အိန္ဒိယထုတ် အအေးမိချောင်းဆိုးပျောက်ဆေးဟာ အဆိပ်သင့်ဆေးဝါးတွေဖြစ်တယ်လို့ WHO ထုတ်ပြန်

နယူးဒေလီ – ဩဂုတ်(၉) 

အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးရည်တွေဟာ အဆိပ်သင့်စေတယ်လို့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ WHO ကဆိုခဲ့ပြီး အဲဒီနိုင်ငံက ထုတ်လုပ်တဲ့ အရည်အသွေးမပြည်မီတဲ့ ဆေးဝါးတွေ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

ကုလကျန်းမာရေးအေဂျင်စီရဲ့ အဆိုအရ အိန္ဒိယထုတ် Cold Out တံဆိပ်ချောင်းဆိုပျောက်ဆေး ရည်ကို အီရတ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး အဆိပ်သင့်မှုဖြစ်ပေါ်စေနိုင်တဲ့ diethylene နှင့် ethylene glycol တို့ဟာ သတ်မှတ်အတိုင်းအတာ ကျော်လွန်နေတယ်လို့ ပြောထားတာပါ။ 

လုံခြုံစိတ်ချရပြီး လက်ခံနိုင်တဲ့ ပမာဏဟာ ၀.၀၁ ရာခိုင်နှုန်သာပါရှိပေမယ့် အဲဒီဆေးတွေမှာ 

WHO က လုံခြုံစိတ်ချရပြီး လက်ခံနိုင်သော ပမာဏသည် ၀.၀၁ ရာခိုင်နှုန်းသာရှိပြီး diethylene glycol ၀.၂၅ ရာခိုင်နှုန်းနဲ့ ethylene glycol ၂.၁ ရာခိုင်နှုန်း ပါဝင်တဲ့အတွက် အထူးသတိထားကြ ဖို့ WHO ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ထုတ်လုပ်သူနဲ့ စျေးကွက်ဖြန့်ချီသူတွေဟာ ဆေးဝါးထုတ်ကုန်ရဲ့ လုံခြုံရေး အရည်အသွေးနဲ့ ပတ်သက်ပြီး WHO ထံအာမခံချက်ပေးတာမရှိဘူးလို့လည်း ဆိုထားပါတယ်။ 

ကမ္ဘာအနှံ့မှာ ရောင်းချနေတဲ့ Cold Out တံဆိပ်ချောင်းဆိုးပျောက်ဆေး ဆေးဝါးတွေနဲ့ ပတ်သက် ပြီး နောက်ဆုံးပေါိ သတိပေးချက်တွေကိုလည်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ်က ဂမ်ဘီရာနဲ့ ဥဇဘတ်ကစ္စတန်တို့မှာ ကလေးငယ် အနည်းဆုံး(၈၉) ဦးသေဆုံးမှုဟာ အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးရည်တွေနဲ့ ဆက်စပ်မှုရှိနေသလို ကင်မရွန်းနိုင်ငံက ကလေးငယ်တွေသေဆုံးမှုမှာလည်း အဲဒီချောင်းဆိုးပျောက်ဆေးရည်တွေနဲ့ ဆက်စပ်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဥပဒေပြဌာန်းသူတွေကတော့ ဥဇဘတ်ကစ္စတန်ကို ချောင်းဆိုးပျောက်ဆေးရည် တင်ပို့တဲ့ Marion Biotechကို ထုတ်လုပ်ခွင့် လိုင်စင်ရုတ်သိမ်းခဲ့ပြီး ကုမ္ပဏီဝန်ထမ်းတွေကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဂမ်ဘီယာအခြေစိုက် Maiden Pharmaceuticals နဲ့ဆက်စပ်မှုရှိတဲ့ အဲဒီကုမ္ပဏီဟာ နိုင်ငံအတွင်း သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး တာဝန်မရှိဘူးလို့ ငြင်းဆိုထားကာ အိန္ဒိယအစိုးရဓာတ်ခွဲခန်းမှာ စစ် ဆေးချက်အရ အဆိပ်သင့်မှုမရှိဘူးလို့ ချေပထားပါတယ်။ 

အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရိုက်တာက ဆေးကုမ္ပဏီကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာတော့ မရှိခဲ့ပါဘူး။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.