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ပွဲလမ်းသဘင်အခမ်းအနားတွေနဲ့ ပွဲတက်နေတဲ့ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ ကျိုက်မရောမြို့နယ်ရှိ…