အသေးစားနဲ့အလတ်စားမြို့တွေမှာ အခြေချနေထိုင်လိုတဲ့ နိုင်ငံသားတွေအတွက် တရုတ်အစိုးရ ကန့်သတ်ချက်တွေ ဖြေလျော့ပေး

0
2088
A man and a child enjoy cold beverage drinks as they tour past an outdoor shopping mall on a sweltering day in Beijing, Thursday, July 27, 2023. (AP Photo/Andy Wong)

ပေကျင်း၊ သြဂုတ်(၄)

 တရုတ်အစိုးရအနေနဲ့ နိုင်ငံအတွင်းရှိ အသေးစား၊ အလတ်စားမြို့နယ်တွေအတွင်း အပြီးအပိုင်အခြေနေထိုင်ဖို့ ရည်ရွယ်ထားတဲ့နိုင်ငံသားတွေအတွက် ကန့်သတ်ချက်တွေကို ဖြေလျော့ပေးထားပြီး ဘေဂျင်းလိုမြို့ကြီးတွေ ကို ပြောင်းရွှေ့မှုကိုတော့ ကန့်သတ်ထားပါတယ်။ 

အမြဲတမ်းနေထိုင်သူလူဦးရေး ၃ သန်းထက်နည်းတဲ့ မြို့များနဲ့ လူဦးရေ ငါးသန်းအထိရှိတဲ့မြို့ တွေသို့ ပြောင်း ရွှေ့မှုကိုလည်း အပြည့်အဝဖြေလျော့ပေးမှာဖြစ်ကြောင်း ဘေဂျင်းနေ့စဉ် သတင်းစာမှာ ဖော်ပြထားတာပါ။ 

အခုလိုဖြေလျော့ပေးလိုက်တာဟာာ တရုတ်နိုင်ငံရဲ့ ၁၄ခုမြောက် ငါးနှစ်စီမံကိန်းထဲမှာ ပါဝင်နေ တာဖြစ်ပါတယ်။ 

လူမှုဖူလှုံရေး၊ ပညာရေးနဲ့ ဝန်ဆောင်မှုတွေကို လက်လှမ်းမီနိုင်ရေးအတွက် ဆုံးဖြတ်ချက်ပေးပြီး မြို့ပြကျေး လက် စည်းမျဉ်းများခွဲခြားထားတဲ့ Hukou (ဟူခို) အိမ်ထောင်စုစာရင်းအပေါ်မှာ လည်း ဖြေလျှော့မှုတွေ ပြုလုပ်ခဲ့တာပါ။ 

Hukou (ဟူခို) စနစ်အောက်မှာ တရုတ်မြို့တွေအတွင်း နေထိုင်ပြီး အလုပ်လုပ်နေတဲ့ လူသန်း နဲ့ချီဟာ အဲဒီ မြို့တွေရဲ့ အမြဲတမ်းနေထိုင်သူတွေလို ဝန်ဆောင်မှုတွေကို တန်းတူရဖို့ လက်လှမ်း မမီနိုင်ပါဘူး။ 

အဲဒီအိမ်ထောင်စုစာရင်းစနစ်မှ ဖြစ်ပေါ်စေတဲ့ နောက်ထပ်တစ်ချက်မှာ ကလေးငယ်တွေအနေနဲ့ ရောက်ရှိရာ မြို့နယ်တွေမှာ ကျောင်းတက်ရောက်ဖို့ မဖြစ်နိုင်ပဲ သူတို့ရဲ့မွေးဖွားဇာတိဖြစ်တဲ့ မြို့တွေမှာသာ ကျောင်းပြန်တက် ရတာကြောင့် ကလေးမိဘတွေနဲ့ တကွဲတပြားဖြစ်စေတဲ့ အခြေ အနေဖြစ်ပါတယ်။

 အခုထုတ်ပြန်လာတဲ့ ဖြေလျှော့မှုတွေပါဝင်တဲ့ ကြာသပတေးနေ့ ကြေငြာချက်ဟာ နိုင်ငံနဲ့အဝှမ်းကျယ်ပြန့်တဲ့ အတိုင်းအတာအားဖြင့် သက်ရောက်စေမှာဖြစ်ပါတယ်။ 

ဘေဂျင်းနေ့စဉ်သတင်းစာရဲ့ ထုတ်ပြန်ချက်မှာတော့ တရုတ်အစိုးရအနေနဲ့ ပြည်သူတွေ အခြားသောမြို့တွေမှာ အခြေချနေထိုင်ဖို့ မျှော်လင့်ချက်အတွက် အမှတ်ပေးအကဲဖြတ်တဲ့ ပေါ်လစီဖြစ် သတ်မှတ်သွားမယ်လို့လည်း ဆိုပါတယ်။

 တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ကြီးတွေဟာ အချမ်းသာဆုံးဖြစ်ကြပြီး အကောင်းဆုံးကျောင်းတွေ နဲ့ ဆေးရုံ တွေလည်း ရှိကြသလို အကောင်းဆုံး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရရှိနိုင် 

တာဖြစ်ပါတယ်။

 Ref, Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.