2023

နမ့်ဆန်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၁ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

နမ့်ဆန်၊ နို၀င်ဘာ ၂၁ တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က နို၀င်ဘာ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ နို၀င်ဘာ ၂၀ရက်၊ ည ၁၂ နာရီအချိန်ခန့်မှာ နမ့်ဆန်မြို့ စစ်ကောင်စီတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်မှုကြောင့်…

ထားဝယ်မှာ စစ်ကောင်စီတပ် အလစ်ငိုက်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုများနိုင်

ထားဝယ်၊ နိုဝင်ဘာ ၂၁ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ရှင်ဓာတ်ဝဲဘုရားနဲ့ ဖောင်တော်ဦးဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF ထံက သိရပါတယ်။ တပ်အင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာ နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF တပ်ခွဲ(၂)အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။…

စစ်အာဏာသိမ်း (၁၀၂၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၉၂) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ(၂၁) AAPP ရဲ့ နိုဝင်ဘာ(၂၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၂၃) ရက်အတွင်း ပြည်သူ (၄၁၉၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၂၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

NLD အတည်ပြုတဲ့ ကြားကာလပြင်ဆင်‌ရေး ဥပဒေမူကြမ်းအပေါ် ဒေသတွင်းအင်အားစုတွေ ကန့်ကွက်

ထားဝယ်၊ နိုဝင်ဘာ ၂၁ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ဗဟိုအလုပ်ကော်မတီကနေ တိုင်းသုံးတိုင်းရဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်‌ရေး ဥပဒေမူကြမ်းကို အတည်ပြုလိုက်တဲ့အပေါ် ဒေသတွင်းအင်အားစုတွေက ကန့်ကွက်လာကြပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့ကနေ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အင်္ဂါရပ်တွေနဲ့အညီ တိုင်းလွှတ်တော်ခေါ်ယူ ကျင်းပခဲ့တယ်လို့ NLD က ဆိုပါတယ်။…

နိုင်ငံတဝန်းတိုက်ပွဲတွေကြောင့် ကုန်ဈေနှုန်းလိုက်တက်လာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၁ နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့အတူ ထိုင်ဘတ်ငွေဈေးနှုန်း ပြန်လည်မြင့်တက်လာတဲ့အတွက် ဒေသအတွင်းမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေကအစ ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ မွန်ပြည်နယ်ရှိကုန်သည်တွေနဲ့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခြေခံစားသောက်ကုန်တွေဟာ နိုဝင်ဘာလကစပြီး ပြင်းထန်လာတဲ့ တိုက်ပွဲတွေနဲ့အတူ နယ်မြေမတည်ငြိမ်တာ၊ သယ်ယူပို့ဆောင်ဖို့ ခက်ခဲလာတာ၊ မြန်မာငွေတန်ဖိုးကျဆင်းပြီး ထိုင်းဘတ်ငွေဈေးနှုန်းမြင့်တက်လာတဲ့အတွက် ကုန်ဈေးနှုန်းတွေပါ လိုက်တက်လာခဲ့တာပါ။ ထိုင်းဘတ်ငွေဈေးဟာ နိုဝင်ဘာလအစက တစ်ဘတ်ကို မြန်မာကျပ်ငွေ…

မုဒုံမြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် မြို့တွင်းလုံခြုံရေးတင်းကျပ်၊ လမ်းတချို့ ဖြတ်သန်းသွားခွင့်ပိတ်ပင်

မုဒုံ၊ နိုဝင်ဘာ ၂၁ မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မုဒုံမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က မြို့တွင်းလုံခြုံရေးတင်းကျပ်ထားသလို လမ်းတချို့ ဖြတ်သန်းသွားခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့က မုဒုံမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ဝန်ထမ်းသက်သာလက်ဖက်ရည်ဆိုင်အတွင်း ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရဲဝန်ထမ်းမိသားစုဝင်တစ်ဦးရဲ့ အသက် ၁၅ အရွယ်သမီးဖြစ်သူ မသင်းသဇင်ဖူး ဒဏ်ရာရရှိခဲ့တာပါ။ အဲဒီဖြစ်စဉ်ပြီးနောက် ဒီနေ့…

KNU ရွှေကျင်မြို့နယ်ထဲ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၁ ဦးသေဆုံး၊ ၆၀၀ နီးပါး တိမ်းရှောင်နေရ

ရွှေကျင်၊ နိုဝင်ဘာ ၂၁ ကရင်အမျိုးသားအစည်းအရုံး KNU ရွှေကျင်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေ ရက်ဆက်ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားတစ်ဦး သေဆုံးခဲ့ရတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က KNU ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ခမရ-၃၅၁ ရဲ့ တောင်ခြေစခန်းကို…

လွိုင်ကော်မှာ စစ်ကောင်စီအုပ်ချုပ်‌ရေးယန္တရားအားလုံး ရပ်ဆိုင်း

လွိုင်ကော်၊နိုဝင်ဘာ ၂၀ ကယားပြည်နယ်၊လွိုင်ကော်မြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ကျန်းမာရေး၊ ပညာရေးနဲ့ စည်ပင်သာယာရေးအပါအဝင် ယန္တရားတွေ အားလုံး ရပ်ဆိုင်းသွားပြီလို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံတွေမြို့ကိုစွန့်ခွာသွားသလို လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီရဲ့ ဆေးရုံ၊ကျောင်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင် ဌာနဆိုင်ရာ အားလုံးရပ်တန့်သွားပြီး အဲဒီဌာနတွေက ဝန်ထမ်းတွေလည်း မြို့ကိုစွန့်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။ မြို့ကိုစွန့်ခွာသွားသူတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဆီကို စစ်ရှောင်ခဲ့ပေမယ့် စစ်ကောင်စီတပ်နဲ့…

အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုက အာဆီယံလိုဂိုနဲ့ဆောင်ပုဒ် မိတ်ဆက်

ဗီယန်ကျင်း၊ နိုဝင်ဘာ ၂၁ ၂၀၂၄ ခုနှစ်မှာ အာဆီယံဥက္ကဌဖြစ်လာမယ့် လာအိုနိုင်ငံဟာ အလှည့်ကျတာဝန်ယူမှုနဲ့ပတ်သက်တဲ့ လိုဂို၊ ဆောင်ပုဒ်၊ ဝက်ဆိုက်နဲ့ အပြင်အဆင်တွေကို လာအိုအမျိုးသားရေဒီယိုမှ ထုတ်ပြန်လိုက်ပါတယ်။ လာအိုနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဆလမ်ဆေးကွန်မာဆစ်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အေဂျင်စီတွေဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစတင်ပြီး အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ လာမယ့် အာဆီယံရဲ့‌ဆောင်ပုဒ်ကတော့…

တရုတ်ဘက်က တိုက်ခိုက်လာနိုင်တဲ့နေရာတွေမှာ ဂျပန်စစ်ရေးလေ့ကျင့်

တိုခူနိုရှီးမား၊ နိုဝင်ဘာ ၂၁ အရှေ့တရုတ်ပင်လယ်အစွန်းမှာရှိတဲ့ ကျွန်းဆွယ်ကမ်းခြေတစ်ခုပေါ်မှာ ကုန်း-ရေနှစ်သွယ် ချေမှုန်းရေးယာဉ်တွေနဲ့ ဂျပန်က စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ဘက်က တိုက်ခိုက်နိုင်ခြေရှိတဲ့ နေရာတွေကို တွန်းလှန်ဖို့ အသွင်ယူတိုက်ခိုက်မှုဖြစ်တယ်လို့ ဂျပန်စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျပန်နိုင်ငံဟာ တရုတ်၊ရုရှား၊မြောက်ကိုရီးယားနိုင်ငံတွေနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာသူတို့ပိုင်တဲ့ တိုကူနိုရှီးမားကျွန်းပေါ်မှာ နိုင်ငံလုံးဆိုင်ရာအတိုင်းအတာနဲ့ ပြုလုပ်တဲ့ ၁၁ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို 05JX လို့ အမည်ပေးထားတာပါ။ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ…