ရုရှားသင်္ဘောသားတွေနဲ့ ယူကရိန်း အမျိုးသမီးအကျဉ်းသားတွေကို လဲလှယ်

0
5734

မော်စကို၊ အောက်တိုဘာ (၂၂)

ယူကရိန်းနိုင်ငံက ဖမ်းဆီးထားတဲ့ ရုရှားနိုင်ငံသား (၁၁၀) ဦးအတွက် စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းထားတဲ့ ယူကရိန်း အမျိုးသမီး (၁၀၈) ဦးကို ရုရှားက လဲလှယ်ပေးခဲ့တယ်လို့ နှစ်ဖက်အရာရှိတွေက ပြောပါတယ်။

အဲဒီအမျိုးသမီးတွေထဲက ၃၇ယောက်ဟာ မေလက ပြီးဆုံးခဲ့တဲ့ မာရီယိုပူးလ်မြို့က တိုက်ပွဲအတွင်း အဇိုစတယ်သံမဏိကနေ  လက်နက်ချခဲ့သူတွေ ဖြစ်ပါတယ်။

လွတ်မြောက်လာသူ အများစုဟာ ယူကရိန်းဖက်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကုန်တင်သင်္ဘောတွေက သင်္ဘောသားတွေ ဖြစ်ကြပြီး လွှတ်ပေးလိုက်တဲ့ သူတွေထဲမှာတော့ ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်ဘက်ဒေသမှ ရုရှားလိုလားတဲ့ ခွဲထွက်ရေး စစ်တပ်ဖွဲ့ဝင်တွေလည်း  ပါဝင်နေပါတယ်။

ပြန်လွတ်လာတဲ့ ယူကရိန်းအမျိုးသီးတွေကိုတော့ အစိုးရထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ဇာပိုရီဇီဇီယာ တောင်ပိုင်းဒေသကို ခေါ်ဆောင်ခဲ့တယ်လို့ ယူကရိန်းအရာရှိက ပြောပါတယ်။

အမျိုးသမီး (၁၀၈) ဦးကတော့ ပထမဆုံး အမျိုးသမီးလဲလှယ်မှု အစီအစဉ်နဲ့  လွတ်မြောက်လာခဲ့ပြီဖြစ်တယ်လို့ ယူကရိန်း သမ္မတရုံး အကြီးအကဲဖြစ်သူ အန်ဒရီယာမက်ခ်က ပြောပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ  အတူတကွဖမ်းဆီးခံထားရတဲ့ မိခင်တွေနဲ့ သမီးတွေ ပါဝင်ကြောင်း သူကပြောဆိုခဲ့ပြီး အဲဒီအထဲက (၁၂) ယောက်ဟာ စစ်မှုထမ်းတွေ ဖြစ်တယ်လို့ သူကပြောပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ခွဲထွက်ဒေသဖြစ်တဲ့ ဒွန်နက်ဇ်ဒေသက အရာရှိတွေက အကျဉ်းသားလွတ်မြောက်မှုကို အတည်ပြုထားပြီး အဲဒီလဲလှယ်မှုမှာ အကျဉ်းသားနှစ်ဦးက ရုရှားမှာ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရုရှားဖက်က ထုတ်ပြန်ပါတယ်။

ယူကရိန်းမှ လွတ်မြောက်လာသော အကျဉ်းသားတွေထဲမှာတော့ သင်္ဘောသား (၈၀) ဦးနဲ့ စစ်မှုထမ်း (၃၀) ဦးဖြစ်တယ်လို့ ရုရှားဖက်က ပြောကြားထားပါတယ်။

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.