ဝါရှင်တန် – ဖေဖော်ဝါရီ(၂) 

အမေရိကန်နဲ့ မဟာမိတ်တွေက စစ်တပ်အာဏာသိမ်းမှု (၂) နှစ်ပြည့်မှာ အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ စွမ်းအင်ဆိုင်ရာ အရာရှိတွေကို ပိတ်ဆိုးအရေးယူမှုနဲ့အတူ မြန်မာနိုင်ငံအပေါ် ဒဏ် ခတ်အရေးယူမှုတွေ ထပ်မံချမှတ်ခဲ့ပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်၊သတ္တုတင်းလုပ်ငန်းတွေနဲ့ စွမ်းအင်အရာရှိ တွေအပါအဝင် တခြားပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဌာနက ထုတ်ပြန်ထားပြီး ဗြိတိန်၊ကနေဒါနဲ့ ဩစတေးလျ နိုင်ငံတွေကလည်း ပိတ်ဆို့အရေးယူမှုတွေကြေ ညာခဲ့ကြပါတယ်။ 

လက်ရှိ ပိတ်ဆို့အရေးယူမှုတွေမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) က အရာရှိ တွေကို အမေရိကန်က ပထမဆုံးအကြိမ် ပစ်မှတ်ထားလာတာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဌာန ပြောခွင့်ရက ဆိုပါတယ်။ 

စစ်တပ်ဖန်တီးထားတဲ့ အခြေခံဥပဒေအောက်မှာ (၅) နှစ်ကြာ တင်းမာနေတဲ့ အာဏာခွဲဝေမှု အပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှာတော့ မြန်မာစစ်တပ်ရဲ့ ဗိုလ်ချုပ်တွေနဲ့ လက်ဝေခံအပေါင်း အပါတွေက အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ကြတာပါ။ 

အာဏာသိမ်းပြီးချိန်ကစပြီး အတိုက်အခံတွေကို သွေးထွက်သံယိုဖြစ်အောင် အကြမ်းဖက် နှိမ်နင်းတာတွေလုပ်ခဲ့တဲ့ စစ်ကောင်စီကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ထပ်မံ ချမှတ်ထားသလို တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီကို သံတမန်ရေးနဲ့ မြေပြင် စစ်ရေးတွေမှာ အခက်တွေအောင်လုပ်ဆောင်နေကြပါတယ်။ 

ဒါ့အပြင် ရုရှားလုပ်လေယာဉ်တွေအသုံးပြုပြီး ဒီမိုကရေစီလိုလားတဲ့ အရပ်သားတွေကို သတ်ဖြတ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့အတွက် အရင်နဲ့ လက်ရှိ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားအရေးယူတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။ 

ကနေဒါက လူပုဂ္ဂိုလ်ခြောက်ဦးကို ပစ်မှတ်ထားအရေးယူခဲ့ပြီး လေကြောင်းလောင်စာဆီ တင်ပို့တာ၊ ရောင်းချတာ၊ ထောက်ပံ့တာ ဒါမှမဟုတ် တင်ပို့တာတွေကို တားမြစ်ထားပြီး ဩစတေးလျ က စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်ဘက်ဆိုင်ရာ ကုမ္ပဏီတစ်ခုကို ပစ်မှတ်ထား ခဲ့သလို ဗြိတိန်ကတော့ မြန်မာ့လေတပ်ကို ကူညီထောက်ပံ့နေတဲ့ ကုမ္ပဏီနှစ်ခုနဲ့ လူပုဂ္ဂိုလ် နှစ်ဦး ကို အရေးယူပိတ်ဆိုတာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ 

အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ သဘာဝဓာတ်ငွေ့နဲ့ သယံဇာတ တူးဖော်ရေးကဏ္ဍအတွက် နိုင်ငံခြားငွေပေးချေမှု ဆောင်ရွက်ပေးတဲ့ ဘဏ်တွေကို ဥရောပ သမဂ္ဂချမှတ်ထားတဲ့ အရေးယူ မှုတွေနဲ့ မကိုက်ညီသေးဘူးလို့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာဆိုင်ရာ ဒါရိုက်တာ ဂျွန်ဆစ်ဖ်တွန်က ပြောခဲ့ပါတယ်။ 

“ရလဒ်အနေနဲ့ အခုအချိန်အထိ အရေးယူဆောင်ရွက်မှုတွေက စစ်အစိုးရအပေါ် လုံလောက်တဲ့ စီးပွားရေးဆိုင်ရာ အထိနာမှုတွေကို မပေးဆောင်နိုင်သေးဘူး” လို့ သူ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လူ့အခွင့်အရေးသမားတွေက MOGE ကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုခဲ့ပေမယ့် ဝါရှင်တန်က လက်ရှိအချိန်ထိ ရပ်တန့်ထားတာဖြစ်ပါတယ်။
Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.