မော်လမြိုင်၊ ဖေဖော်ဝါရီ(၂)
AAPP ရဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၃၁)ရက်အတွင်း ပြည်သူ (၂၉၄၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၅၉၈ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။
ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၈၇) ဦး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။
မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀)ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ကိုးကား – AAPP

