အော်စလို – ဖေဖော်ဝါရီ(၂)

ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသ မဂ္ဂအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) တို့ကို ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် စာရင်းသွင်းထားပါတယ်။

သံအမတ်ဦးကျော်မိုးထွန်းဟာ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားချိန်မှာ စစ်ကောင်စီကို အသိအမှတ် မပြုဖို့နဲ့ တရားဝင်မှု မပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုခဲ့သလို အမျိုးသားညီညွတ်ရေးအစိုး ရ NUG ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂက ရွေးချယ်ခံထားရသူဖြစ်ပါတယ်။

အမျိုးသားအတိုင်ပင်ခံကောင်စီ(NUCC) ဟာ အာဏာသိမ်းမှုအားလုံးချုပ်ငြိမ်းဖို့အတွက် ရည်ရွယ်ပြီး ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံ နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

NUCC ကို ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊အရပ်ဘက်အဖွဲ့အစည်းတွေ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်သူတွေ၊ သပိတ်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတာပါ။

နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ဦးကျော်မိုးထွန်းနဲ့ NUCC အပါအဝင် စကာတင်(၅) ဦးပါဝင် ထားပါတယ်။

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICJ)၊Human Rights Data Analysis Group၊ အီရန်နဲ့ အာဖကန်နစ္စတန် က လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ Narges Mohammadi and Mahbouba Seraj၊ ဖိလစ်ပိုင် နိုင်ငံဖွားခွဲခြားဆက်ဆံမှု ပပျောက်ရေး နဲ့ တရားမျှတရေး တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ Victoria Tauli-Corpuz and Juan Carlos Jintiach စတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့ အစည်းတွေပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.