ဂျပန်က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ အိမ်ထောင်ပြုခွင့်ကန့်သတ်ချက်တွေပယ်ဖျက်ခဲ့

0
6505

တိုကျို – အောက်တိုဘာ(၁၅) 

ကွာရှင်းပြတ်စဲချိန်မှာ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတွေကို နောက်တစ်ကြိမ်လက်ထပ်ဖို့အတွက် ရက်ပေါင်း(၁၀၀) စောင့်ရမယ့် ဥပဒေကို ဖျက်သိမ်းလိုက်တယ်လို့ ဂျပန်အစိုးရအဖွဲ့က အောက်တို ဘာလ(၁၄) ရက်နေ့က အတည်ပြုခဲ့ပါတယ်။ 

ရာစုနှစ်တစ်ခုကျော်ကျင့်သုံးခဲ့တဲ့ အဲ့ဒီဥပဒေဟာ အမျိုးသားတွေနဲ့ မသက်ဆိုင်တဲ့အပြင် မွေးကင်းစကလေးငယ်အတွက် ငွေကြေးအရ တာဝန်ရှိတဲ့ ဖခင်ကို ဖော်ထုတ်နိုင်ဖို့ မူလက ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

အစိုးရက လာမယ့် ဒီဇင်ဘာလ(၁၀) ရက်နေ့မှာ ကုန်ဆုံးမယ့် လွှတ်တော်အစည်းအဝေးကို ပြန်လည်ပြင်ဆင်ထားတဲ့ နိုင်ငံသားကျင့်ထုံးဥပဒေကို တင်ပြမှာဖြစ်ပြီး အပြောင်းအလဲကို အတည်ပြုပြီးရင် ၂၀၂၄ ခုနှစ်မှာ ပြဌာန်းနိုင်ဖို့ မျှော်လင့်နေတယ်လို့ မီဒီယာတွေမှာ ဖော်ပြ နေကြပါတယ်။ 

ပြောင်းလဲမှုဟာ မိဘတွေအနေနဲ့ ကလေးတွေ လုံလောက်တဲ့အတိုင်းအတာအထိ ဆုံးမ ပဲ့ပြင်ပေးပိုင်ခွင့်ရှိတဲ့ စည်းကမ်းကိုလည်းဖယ်ရှားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ နှစ်စဉ်ကျင်းပနေတဲ့ Global Gender Gap အစီရင်ခံစာ ကိုနိုင်ငံရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုအပြင် ကျန်းမာရေး၊ပညာရေးနဲ့ စီးပွားရေးပါဝင်မှုတို့ကို ထည့်သွင်းစဉ်းစားတဲ့အဆင့်မှာ နိမ့်ကျနေပြီး ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့အဆင့် ၁၄၆ မှာ ၁၁၆ နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ 

အစိုးရဟာ အမျိုးသမီးတွေချုပ်ကိုင်ထားရမယ့် စီးပွားရေးနဲ့ နိုင်ငံရေးမှာ ခေါင်းဆောင်ရာထူး အနည်းဆုံး (၃၀) ရာခိုင်နှုန်းအတွက် ဆယ်စုနှစ်နှစ်ခုနီးပါးကြာလုပ်ဆောင်ဖို့ နှောင့်နှေးခဲ့တာ ဖြစ်ပါတယ်။ 

ဝေဖန်သူတွေကတော့ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ ပြန်လည်ပြင်ဆင်တဲ့အထိ ခြောက်လကြာ အိမ်ထောင်ပြုတာကို တားမြစ်ထားတဲ့ ၁၈၉၆ ဥပဒေကို ရုပ်သိမ်းဖို့နဲ့ မဲဆွယ်စည်းရုံးခဲ့ပြီး ခေတ်နောက်ကျပြီးခွဲခြားဆက်ဆံခံရတာတွေကို ပြောင်းလဲမယ်လို့ ဆိုခဲ့ကြပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.