February 2, 2023

ပေါင်မြို့နယ် ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်လောင်း ပစ်သတ်ခံရ

ပေါင် – ဖေဖော်ဝါရီ(၂) မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဦးကိုကိုလေးရဲ့ နေအိမ်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ(၁) ရက်နေ့ ညပိုင်းက ပေါင်းရပ်ကွက် ဘူတာလမ်းက နေအိမ်ကို လူငယ်နှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ (၉) ချက်ထက်မနည်း ပစ်ခတ်ရှင်းလင်းခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။ ပစ်ခတ်ခံရပြီးနောက် ဦးကိုကိုလေးကို…

ဗီယက်နမ်မှာ စစ်တိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးတစ်ဦးသေဆုံး

ဟနွိုင်း၊ ဖေဖော်ဝါရီ(၂) ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ တိုက်လေယာဉ်လေ့ကျင့်ပျံသန်းမှုအတွင်း လေယာဉ်တစ်စင်းပျက်ကျပြီးနောက် လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာကဖော်ပြထားပါတယ်။ ရုရှားနိုင်ငံထုတ် Sukhoi Su-22 လေယာဉ်ကို ဗီယက်နမ်ပြည်သူ့တပ်မတော် လေတပ်လေ့ကျင့်ရေးမှာ အသုံးပြုခဲ့ပြီး တောင်ကြောထူထပ်တဲ့ ယန်ဘိုင်ပြည်နယ်ရှိ စစ်လေဆိပ်တစ်ခုမှာ ဇန်နဝါရီ၃၁ရက်နေ့က ပျက်ကျခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ သိရပါတယ်။ “လေယာဉ်မှူးကို လေယာဉ်ပေါ်ကနေ လေထီးနဲ့ ခုန်ချဖို့ အမိန့်ထုတ်ခဲ့ပေမယ့် လေယာဉ်ကို ပြန်ထိန်းနိုင်ဖို့…

ထိုင်းမှာ Vape လက်ဝယ်ထားရှိရင် ထောင်ဒဏ်(၅) နှစ်အထိချမှတ်ခံရနိုင်

ဘန်ကောက် – ဖေဖော်ဝါရီ(၂) ထိုင်းနိုင်ငံမှာ လျှပ်စစ်အားသွင်းစီးကရက်အစားထိုး e-cigarette (vape) တွေကို လက်ဝယ်တွေ့ရှိရင် ထောင်ဒဏ်(၅)နှစ်နဲ့ အမြင့်ဆုံ ဒဏ်ကြေးပေးဆောင်ရနိုင်တယ်လို့ ရှေ့နေတစ်ဦးက သတိပေးခဲ့ပါတယ်။ ဒီသတိပေးချက်ဟာ ထိုင်ဝမ်မင်းသမီးတစ်ဦးဆီကနေ Vape တွေ့ရှိချိန်မှာ ဘန်ကောက်ရဲ တွေက လာဘ်ငွေတောင်းပြီး မျက်ကွယ်ပြုဖို့ လုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်ပြီးနောက် ထွက်ပေါ်လာတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၅) ရက်နေ့က ရဲတပ်ဖွဲ့ခေါင်းဆောင်(၂) ဦးနဲ့…

မွန်ညီညွတ်ရေးပါတီက ဒေါက်တာဗညားအောင်မိုး စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ အနားပေးခံရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂) မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ်အဖြစ် စေလွှတ်ထားတဲ့ ဒေါက်တာဗညားအောင်မိုးကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ အနားပေးပြီး ဗဟိုအကြံ ပေးအဖွဲ့ဝင်အဖြစ် ပြောင်းလဲခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ စစ်ကောင်စီ ဗဟိုအကြံပေးဖွဲ့ကို ဒေါက်တာ ဗညားအောင်မိုးအပါအဝင်…

နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ဦးကျော်မိုးထွန်းနဲ့ NUCC ကို စာရင်းသွင်း

အော်စလို – ဖေဖော်ဝါရီ(၂) ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသ မဂ္ဂအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) တို့ကို ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် စာရင်းသွင်းထားပါတယ်။ သံအမတ်ဦးကျော်မိုးထွန်းဟာ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားချိန်မှာ စစ်ကောင်စီကို အသိအမှတ် မပြုဖို့နဲ့ တရားဝင်မှု မပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုခဲ့သလို အမျိုးသားညီညွတ်ရေးအစိုး ရ NUG ကိုယ်စားလှယ်အဖြစ်…

အမေရိကန်နဲ့ မဟာမိတ်တွေက စစ်ကောင်စီကို ထပ်မံပိတ်ဆို့အရေးယူ

ဝါရှင်တန် – ဖေဖော်ဝါရီ(၂) အမေရိကန်နဲ့ မဟာမိတ်တွေက စစ်တပ်အာဏာသိမ်းမှု (၂) နှစ်ပြည့်မှာ အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ စွမ်းအင်ဆိုင်ရာ အရာရှိတွေကို ပိတ်ဆိုးအရေးယူမှုနဲ့အတူ မြန်မာနိုင်ငံအပေါ် ဒဏ် ခတ်အရေးယူမှုတွေ ထပ်မံချမှတ်ခဲ့ပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်၊သတ္တုတင်းလုပ်ငန်းတွေနဲ့ စွမ်းအင်အရာရှိ တွေအပါအဝင် တခြားပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဌာနက ထုတ်ပြန်ထားပြီး ဗြိတိန်၊ကနေဒါနဲ့ ဩစတေးလျ နိုင်ငံတွေကလည်း…

တနင်္သာရီက စစ်ရှောင်ပြည်သူ ၄၀၀၀ ကျော်အတွက် စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေ

တနင်္သာရီ၊ ဖေဖော်ဝါရီ(၂) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ ကျော်အတွက် စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။ တနင်္သာရီမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲကြောင့် ဘေးလွတ်ရာနေရာတွေနဲ့ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား စစ်ရေးဆက်လက် တင်းမာနေသလို စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် ရိက္ခာဝယ်ယူဖို့…

စစ်အာဏာသိမ်း (၇၃၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၄၇ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၂) AAPP ရဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၃၁)ရက်အတွင်း ပြည်သူ (၂၉၄၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၅၉၈ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…