AI ကြောင့် လူတိုင်း ပရိုဂရမ်မာတစ်ဦး ဖြစ်လာနိုင်ပြီလို့ အန်ဗီဒီယာ ဆော့ဝဲလ်ကုမ္ပဏီအကြီး အကဲပြော

0
3987

ဝါရှင်တန် – မေ(၃၁) 

AI နည်းပညာကြောင့် လူတွေဟာ ကွန်ပျူတာနဲ့ စကားပြောဆိုရုံသာ လိုအပ်သောကြောင့် လက်ရှိ အချိန်မှာ ကွန်ပျူတာပရိုဂရမ်မာ ဖြစ်လာနိုင်ပြီး နည်းပညာပိုင်းခြားမှုကို အဆုံးသတ်စေပြီဖြစ် တယ်လို့ အန်ဗီဒီယာ ဆော့ဝဲလ် ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွာက ပြောပါတယ်။ 

အန်ဗီဒီယာဟာ (AI) အတွက် ချစ်ပ်တွေနဲ့ ကွန်ပျူတာ စနစ်တွေကို အဓိကတင်ပို့သူဖြစ်တာ ကြောင့် ကမ္ဘာ့တန်ဖိုးအကြီးဆုံးစာရင်ဝင် ဆီမီးကွန်ဒက်တာ ကုမ္ပဏီအဖြစ် တဟုန်ထိုး တက်လာ ခဲ့တာပါ။ 

ပြီးခဲ့တဲ့အပတ်က အဲဒီကုမ္ပဏီရဲ့ ဒုတိယသုံးလပတ်ဝင်ငွေကို Wall Street Journal ရဲ့ ခန့်မှန်း ချက်(၅၀) ရာခိုင်နှုန်းထက် ပိုမိုခန့်မှန်းထားပြီး ChatGPT နဲ့ အလားတူဝန်ဆောင်မှုတွေကို လည်ပတ်ဖို့အတွက် ဉာဏ်ရည်တု ချစ်ပ်တွေအတွက် ဝယ်လိုအားတွေ မြင့်တက်လာခဲ့တာ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ 

ငယ်စဉ်က မိသားစုဟာ အမေရိကန်ကို မပြောင်းရွှေ့မှီ ထိုင်ဝမ်တောင်ပိုင်းမှာ မွေးဖွားခဲ့တဲ့ ဂျန်ဆန်ဟွာဟာ တိုင်ပေမှာ ပြုလုပ်တဲ့ Computex ဖိုရမ်မှာ ထောင်နဲ့ချီတဲ့ လူတွေကို စကား ပြောရာမှာ AI ဟာ ကွန်ပျူတာ နည်းပညာတော်လှန်ရေးကို ဦးဆောင်နေပြီဖြစ်တယ်လို့ ပြောပါ တယ်။ 

“ကွန်ပြူတာခေတ်တိုင်းမှာ ကျွန်ုပ်တို့ အရင်ကမဖြစ်နိုင်တဲ့အရာတွေကို ကွဲပြားသွားအောင်လုပ် နိုင်ပြီး ယခု ဉာဏ်ရည်တုဟာလည်း အရည်အချင်းပြည့်မီမှာ သေချာပါတယ်” လို့သူက ပြောပါ တယ်။ 

ပရိုဂရမ်ရေးဆွဲခြင်းဆိုင်ရာမှာ အတားအဆီးက မယုံနိုင်လောက်အောင်းနည်းသလို ဒစ်ဂျစ်တယ် ပိုင်းခြားမှုတွေကို အဆုံးသတ်ပြီး လူတိုင်းက ပရိုဂရမ်မာတစ်ယောက် ဖြစ်နေနိုင်ပြီး ကွန်ပျူတာ ကို တစ်ခုခုပြောဖို့ပဲ လိုတာပါ​လို့ သူကပြောပါသေးတယ်။ 

“အသုံးပြုရအရမ်းမြန်တဲ့အတွက်ကြောင့် တိုးတက်မှုနှုန်းက အရှိန်အဟုန်နဲ့ ကြီးထွားလာရတဲ့ အကြောင်းရင်းပါပဲ။ ဒါက နယ်ပယ်တိုင်းကို ထိထိရောက်ရောက် ကိုင်တွယ်သွားလိမ့်မယ်” လို့ သူက ဆိုခဲ့တာပါ။ 

အန်ဗီဒီယာဟာ သူတို့ရဲ့ AI ချစ်ပ်တွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တင်းခံနေခဲ့ပြီး ဉာဏ်ရည်တုကနဦးတည်ဆောက်မှုကို ပြုလုပ်နေတယ်လို့ သတင်းထွက်နေခဲ့တဲ့ တက်စလာ ကုမ္ပဏီ စီအီးအို အီလွန်မက်စ်က ဂရက်ဖစ်လုပ်ဆောင်ခြင်း ယူနစ်(GPUs) တွေကို ရရှိဖို့ မူးယစ် ဆေးဝါးထက် ခက်ခဲတယ်လို့ ပြောခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.