June 16, 2023

ရုရှားကိုသူ့ရဲ့ပစ္စည်းတွေနဲ့ပဲ ယူကရိန်းပြန်တိုက်ထုတ်နိုင်ဖို့ အမေရိကန်လွှတ်တော်အ မတ်တွေ မျှော်လင့်နေ

ဝါရှင်တန်၊ ဇွန်(၁၇) အမေရိကန်ကွန်ဂရက်ရဲ့ ရီပတ်ဘလင်ကန်နဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေဟာ သိမ်းဆည်းရမိထားတဲ့ ၊ ရုရှား ရဲ့ပိုင်ဆိုင်မှုတွေကိုအသုံးပြုပြီး ယူကရိန်းနိုင်ငံအနေနဲ့ ကျူးကျော်သူတွေကို တိုက်ထုတ်ရန် ငွေကြေးထောက်ပံ့ဖို့ လွယ်ကူစေမယ့် ဥပဒေတစ်ရပ်ကို ဇွန်လ (၁၅) ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလက ရုရှားကျူးကျော်ဝင်ရောက်ပြီးကတည်းက ယူကရိန်းအတွက် စစ်ရေး၊ လူသား ချင်းစာနာမှုနဲ့ စီးပွားရေးအကူအညီ ဒေါ်လာ (၁၀၀)…

တရုတ်သမ္မတနဲ့ Microsoft သူဌေးဘေဂိတ်တို့ ဘေဂျင်းမှာ တွေ့ဆုံ

ဘေဂျင်း – ဇွန်(၁၇) ကူးစက်ရောဂါတိုက်ပွဲအတွက် တရုတ်အစိုးရကို ကူညီဖို့ Microsoft က အမေရိကန်ဒေါ်လာ(၅၀) မီလျံ လှူဒါန်းပြီးနောက် တရုတ်ဟာ အမေရိကန်လူမျိုးတွေအပေါ် အမြဲမျှော်လင့်ချက်ထားတယ် လို့ သမ္မတရှီက သူငယ်ချင်းဟောင်း ဘေဂိတ်နဲ့ တွေ့ဆုံစဉ်ပြောခဲ့ပါတယ်။ ကိုဗစ်ကြောင့် တရုတ်နိုင်ငံကို (၃) နှစ်ကြာ ပိတ်ဆို့ခဲ့ပြီးနောက်မှာ ကမ္အာ့စီးပွားရေးခေါင်းဆောင် တွေထဲ က တစ်ဦးဖြစ် ဘေဂိတ်ဟာ တရုတ်နိုင်ငံကို…

မြောက်ကိုရီးယားရဲ့ အာကာသ ဒုံးပျံအပျက်အစီးတွေကို တောင်ကိုရီးယားစစ်တပ် ဆယ်ယူ

ဆိုးလ် – ဇွန်(၁၇) ပင်လယ်ပြင်မှာ ပျက်ကျသွားတဲ့မြောက်ကိုရီးယားရဲ့အာကာသဒုံးပျံအပျက်အစီးတွေကို (၁၅) ရက်ကြာရှုပ်ထွေးတဲ့ ဆယ်ယူရေးလုပ်ငန်းတွေ ပြုလုပ်ခဲ့ရတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ(၃၁) ရက်နေ့က မြောက်ကိုရီးယားရဲ့ စစ်ထောက်လှမ်းရေးဂြိုလ်တုကို ပတ်လမ်း အတွင်းလွှတ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒုံးကျည်ရဲ့ ဝန်အားချို့ယွင်းမှုကြောင့် ပစ်လွှတ်ပြီး မကြာခင်မှာဘဲ ပင်လယ်ထဲကို ပျက်သွားသွားခဲ့တာပါ။ ရေတပ်ကယ်ဆယ်ရေး သင်္ဘောတွေနဲ့ မိုင်းရှင်းလင်းရေး သမားတွေအပြင်…

ထိန်းချုပ်နယ်မြေက ပြည်သူတွေကို PDF ဆေးတပ်က ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

မော်လမြိုင် – ဇွန်(၁၆) အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆေးတပ်ဖွဲ့ဟာ စိုးမိုးထိန်းချုပ်ရာ ဒေသတွင်းက ပြည်သူတွေကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်လို့ MOD က သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဆေးတပ်ဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာရဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေပူးပေါင်းပြီး ဒေသခံ ပြည်သူတွေကို အရေးပေါ်နဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၄) ရက်နေ့ကလည်း…

“ကျွန်တော်တို့ အစိုးရကြေညာလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ညီညွတ်မှုတွေ ကျွန်တော်တို့ရဲ့အစိုးရအခန်း ကဏ္ဍကိုပြန်ပြီးမှ အသိအမှတ်ပြုပြီးတော့မှ စကစရဲ့အာဏာစက်ကို တွန်းလှန်ပြသရာရောက်တယ်လို့ မြင်တယ်။ ဒီလိုနည်းနဲ့ပဲ ရပ်တည်မယ်”

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ မူဝါဒလမ်းညွှန်ချက်တွေအတိုင်း ကရင် နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC) ကို ဇွန် ၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ဟာ နွေဦးတော်လှန်ရေး ၂ နှစ်ကျော်အကြာမှာ ပထမဦးဆုံး ဖွဲ့စည်းလိုက်တဲ့ ကြားကာလပြည်နယ်အစိုးရတစ်ရပ် ဖြစ်လာခဲ့တာပါ။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီဟာ ကြားကာလပြည်နယ်အစိုးရတစ်ရပ်အနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေ…

KNU နယ်မြေ စာသင်ကျောင်းထဲ လက်နက်ကြီးပစ်ခံရလို့ ကျောင်းသား ၃ ဦး ဒဏ်ရာရ

တောင်ငူ၊ ဇွန်(၁၆) ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေထဲက စာသင်ကျောင်းဝန်းတစ်ခုအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အဆောင်နေကျောင်းသားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၄)ရက်နေ့ ည(၁၁)နာရီအချိန်ခန့်က တောင်ငူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ KNU ထန်းတပင်မြို့နယ်အတွင်းရှိ ထိုလွီဝါးအထက်တန်း ကျောင်းဝင်းထဲက ကျောင်းသားတွေနေထိုင်တဲ့ အဆောင်နားမှာ လက်နက်ကြီးကျည်(၁)လုံး…

ပုလောမှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒေသခံတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ပုလော၊ ဇွန်(၁၆) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်တောင်ရွာအနီးမှာ ဒေသခံပြည်သူနှစ်ဦး မြေမြှုပ် မိုင်းနင်းမိတာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ နေ့လည်ပိုင်းက ပလမြို့၊ အမှတ် ၃ ရပ်ကွက်နေ အသက် ၄၆ နှစ်အရွယ် ဦးဖိုးလူနဲ့ အသက် ၂၆ နှစ်အရွယ်…