ထိုင်းဆူရတ်ဌာနီခရိုင်က လိင်အလွဲသုံးစားလုပ်တယ်လို့စွပ်စွဲခံထားရသူတွေရဲတပ်ဖွဲ့မှာ လာရောက်ဖြေရှင်း

0
6234

ဘန်ကောက် – ဇူလိုင်(၁၄)

ကလေးသူငယ်နဲ့ လူငယ်ရေးရာဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ်နဲ့ ကလေးသူငယ် ရောင်းဝယ်မှုမှာပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ ဆူရတ်ဌာနီခရိုင်က ကလေးသူငယ်နဲ့ မိသားစုရေးရာ ကယ်ဆယ်ရေးစင်တာရဲ့ တာဝန်ရှိသူတို့ဟာ ရဲတပ်ဖွဲ့ထံကိုလာရောက်ဖြေရှင်းခဲ့ ကြပါတယ်။ 

အသက်(၅၅) နှစ်အရွယ်ဖိဆစ်ပွန်ပီပတ်နဲ့ အသက်(၃၃) နှစ်အရွယ်ဆူဝတ်ဖာအိုဖန် တို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက လိင်ကုန်ကူးတဲ့ကွင်းဆက်နဲ့ ဆက်နွယ်နေတယ်ဆိုပြီး ဆူရက်ဌာနီခရိုင် ဒေသန္တရ က နေရာ(၁၈) နေရာကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အရှုတ်တော်ပုံမှာ ပါဝင်လာခဲ့ကြတာပါ။

လက်ထောက်ညွှန်ကြားရေးမှူးချုပ်မစ္စတာဖိဆစ်က ကယ်ဆယ်ရေးစင်တာက ကလေးတွေကို ဖုန်းခေါ်ဆိုပြီး လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးဖို့ ဆွဲဆောင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ချိန်ကစလို့ မစ္စတာဖိဆစ်နဲ့ တခြားနယ်နယ်အရာရှိတွေ၊စစ်သားတွေ၊ဆရာတွေနဲ့ဆရာဝန်တွေအပါအဝင် အရာရှိအများအပြားဟာ ဒီကိစ္စနဲ့ ပါဝင်ပတ်သက်နေကြတာတယ်လို့ သိရပါတယ်။ 

ကလေးငယ်တွေထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပတ်သက်ပြီး သူတို့နှစ်ဦးကို စခန်းမှူးက တိုင်ကြားခဲ့ ပြီးနောက်ထပ်ဖမ်းဆီးခံရဖွယ်ရှိတဲ့အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုတာတွေ မပြုလုပ် ဖို့ခြိမ်းခြောက်တာတွေရှိခဲ့ပါတယ်။ 

မစ္စတာဖိဆစ်ဟာ သေဆုံးသူတွေနဲ့ ဖောက်သည်တွေကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးပမ်းတာတွေကို ဟန့်တားနိုင်အောင် ကယ်ဆယ်ရေးစင်တာအကြီးအကဲကို အမိန့်ပေးပြီး ရဲတပ်ဖွဲ့ရဲ့ စုံစမ်း စစ်ဆေးမှုမှာဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းခဲ့သလို မစ္စတာဆူဝပ်ကတော့ သေဆုံးသူ တွေကို ရဲအရာရှိတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး သူတို့ရဲ့အပြစ်တွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ ကြ တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ မစ္စတာဖိဆစ်ကို တရားမျှတမှု နှောင်ယှက်မှုနဲ့ စွဲချက်တင်ထားပြီး မစ္စတာ ဆူဝပ် ကိုလည်း အဲ့ဒီစွဲချက်အပြင် ကိုယ်ထိလက်ရောက်နှိပ်စက်ညှဉ်းပန်းမှုနဲ့ပါစွဲချက်တင်ထားပါတယ်။ 

မစ္စတာဆယ်ဂရော့ပ်ဟာ သူ့ရဲ့တရားဝင်ဇနီးမဟုတ်တဲ့ အသက်(၁၅) နှစ်အောက်မိန်းကလေး တစ်ဦးကို လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့ပြီး အုပ်ထိန်းသူထံကနေ ကလေးကို လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်နဲ့ လုယူသွားတယ်လို့ စွပ်စွဲခံထားရပါတယ်။ 

စုံစမ်းစစ်ဆေးမှုမှာ ဝင်ရောက်စွက်ဖက်နိုင်ဖွယ်ရှိတဲ့ စိုးရိမ်မှုတွေကြောင့် ရုံးတင်စစ်ဆေးချိန် အထိ မစ္စတာ ဆယ်ဂရော့ပ်ကို ဆူရက်ဌာနီခရိုင်ဒေသန္တရ တရားရုံးမှာ ထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။ 

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.