ပထမဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားခန့်အပ်

0
5082

ပြုံယမ်း – ဇွန်(၁၃) 

မြောက်ကိုရီးယားနိုင်ငံက ပထမဆုံးအမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးအဖြစ် ထိပ်တန်း နျူကလီးယား ညှိနှိုင်းရေးမှူး ချိုဆွန်ဟူကို ခန့်အပ်လိုက်တာဖြစ်ပြီး အမေရိကန်က နျူ စမ်းသပ်မှုတွေပြုလုပ်နေတာနဲ့ ပတ်သက်ပြီး သတိပေးနေတဲ့ကြားက ခန့်အပ်လိုက်တယ် လို့ ကြေညာခဲ့ပါတယ်။ 

ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးမှာ ချိုဆွန်ဟူ ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခေါင်းဆောင် ကင်ဂျုံအီက ခန့်အပ်လိုတာ လို့ နိုင်ငံပိုင် မီဒီယာ KCNA က ဖော်ပြခဲ့ပါတယ်။ 

ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ပြီး မြောက်ကိုရီးယားက သူတို့ရဲ့ လက်နက် စမ်းသပ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေချိန် သူမကို ခန့်အပ်လိုက်တာဟာ ကိုရီးယားကျွန်း ဆွယ်မှာတင်းမာမှုတွေပိုမိုဖြစ်ပွားစေနိုင်တယ်လို့ နိုင်ငံတကာ မီဒီယာတွေက ဝေဖန်ထားပါတယ်။

မြောက်ကိုရီးယားရေးရာ အမေရိကန်အထူးကိုယ်စားလှယ် မစ္စတာ ဆောင်းကင်မ်က မြောက်ကို ရီးယားဟာ (၇) ကြိမ်မြောက်နျူကလီးယားစမ်းသပ်မှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် ကယုံကြည်နေပြီး နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီက မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ လက်နက်စမ်းသပ်မယ့်နေရာကို အဆင်သင့်ပြင်ဆင်ထားနိုင်တယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြော ဆိုထားပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီးအသစ်ချိုဆွန်ဟူဟာ လေးပါတီနျူကလီးယားညှိနှိုင်းမှုမှာ မြောက်ကိုရီး ယား ကိုယ်စားလှယ်တွေအတွက် စကားပြန်အဖြစ် ၁၉၉၇ ခုနှစ်က ပထမဆုံး မီဒီယာတွေရှေ့ မှာ ထွက်ပေါ်လာဖူးပါတယ်။ 

ဒါ့အပြင် ၂၀၀၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့ (၆) ပွင့်ဆိုင်ဆွေးနွေးပွဲတွေမှာလဲ စေ့စပ်ညှိနှိုင်းရေးမှာ ပါဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ကျင်းပခဲ့တဲ့ အမေရိကန် နဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ ခေါင်းဆောင် ကင်ဂျုံအီနဲ့ အတူ ပါဝင်ထားသူဖြစ်ပါတယ်။ 

ချိုဟာ အမေရိကန်- မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးပွဲတွေမှာ အဓိက အခန်းကဏ္ဍက နေပါဝင်ခဲ့သူဖြစ်ပြီး အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် သမ္မတ သက်တမ်းမှာ အမေရိ ကန်နဲ့ စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုကို ကြိုးပမ်းလာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မြောက်ကိုရီး ယား နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြလာတဲ့ သူမရဲ့ ပြောဆိုချက်တွေဟာ နျူကလီးယားပိုင်နိုင်ငံ တစ်နိုင်ငံက ခြိမ်းခြောက်ပြောဆိုမှုတွေဖြစ်လာခဲ့ပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံနိုင်ငံခြားရေးဝန်ကြီအသစ် ချိုဆွန်ဟူကို ၁၉၆၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူမဟာ ဝန်ကြီးချုပ်ဟောင်း ချိုယောက်အင်မ်ရဲ့ သမီးဖြစ်ပါတယ်။ 

Ref: CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.