ကျန်းမာရေးနဲ့ စွမ်းအင်ကဏ္ဍအတွက် အင်ဒိုနီးရှားကို ကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာ ၁.၄ ဘီလျံ ပေးအပ်

0
3430

ဇူရစ် – ဇွန်(၂၉) 

အင်ဒိုနီးရှားနိုင်ငံမှာ ပိုမိုသန့်ရှင်းတဲ့ လျှပ်စစ်စွမ်းအား အသုံးပြုနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ (၁.၄) ဘီလျံ တန်ဖိုးရှိတဲ့ စီမံကိန်းတစ်ခုကို ကမ္ဘာ့ဘဏ်က ဇွန်လ(၂၇) ရက်နေ့က အတည်ပြုပေး ခဲ့သလို ကလေးသူငယ်အဟာရဖွံ့ဖြိုးရေး စီမံကိန်းအတွက်လည်း ကန်ဒေါ်လာ (၆၀၀) မီလျံ ပံ့ပိုး သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ 

လျှပ်စစ်ဓာတ်အားစီမံကိန်းဟာ အင်ဒိုနီးရှား အရှေ့ဘက် နေရာတွေအတွက် လျှပ်စစ်ဓာတ်အား လုပ်ကွက်က လူပေါင်း(၂) သန်းနဲ့ ဆက်စပ်နေပြီး ဆိုလာဓာတ်အားရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ဖို့ နဲ့ စွမ်းအင်ကဏ္ဍ အကူးအပြောင်းကို စီမံခန့်ခွဲနိုင်တဲ့ အင်ဒိုနီးရှားရဲ့ လုပ်နိုင်စွမ်း ကိုကူညီနိုင်မှာ ဖြစ် တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီစီမံကိန်းကို ကမ္ဘာ့ဘဏ်အပြင် ပုဂ္ဂလိကနဲ့ အစိုးရကဏ္ဍ အပါအဝင် Canada Clean Energy Forest Climate Facility နဲ့ Clean Technology Fund တို့လည်း ပါဝင်ပံ့ပိုးပေးထားပါတယ်။ 

အင်ဒိုနီးရှားရဲ့ စွမ်းအင်အကူအပြောင်းအတွက် အဲဒီစီမံကိန်းဟာ ဘဏ္ဍာငွေထုတ်ပေးနိုင်တဲ့ ပုဂ္ဂလိက ကဏ္ဍကို စုစည်းပေးတဲ့အပြင် ရာသီဥတုအပြောင်းအလဲကို အလိုက်သင့် ပြောင်းလဲ နိုင်မယ့် အစုအဖွဲ့တွေကိုလည်း ကူညီပံ့ပိုးပေးနိုင်တယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားအများစုဟာ ကျောက်မီးသွေးကို အသုံး ပြုနေတာဖြစ်ပြီး လာမယ့် ၂၀၃၀ ခုနှစ်မှာ ကျောက်မီးသွေးထုတ်လွှတ်မှုကို (၃၂) ရာခိုင်နှုန်း လျှော့ချဖို့ ရည်မှန်းထားကာ ၂၀၆၀ ခုနှစ်မှာတော့ အသားတင် သုတအမှတ်အထိ လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ကမ္ဘာ့ဘဏ်ဟာ အခုစွမ်းအင်စီမံကိန်းအပြင် အလေးကြီးထွားမှုနဲ့ အဟာရချို့တဲ့မှုကို တားမြစ် နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ (၆၀၀) မီလျံပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ထားတဲ့ အစိုးရစစ်တမ်းတစ်ခုအရ (၅) နှစ်အောက် အင်ဒိုနီးရှားမှာ ကြီးထွားမှု နှောင့်နှေးနေတဲ့ ကလေး(၄.၅) သန်းခန့်ရှိတယ်လို့ သိရပါတယ်။

နိုင်ငံအတွင်း အဟာရချို့တဲ့နေတဲ့ ကလေးသူငယ်တွေရဲ့ ရာခိုင်နှုန်းကို ၂၀၂၄ ခုနှစ်မှာ (၁၄) ရာခိုင်နှုန်းအထိ လျှော့ချနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ အင်ဒိုနီးရှား သမ္မတက ပြောထားပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.