ဖိလစ်ပိုင်ကျွန်းတုတည်ဆောက်မှု စီမံကိန်းမှာ တရုတ်ကုမ္ပဏီပါဝင်လာတာကို အမေရိကန် စိုးရိမ်နေ

0
1913

မနီလာ – ဩဂုတ်(၄) 

မနီလာပင်လယ်အော်ရှိ ကျွန်းတု ပြန်လည်ပြင်ဆင်ရေး စီမံကိန်းကို တရုတ်ကုမ္ပဏီနဲ့ပူးပေါင်း နေတာနဲ့ပတ်သက်ပြီး လုံခြုံရေးအပါအဝင် သဘာဝပတ်ဝန်းကျင် စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ အမေရိကန်သံအမတ်တွေက ဖိလစ်ပိုင်အစိုးရကိုပြောခဲ့ပါတယ်။

အမေရိကန်သံရုံးနဲ့ ဖိလစ်ပိုင်ရေတပ် ဌာနချုပ်တွေရဲ့ အရှေ့ဘက်ရှိ ရေနယ်(၃၁)ဟက်တာကို ပြန်လည်ရရှိနိုင်မယ့် စီမံကိန်းကို ဝါရှင်တန်အစိုးရက ပိတ်ဆို့အရေးယူထားတဲ့ တရုတ်ရဲ့ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေး လက်ဝေခံကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ 

“စီမံကိန်း၏ ဘဘာဝပတ်ဝန်းကျင်အပေါ် အလားအလာရှိသော ကာလရှည်ကြာဆိုးကျိုးများနှင့် ပြန်လည်ပြင်ဆင်၍မရနိုင်သော ဆိုးကျိုးများ” နဲ့ပတ်သက်ပြီး အမေရိကန်သံတမန်မစ်ရှင်ဟာ ဒီအခြေအနေအပေါ် အထူးစိုးရိမ်ပူပန်နေတယ်လို့ အ‌မေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ်ရဲ့ နေရာတော်တော်များများကို တောင်းဆိုထားပြီး လူသား ပြုလုပ်ထားတဲ့ ကျွန်းတုတွေကို ထောင်နဲ့ချီတည်ဆောက်ထားတဲ့ တောင်တရုတ်ပင်လယ်အတွင်း တည်ရှိမှုကို ပြန်လည်ရယူထားပါတယ်။ 

“ကျွန်ုပ်တို့အနေနနဲ့ အမေရိကန်အစိုးရ ပိတ်ဆို့အရေးယူထားပြီးဖြစ်တဲ့ တရုတ်ရဲ့  ကုမ္ပဏီများနှင့် ချုပ်ဆိုတဲ့ စီမံကိန်းတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမျာ တရုတ်ရဲ့ စစ်ရေးတည်ဆောက် မှုနှင့် စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်သော ကျွန်းတုများကို ဖြစ်ပေါ်စေရန် ကူညီခြင်းဖြစ်ပါတယ်” လို့ အမေရိကန်သံရုံးပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တွေဟာ မနီလာပင်လယ်အော်အတွင်းက ကျွန်းတုပြန်လည် ပြုပြင်မွမ်းမံရေး အစီအစဉ်ဟာ လူ(၁၃) သန်းနေထိုင်ပြီး ကျယ်ပြောလှပတဲ့ မြို့ကြီးကို ရေလွှမ်း မိုးတဲ့အထိဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။ 

အာဏာပိုင်တွေက အဲဒီစီမံကန်းဟာ လေးနှစ်ကျော်ကြာမြင့်မှာဖြစ်တယ်လို့ဆိုထားပြီး ကန်ဒေါ် လာ (၈၃၄) မီလျံတန်ဖိုးရှိ ပူးတွဲစီမံကိန်းဖြစ်ကာ တရုတ်ကုမ္ပဏီက လုပ်ငန်းဆောင်ရွက်ဖို့သဘော တူထားတာဖြစ်တယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် ဖိလစ်ပိုင်ရေတပ်အတွက် မီတာ(၂၀၀) အကွာအဝေးရှိ လမ်းကြောင်းတစ်ခု ပံ့ပိုးပေးဖို့ လိုအပ်တဲ့အတွက် အစိုးရခွင့်ပြုချက်အရ တရုတ်ကန်ထရိုက်တာက ဆောက်လုပ်တာဖြစ်တယ် လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်က သမ္မတ ဒူတာတေး ဦးဆောင်တဲ့အစိုးရဟာ အငြင်းပွားရေပိုင်နက် အတွင်း ကျွန်းတည်ဆောက်မှုမှာ ပါဝင်ပတ်သက်တဲ့ တရုတ်ကုမ္ပဏီတွေကို အမည်ပျက်စာရင်း သွင်းနေတဲ့ အမေရိကန်ဦးဆောင်မှုကို လိုက်နာမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.