July 30, 2023

“ပြည်သူတွေက အကုန်မြင်ပြီးသား တော်လှန်ရေးလက်နက်ကိုင်အုပ်စုတွေက သိပြီးသား။ သူတို့လှည့်ဖျားသလို ရမှာမဟုတ်ဘူး”

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နိုင်ငံပိုင်အဆောက် အဦးတစ်ခုကို ပြောင်း ရွှေ့လိုက်ပြီလို့ ပြည်တွင်း၊ပြည်ပသတင်းတချို့မှာ ဖော်ပြတာတွေ ရှိနေပါတယ်။ သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကတည်းက ပြောင်းရွှေ့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါ တယ်။ ဒါပေမဲ့ဒီဖြစ်စဉ်အပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးသလို ထိပ် တန်းလျှိူ့ဝှက်ချက်အဖြစ် ထားရှိထားတယ်လို့…

စစ်သည်လိုအပ်ချက်ကို ပုလိုင်းပေါက်နဲ့ ဖားကောက်နေတဲ့ စစ်ကောင်စီ

တစ်ချိန်က တပ်မှူး၊ တပ်သားတွေ လှိုင်လှိုင်ထွက်ခဲ့တဲ့ စစ်ကိုင်း၊ မကွေး စတဲ့ အညာဒေသဟာလည်း စစ်ကောင်စီနှိပ်စက်လို့ လူသန်းနဲ့ချီစစ်ပြေးဒုက္ခသည်ဖြစ်၊ အိုးအိမ်ပေါင်း ၅၀,၀၀၀ ကျော် မီးရှို့ခံခဲ့ရတာကြောင့် စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်ခုခံနေတဲ့ ဒေသအဖြစ် ပြောင်းလဲသွားပါတယ်။အာဏာသိမ်းကာလတွေအတွင်း စစ်ကောင်စီတပ်ဟာ ရာဇဝတ်သားတွေက စလို့ အိမ်ခြေရာမဲ့တွေအထိ တပ်သားသစ်ရဲ့သားကောင်တွေအဖြစ် မှတ်ယူပြီး ရှာဖွေစုဆောင်းနေတယ်လို့ CDM ဗိုလ်ကြီးတစ်ဦးက ပြောပါတယ်။ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ…

ဗီယက်နမ်ခေါင်း‌ဆောင်က သူနှင့်တွေ့ဆုံလိုနေကြောင်း ဂျိုးဘိုင်ဒန်ပြော

ဝါရှင်တန်၊ ဇူလိုင်(၃၀) နယူးဒေလီမြို့မှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးမှာ ဗီယက်နမ်ခေါင်းဆောင်က အမေရိကန်-ဗီယက် နမ် ဆက်ဆံရေးတွေအကြောင်း ဆွေးနွေးဖို့ သူနဲ့တွေဆုံလိုတယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။ “ကျွန်တော်က ဗီယက်နမ်ဘက်က ဖုန်းကောတစ်ခုရခဲ့တယ်။ G20 အစည်းအဝေးသွားတဲ့အခါ သီခြားတွေ့ လိုတယ်ပေ့ါလေ။ ရုရှား၊ တရုတ်တို့နဲ့အတူ အမေရိကန်ကိုလည်း အဓိက မိတ်ဖက်အဖြစ် မြှင့်တင်လိုတယ်ပေါ့”လို့ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။ ဧပြီလတွင်း…

ထိုင်ဝမ်ကို ကန်ဒေါ်လာ(၃၄၅) သန်းတန်ကြေးရှိတဲ့ စစ်လက်နက်ထောက်ပံ့ဖို့ အမေရိကန်ကြေညာ

ဝါရှင်တန် – ဇူလိုင်(၃၀) သမ္မတဘိုင်ဒန် ဦးဆောင်တဲ့အစိုးရဟာ အမေရိကန်ဒေါ်လာ(၃၄၅) သန်းတန်ဖိုးရှိတဲ့ ထိုင်ဝမ်ကို လက်နက်အကူအညီပေးရေးအစီအစဉ် နဲ့ပတ်သက်ပြီး ဇူလိုင်လ(၂၈) ရက်နေ့မှာ ကြေညာခဲ့ပါ တယ်။ ကွန်ဂရက်လွှတ်တော်က ၂၀၂၃ ခုနှစ်အတွက် ဘတ်ဂျက်အစီအစဉ်မှာ တရုတ်ရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ပြင်းပြင်းထန်ထန်ပယ်ချတဲ့ ထိုင်ဝမ်အတွက် သမ္မတရဲ့ လက်နက်ထောက်ပံ့ မှု ဒေါ်လာ(၁)ဘီလျံအထိ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ တရုတ်ကတော့…

မြောက်ကိုရီးယားခေါင်းဆောင်က တရုတ်နဲ့ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ကတိပြု

ပြုံယမ်း – ဇူလိုင်(၃၀) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ကိုရီးယားစစ်ပွဲအဆုံးသတ်မှု နှစ်(၇၀) ပြည့် အခမ်းအနားကို တက်ရောက်ဖို့ ပြုံယမ်းကို လာရောက်လည်ပတ်တဲ့ တရုတ်ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ကတိပြုခဲ့တယ်လို့ KCNA မှာဖော်ပြထား ပါတယ်။ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင် လီဟွန်ဇွန်ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ကင် ကိုယ်တိုင်ကြိုဆိုခဲ့ပြီး ကိုဗစ်ကာလတည်းက တရုတ်သံတမန်တွေရဲ့ပြုံယမ်း…

ကျိုက်ထို မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ကျိုက်ထို၊ ဇူလိုင်(၃၀) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ စစ်တောင်းတံတားလမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခံရပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်ထားတဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို ဇူလိုင် ၂၈ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ က လက်နက်ကြီး၊…

တိုက်ပွဲတွေကြောင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၄၀ ကျော် စစ်ဘေးရှောင်နေရ

ကျောက်ကြီး၊ ဇူလိုင်(၃၀) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေ၊ ကျောက်ကြီးမြို့နယ် တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ဇူလိုင် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ KNU ကျောက်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၉) လက်အောက်ခံတပ်ဖွဲ့ဝင်တို့အကြား…

ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့ အရန်ဆန်ထုတ်ရောင်းမယ်လို့ကြေညာ

နေပြည်တော်၊ ဇူလိုင်(၃၀) လက်ရှိဖြစ်ပေါ်နေတဲ့ ဆန်စပါးဈေးကွက်နဲ့ ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့အတွက် ပို့ကုန်ကုမ္ပဏီတွေရဲ့ စုဆောင်းထားတဲ့ အရန်ဆန်တွေကို ထုတ်ရောင်းပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇူလိုင် ၂၈ ရက်နေ့ မှာ ထုတ်ပြန်ပါတယ်။ အရန်ဆန်တွေကို ဈေးကွက်အတွင်း အမြန်ဆုံးထည့်သွင်းရောင်းချသွားမှာဖြစ်ပြီး ကနဦးအနေနဲ့ ဆန်အရည်အသွေး ၂၅ ရာခိုင်နှုန်းအဆင့်ရှိ ဆန် ၅၀ ကီလိုအိတ် အရေအတွက် ၅၀,၀၀၀ ကို ထုတ်ရောင်းသွားမှာဖြစ်ကာ လိုအပ်ပါက…

ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးပြီး နောက်ဆုံးထွက်ပေါက်ရှာမယ့် စစ်ကောင်စီ

နေပြည်တော်၊ ဇူလိုင်(၃၀) ဘက်ပေါင်းစုံဖိအားတွေနဲ့ နိုင်ငံကိုတည်ငြိမ်အောင် မထိန်းချုပ်ထားနိုင်တဲ့ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးပြီး နိုင်ငံရေးအခင်းအကျင်းတစ်ခု ရှာဖွေနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ ဇူလိုင်ဒုတိယအပတ်နဲ့ နှောင်းပိုင်းကာလတွေမှာ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူပုဂ္ဂိုလ်တချို့နဲ့ တွေ့ခွင့်ပေးခဲ့သလို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လာတာပါ။ နိုင်ငံ့အာဏာအရပ်ရပ်ကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီရဲ့ သာမန်မဟုတ်တဲ့ အ ခြေအနေနဲ့…