တရုတ်သမ္မတနဲ့ Microsoft သူဌေးဘေဂိတ်တို့ ဘေဂျင်းမှာ တွေ့ဆုံ

0
3379

ဘေဂျင်း – ဇွန်(၁၇) 

ကူးစက်ရောဂါတိုက်ပွဲအတွက် တရုတ်အစိုးရကို ကူညီဖို့ Microsoft က အမေရိကန်ဒေါ်လာ(၅၀) မီလျံ လှူဒါန်းပြီးနောက် တရုတ်ဟာ အမေရိကန်လူမျိုးတွေအပေါ် အမြဲမျှော်လင့်ချက်ထားတယ် လို့ သမ္မတရှီက သူငယ်ချင်းဟောင်း ဘေဂိတ်နဲ့ တွေ့ဆုံစဉ်ပြောခဲ့ပါတယ်။ 

ကိုဗစ်ကြောင့် တရုတ်နိုင်ငံကို (၃) နှစ်ကြာ ပိတ်ဆို့ခဲ့ပြီးနောက်မှာ ကမ္အာ့စီးပွားရေးခေါင်းဆောင် တွေထဲ က တစ်ဦးဖြစ် ဘေဂိတ်ဟာ တရုတ်နိုင်ငံကို လာရောက်လည်ပတ်ခဲ့တာပါ။ 

လေနှစ်ကျော်ကြာပြီးနောက် ဘေဂိတ်ရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး တရုတ်ခေါင်းဆောင်နဲ့ ပြည်ပ စီးပွားရေးခေါင်းဆောင်တို့ကြား ရှားပါးတဲ့ တွေ့ဆုံမှုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ 

“ကျွန်ုပ်တို့ လူမျိုးတွေက အမေရိကန်အပေါ် အများကြီး မျှော်လင့်ချက်ထားတယ် ပြီးတော့ နှစ်နိုင်ငံကြားက လူတွေအချင်းချင်းကြားမှာရှိတဲ့ ရင်းနှီးမှုကို ဆက်လက်တည်မြဲဖို့ မျှော်လင့် ပါတယ်” လို့ တရုတ်သမ္မတက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် သမ္မတရှီဟာ ဘေဂိတ်ကို တရုတ်နိုင်ငံမှာ ပထမဆုံးတွေ့ဖူးတဲ့ သူငယ်ချင်းဖြစ်တယ်လို့ ပြောပါသေးတယ်။ 

“သမ္မတရှီနှင့်တွေ့ဆုံရခြင်းသည် အလွန်ဂုဏ်ယူစရာကောင်းပါတယ်။ ကျွန်ုပ်တို့အနေနဲ့ စကား ကောင်းတွေအများကြီးပြောခဲ့ကြသလို အရေးကြီးတဲ့ ခေါင်းစဥ်တွေကိုလည်း ဒီနေ့မှာ ဆွေးနွေး ခဲ့ကြပါတယ်။ ကျွန်ုပ်အနေနဲ့  ဒီ ၄ နှစ်အတွင်းမှာ တရုတ်ပြည်ကို မရောက်လာနိုင်ခဲ့တာ သိပ်စိတ် ပျက်မိသလို ပြန််ရောက်လာရတဲ့အတွက်လည်း ရင်ခုန်ပါတယ်” လို့ ဘေဂိတ်က ပြောပါတယ်။ 

တရုတ်နိုင်ငံပိုင် မီဒီယာတွေရဲ့ ဖော်ပြချက်မှာ ဘေဂိတ်ဟာ ကိုဗစ်ကို အကောင်းဆုံးအနိုင်ယူခဲ့တဲ့ တရုတ်ရဲ့ ကြိုးစားအားထုတ်မှုကို ကမ္ဘာမှာ အကောင်းဆုံး ဥပမာအဖြစ် ပြောခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။  

ဘေဂိတ်နဲ့ သမ္မတရှီတို့ရဲ့ တွေ့ဆုံမှုဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ တရုတ်ပြည်ခရီးစဉ်မတိုင်ခင် ထွက်ပေါ်လာတာဖြစ်ပြီး ဘေဂျင်းအစိုးရက အမေရိကန် တရုတ် ဆက်ဆံရေး၊ အဓိက ကျတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း ဆက်ဆံရေးရဲ့ အမြင် ဖလှယ်ဖို့ လိုအပ် တယ်လို့လည်း သိရပါတယ်။ 

တရုတ်နိုင်ငံကို ထောက်ပံ့ပေးအပ်တဲ့ ဒေါ်လာ သန်း(၅၀) ကိစ္စနဲ့ ပတ်သက်ပြီး Gate Foundation ရဲ့ ထုတ်ပြန်ချက်မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေကို အချိုးမညီမျှစွာ ထိခိုက်စေတဲ့ တီဘီနဲ့ ငှက် ဖျား လို ကူးစက်ရောဂါတွေအတွက် အသက်ကယ် ကုထုံးတွေကတဆင့် ကမ္ဘာတစ်ဝှမ်းမှာ ကျန်းမာရေး ရလဒ်တွေ တိုးတက်ကောင်းမွန်လာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေအတွက် ကန်ဒေါ်လာ သန်း (၅၀) ထောက်ပံ့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.