ပြည်နယ်ရွေးကောက်ပွဲအငြင်းပွားမှုကြောင့် အိန္ဒိယမှာ လူ ၇ ဦးသေဆုံး

0
2258

ကာလ်ကတ္တား၊ ဇူလိုင်(၉) 

လက်ရှိ ရွေးကောက်ပွဲမဲဆွယ်ကာလတွေအတွင်း နိုင်ငံရေးအကြမ်းဖက်မှုအဖြစ် အိန္ဒိယနိုင်ငံ ဘန်ဂေါအ နောက် ဘက်မှာ ဒေသန္တရရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားတာ ကြောင့် လူ ၇ ဦးသေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ 

ဒီလိုရွေးကောက်ပွဲအငြင်းပွားမှုကတဆင့် ရန်ပွဲဖြစ်ပွားခဲ့ခြင်းဟာ ဇူလိုင်(၈)ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အိန္ဒိယ အစိုးရရဲ့ အာဏာရပါတီ Bharatiya Janata Party (BJP) ဟာ အနောက်ဘန်ဂေါမှာ လူထုထောက်ခံမှု ရရှိဖို့ အခုနှစ်တွေအတွင်း များစွာကြိုးစားနေတာလည်း ဖြစ်ပါတယ်။ 

အဲဒီဒေသဟာ ကွန်မြူနစ်ပါတီတစ်ခုကသာ စိုးမိုးတဲ့ဒေသဖြစ်တဲ့ သမိုင်းကြောင်းလည်း ရှိနေတာပါ။

 ပြည်နယ်တစ်ခုလုံးစာ လူဦးရေ ၁၀၄ သန်းကျော်ဟာ မြူနီစပယ်ခေါင်းဆောင်တွေကို ကိုယ်စားလှယ်လောင်း ၂ သိန်းကျော် အထဲမှ ရွေးကောက်ကြရမှာ ဖြစ်ပါတယ်။ 

ခိုက်ရန်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး AFP သတင်းဌာနသို့ အနောက် ဘန်ဂေါရဲတပ်ဖွဲ့က ပြောကြား ရာမှာတော့ ပြည်နယ်တစ်ခုလုံးရဲ့ ကျေးရွာအများအပြားမှာ ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၇ ဦးသေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အမည်ထုတ်ဖော်မပြောလိုသော ရဲသတင်းရင်းမြစ်တစ်ဦးကတော့ သေဆုံးသူများအနက် ၅ ဦးဟာ ပြည်နယ်ရဲ့ အာဏာရပါတီ Trinamool Congress party မှ ဖြစ်ကြောင်းပြောကြားခဲ့ပြီး နောက်နှစ်ဦးမှာ (BJP) ပါတီကဖြစ် တယ်လို့ ဆိုပါတယ်။

 ဒီဖြစ်ရပ်ဟာ အိန္ဒိယအနောက်ဘန်ဂေါ ကွန်မြူနစ် ပါတီနဲ့ ဆက်စပ်နိုင်တယ်လို့လည်း သူကထပ်မံပြောကြားခဲ့ တာပါ။ 

အနောက်ဘန်ဂေါကို Trinamool ပါတီ ခေါင်းဆောင် Mamata Banerjee က လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုခန့်က ကွန်မြူနစ်ဦးဆောင်တဲ့အုပ်ချုပ်ရေးကို အနိုင်ယူပြီး ၂၀၁၁ ခုနှစ်ကတည်းကအုပ်ချုပ် ခဲ့တာဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် အနောက်ဘန်ဂေါ ပြည်နယ်ရွေးကောက်ပွဲတွေအတွင်း – Trinamool မှလည်း အများ အပြားအနိုင်ရ ခဲ့တဲ့အပြင် BJPလည်း အားကောင်းခဲ့ပြီး ပါတီနှစ်ခုလုံးမှတက်ကြွ လှုပ်ရှားသူ အများအပြားဟာ သေနတ်ဖြင့် ပစ် သတ်ခံရခြင်း သို့မဟုတ် ဖောက်ထွင်းခံရခြင်းနှင့် ခြိမ်း ခြောက်မှုနည်းဗျူဟာအဖြစ် သစ်ပင်တွေမှာ ကြိုးဆွဲချ သ–တ်ဖြတ်ခြင်းတွေကို ခံနေခဲ့ရတာ ဖြစ်ပါတယ်။ 

Ref,AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.