ဟိုင်ဂျပ် ဝတ်ရမယ်ဆိုတဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုကြောင့် နိုင်ငံမတည်ငြိမ်ဖြစ်လာနိုင်တယ်လို့ အီရန်အရှာရှိတွေ သတိပေး

0
5839

တီဟီရန်၊ အောက်တိုဘာ (၄)

ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားစဉ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေဟာ နိုင်ငံကို မတည်ငြိမ် ဖြစ်လာစေတယ်လို့ အီရန်ပါလီမန်လွှတ်တော်ဥက္ကဋ္ဌက သတိပေးပြောကြားခဲ့ပြီး အန္တရာယ်ဖြစ်စေတဲ့သူတွေကို ပြင်းထန်စွာ ကိုင်တွယ်ဖို့ လည်း တိုက်တွန်းခဲ့ပါတယ်။ 

တီဟီရန် မြို့တော်မှာ အသက်(၂၂) နှစ်အရွယ် အမျိုးသမီးကို ကျင့်ဝတ်စောင့်ကြည့်ရေးရဲ တပ်ဖွဲ့က ဘာသာရေးနဲ့ မကိုက်ညီ တဲ့ ဝတ်စားဆင်ယင်ပုံကို လိုက်နာခြင်းမရှိလို့ဆိုကာ ဖမ်းဆီးခဲ့စဉ်မှာ အဲဒီအမျိုးသမီးငယ်ဟာ သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ထောင်နဲ့ ချီတဲ့ အီရန်ပြည်သူတွေဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြတာပါ။ 

တီဟီရန်မှာ  နေရာအနှံ့ဖြစ်ပေါ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြီး အခြားမြို့တွေမှာလည်း  လုံခြုံရေး တပ်ဖွဲ့တွေနဲ့  ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် အင်တာနက်တွေကို ပိတ်ပစ်ဖို့ အစိုးရက စီစဉ်နေတယ်လို့ လည်း အောက်တိုဘာ ၂ရက်နေ့က ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

ယခင်တုန်းကတော့ ဆန္ဒပြပွဲတွေက ပြုပြင်ပြောင်းလဲရေးတွေအတွက် ရည်ရွယ်ဆန္ဒပြခဲ့ကြပေမယ့် အခုချိန်မြှတော့ အစိုးရကို ဖြုတ်ချဖို့အတွက် ရည်ရွယ်နေတာဖြစ်တယ်လို့လည်း မိုဟာမက် ဘဂါဂါ ကာလီဘတ်က လွှတ်တော်အမတ်တွေကို ပြောပါတယ်။

“ယခင်ဆန္ဒပြပွဲတွေရဲ့ အရေးကြီးတဲ့ အချက်ကတော့ ပြုပြင်ပြောင်းလဲရေးကို လိုလားနေပြီး စနစ်ကို ဖြုတ်ချဖို့ ရည်ရွယ်တာ မဟုတ်ဘူး။ အခုဆန္ဒပြမှုတွေကနေ နိုင်ငံမတည်ငြိမ်ဖြစ်ပြီး  ပြိုလဲမသွားစေဖို့ တောင်းဆိုပါတယ်” ဟု မစ္စတာကာလီဘတ်က ဆက်လက်ပြောကြားပါတယ်။

ဆန္ဒပြသူတွေဟာ အမျိုးသမီးတွေအပေါ်ဖိနှိပ်ဆက်ဆံတာတွေအတွက် ဒေါသထွက်ခဲ့ကြပြီး ၁၉၇၉ ခုနှစ်ကတည်းက အီရန်ကို အုပ်စိုးခဲ့တဲ့ ဘာသာရေးဆက်နွယ်တဲ့အဖွဲ့ကို ဖြုတ်ချဖို့ တနိုင်ငံလုံးမှာ ဆန္ဒပြမှုတွေ အရှိန်အဟုန်နဲ့မြှင့်တက်လာခဲ့ပါတယ်။  

ပြီးခဲ့တဲ့ စက်တင်ဘာ (၁၇) ရက်က ဆန္ဒပြပွဲတွေ စတင်ချိန်မှစလို့ အနည်းဆုံး ဆန္ဒပြသူ (၄၁) ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့တာပါ။

ပါလီမန်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ကာလီဘတ်ဟာ အရံ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်မှာ  သြဇာကြီးတဲ့ တပ်မှူးဟောင်း တစ်ဦးဖြစ်ပြီး သူဟာ နိုင်ငံတော်ရဲ့  အရေးကြီးတဲ့ ကိစ္စရပ်တိုင်းကို ကိုင်တွယ်ဖြေရှင်းပေးနေတဲ့ အဆင့်မြင့်အရာရှိ သုံးဦးထဲမှ တစ်ဦးလည်းဖြစ်ပါတယ်။ 

Ref: Independent ie

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.