အာဖဂန်မှာ ငလျင်ကြောင့်သေဆုံးသူ နှစ်ထောင်ကျော်ရှိပေမယ့် သေဆုံးစာရင်းကို ထက်ဝက်လျော့ပြီး တာလီဘန်တွေထုတ်ပြန်

0
580
A drone view of destroyed houses after the recent earthquake in Chahak village in the Enjil district of Herat province, Afghanistan, October 11, 2023. REUTERS/Stringer/File Photo

ကာဘူးလ်၊ အောက်တိုဘာ (၁၅) 

ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၄၀၀ ကျော်ရှိပေမယ့်လည်း အာဖဂန်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဝန်ကြီး ဌာနက ၁၀၀၀ ကျော်အထိသာရှိတယ်လို့ ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း ဝန်ကြီးဌာန အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ 

နိုင်ငံရဲ့ အနောက်ပိုင်းခရိုင်ဒေသန္တရဖြစ်တဲ့ ဟာရတ်မှာ စနေနေ့နဲ့ဗုဒ္ဓဟူးနေ့တို့မှာ ငလျင်ပေါင်း များစွာ လှုပ်ခတ်မှုကို ခံခဲ့ရပါတယ်။ 

နိုင်ငံသားတွေက စစ်ပွဲဒဏ်ပါသင့်နေကြတဲ့အတွက် ရွာပေါင်းများစွာပျက်စီးခဲ့သလို ဒေသခံ အများစုကလည်း ဝေးလံခေါင်းဖြားတဲ့ဒေသတွေကို ပြောင်းရွှေ့နေထိုင်ခဲ့ကြရတာပါ။ 

“လူဦးရေတစ်ထောင်ကျော်ကျော် သေဆုံးခဲ့ပြီး လူဦးရေ ၂၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ စာရင်း သွင်းထားသလို အိမ်ပေါင်း ၁၃၂၀ ခန့်ဟာ ပျက်စီးခဲ့ရပါတယ်” လို့ တာလီဘန် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

 “မကြာ‌သေးခင်က ထုတ်ပြန်ထားတဲ့ သေဆုံးမှုတွေဟာ မှန်းဆတွက်ချက်မှုတွေသာ ဖြစ်ပါတယ်”လို့ ဝန်ကြီးဌာနတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။ 

ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ချက်ထဲမှာလည်း လူ ၁၀၀၀ ကျော်သာ သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။ ကုလလူသားချင်းစာနာထောက်ထားမှုရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ လူူဦးရေ ၁၃၀၀ လောက်သာ သေဆုံးခဲ့ တယ်လို့ ဆိုပါတယ်။ 

အာဖဂန်အနောက်ဘက် ခရိုင်ဒေသန္တရထဲမှာပဲ အောက်တိုဘာ၁၁ရက်နေ့က ငလျင်နောက် တစ်ကြိမ် လှုပ်ခတ်ခဲ့ပြီး လူ ၃ ဦး သေဆုံးကာ ၁၆၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာလီဘန် သဘာဝဘေးစီမံမှုဝန်ကြီးဌာန က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ 

အဲဒီနေ့မှာပဲ အာဖဂန်အနောက်မြောက်ဘက် ကျေးရွာ ၂၀ မှာ ငလျင်တွေလှုပ်ခတ်ခဲ့တယ်လို့ အာဖဂန် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ 

ကုလအစီရင်ခံစာမှာလည်း အနောက်မြောက်ဘက် ဇင်ဒါဂျန်ခရိုင်မှာ ကျောင်း ၆ ခုအပါအဝင် လူနေအိမ်ခြေ ၁၀၀ ရာခိုင်နှုန်း နီးပါး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

နိုင်ငံတကာအကူအညီကို အလုံးစုံနီးပါးမှီခိုနေရတဲ့ အာဖဂန်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဟာ တာလီ ဘန်တွေ အာဏာသိမ်းပြီးချိန် နှစ်နှစ်တာအတွင်း ဆုံးရှုံးမှုတွေရင်ဆိုင်ခဲ့ရပြီး နိုင်ငံရဲ့ စီးပွားရေး ကျောရိုးဖြစ်တဲ့ နိုင်ငံတကာအကူအညီများစွာကိုလည်း ရပ်ဆိုင်းထားခံခဲ့ရ ပါတယ်။ 

အမျိုးသမီးတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေ ရှင်းဖို့ တာလီဘန်ရဲ့ ကန့်သတ်ချက်တွေဟာ နိုင်ငံတကာရဲ့ ဘဏ္ဍာရေးအထာက် အပံ့ကို ပြန်လည် ရုတ်သိမ်းဖို့ ဖြစ်လာရတယ်လို့ သံတမန်နှင့် အကူအညီပေးရေး အာဏာပိုင်တွေ က ပြောကြားခဲ့ပါတယ်။ 

အာဖဂန်နစ္စတန်မှာ ငလျင်လှုပ်ခတ်မှုပြီးတဲ့နောက် ‌ထောင်ပေါင်များစွာသော လူတွေအိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။ 

အရေးပေါ်အကူအညီပေးကြဖို့ တာလီဘန်ရဲ့ ဒေသန္တရ အုပ်ချုပ်ရေးတွေက တောင်းခံခဲ့ကြပြီး အကူအညီပေး ရေးအေဂျင်စီတွေကလည်း ရန်ပုံငွေတောင်းခံမှုတွေကို အသစ်ပြန်လည်ပြုလုပ် ပေးနေတယ်လို့ သိရပါတယ်။ 

Ref – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.