ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး ခရေစေ့တွင်းကျ ထုတ်ဖော်ခဲ့တဲ့တရုတ်အမျိုးသား (၃) နှစ်ကြာမှ ပြန်လွတ်လာ

0
4422

ပေကျင်း၊ မေ(၂)

တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားစဉ်အတွင်း လူများပြည့်ကျပ်နေတဲ့ ဆေးရုံတွေနဲ့ ရုပ်အလောင်းတွေကို ရိုက် ကူးထားတဲ့ ဗီဒီယိုကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ပြီးနောက် (၃) နှစ်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အမျိုးသား တစ်ဦးကို တရုတ်အာဏာပိုင်တွေက ပြီးခဲ့တဲ့ဧပြီ (၃၀) ရက်နေ့က ပြန်လည်လွှတ်ပေးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ဖန်ဘင်နဲ့ ဒေသခံသတင်းထောက်များလို့ အမည်ပေးထားတဲ့ အဖွဲ့ဝင်တွေဟာ ၂၀၂၀ ခုနှစ်အစောပိုင်းက ကပ် ရောဂါနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အင်တာနက်နဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ပြခဲ့ တာပါ။ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ ပျက်ကွက်မှုအပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တရုတ်တာဝန် ရှိသူတွေကို  ဒီဗီဒီယိုဖိုင်တွေကနေတဆင့် အရှက်ရစေခဲ့တာလည်း ဖြစ်ပါတယ်။ 

တွစ်တာမှာဖော်ပြခဲ့တဲ့ တရုတ်ရိုးရာအဝတ်အထည်ရောင်းချသူ ဖန်ရဲ့ နောက်ဆုံးဗီဒီယိုမှာ “နိုင်ငံသားတိုင်း ဆန့်ကျင်ကာ ပြည်သူကို အာဏာပြန်အပ်ရန်” ဆိုတဲ့ စာရွက်အပိုင်းအစကို ရေးသားဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ 

အာဏာရကွန်မြူနစ်ပါတီက တိုင်းပြည်ရဲ့ဖြစ်ကြောင်းကုန်စင်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာကြောင့် ဖန်းရဲ့ အမှုဟာ တရုတ်ရဲ့ကူးစက်ရောဂါကို အစောပိုင်းကိုင်တွယ်မှုအပေါ် ပြစ်တင်ရှုတ်ချခြင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့တာပါ။ 

အစိုးရကလက်စားချေမှာကို ကြောက်ရွံ့နေတဲ့ အမည်မဖော်လိုသူနှစ်ဦးရဲ့ ပြောကြားချက်အရ ဖန့်ကို တနင်္ဂနွေနေ့မှာ ပြန်လွှတ်ပေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဖန်းဟာ ထောင်ဒဏ်(၃)နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီပြစ်ဒဏ်ဟာ နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်တဲ့ စွဲချက်တစ်ခုလို့ ဆိုပါတယ်။ 

ဝူဟန်ရဲ့ပြည်သူ့လုံခြုံရေးဗျူရိုအနေနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုဖြေကြားခြင်းမရှိတဲ့အပြင် ဖန်းကို စီရင်ချက်ချခဲ့တဲ့ တရားရုံးသို့ ဆက်သွယ်မေးမြန်းရာမှာလည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ဘူးလို့ အေပီသတင်း ဌာနမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ခုနှစ်အစောပိုင်းက ကနဦး ကိုဗစ်-၁၉ ဖြစ်ပွားမှုဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်ရှိ နေထိုင်သူ (၁၁) သန်းရှိတဲ့ ဝူဟန်မြို့ကို ဖျက်ဆီးခဲ့တာဖြစ်ပြီး (၇၆) ရက်ကြာ လော့ဒေါင်းချထားခဲ့ရတာပါ။ ဒါ့အပြင် လူနာတင်ယာဉ်တွေနဲ့ လုံခြုံရေးဝန်ထမ်းတွေကလွဲပြီး အဲဒီမြို့ကလမ်းတေဟာ လပေါင်းများစွာ အသုံးမပြုဘဲ ရှိနေခဲ့တာဖြစ်ပါတယ်။ 

အဲဒီအချိန်တုန်းက ဒေသခံသတင်းထောက် အနည်းစုက သူတို့ရဲ့ဇာတ်လမ်းတွေနဲ့ အခြားသူတွေရဲ့ အဖြစ် အပျက်တွေကို စမတ်ဖုန်းနဲ့ လူမှုမီဒီယာအကောင့်တွေကနေ ပြောပြဖို့ ကြိုးစားခဲ့ကြတာပါ။ ဒီလိုနည်းနဲ့ တရုတ်ကွန်မြူ နစ်ပါတီ တင်းကျပ်တဲ့ရဲတပ်ဖွဲ့ရဲ့ သတင်းအချက်အလက် လက်ဝါးကြီးအုပ်မှုကို ဖီဆန်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် သူတို့တင်ပြတဲ့ အချက်အလက်တွေက မကြာခင်မှာပဲ ပြဿနာတက်သွားခဲ့ပြီး ဖန်းနှင့် အခြားဒေသခံ သတင်းထောက် ချမ်းကွီရှီတို့ဟာ ဖေဖော်ဝါရီလမှာဘဲ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ 

ချမ်းဟာ ၂၀၂၁ ခုနှစ်စက်တင်ဘာလမှာ သူငယ်ချင်းဖြစ်သူရဲ့ ယူကျူစာမျက်နှာမှာ စိတ်ကျရောဂါခံစားခဲ့ ရတယ်လို့ ပြောကြားခဲ့ပေမယ့် သူ့ရဲ့ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခဲ့တာ မရှိခဲ့ပါဘူး။ 

ရောဂါဖြစ်ပွားမှုအစောပိုင်းအဆင့်မှာ ထုတ်ဖော်အစီရင်ခံခဲ့တဲ့ နောက်ထပ်ဒေသခံသတင်းထောက် ဇမ်းဇန် ဆိုသူဟာလည်း ၂၀၂၀ နှစ် ဒီဇင်ဘာလမှာ အလားတူပြစ်မှုဖြင့် ထောင်ဒဏ်လေးနှစ်ချမှတ်ခံခဲ့ရပြီး ရှစ်လ ခန့်အကြာမှာ သူမရဲ့ နှစ်ရှည်လများ အစာငတ်ခံဆန္ဒပြခြင်းကြောင့် ကျန်းမာရေးမကောင်းကြောင်း ရှေ့နေက ပြောခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.