တိုကျို၊ စက်တင်ဘာ ၉
ဂျပန်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ နိုင်ငံ့အရေးပေါ်အခြေအနေကို တိုကျိုနှင့် အိုစကာမြို့အပါအဝင် ၁၉ မြို့များတွင် စက်တင်ဘာလကုန်အထိ တိုးမြှင့်ရန် အစီအမံတစ်ရပ်ကို ရေးဆွဲလိုက်ပါသည်။
ကျွမ်းကျင်ပညာရှင်များပါဝင်သော အဆိုပါအကြံပေးအဖွဲ့က ၎င်းအစီအမံကို ကြာသပတေးနေ့က ကျင်းပသော အစည်းအဝေး၌ ရှင်းလင်းတင်ပြခဲ့ပါသည်။ မူလတွင် ဂျပန်နိုင်ငံ၏ ၂၁ မြို့များ၌ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ နိုင်ငံ့အရေးပေါ်အခြေအနေကို စက်တင်ဘာ ၁၂အထိ သတ်မှတ်ထားရှိခဲ့သည်။
အသစ်ပြဌာန်းလိုက်သော အစီအမံအောက်တွင် မီယာဂီမြို့နှင့် အိုကာယာမာမြို့များကို တစိတ်တပိုင်း အရေးအပေါ် အတိုင်းအတာများအဖြစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အစားထိုးသတ်မှတ်ပေးပါလိမ့်မည်။
လက်ရှိကာလတွင် တစိတ်တပိုင်အရေးပေါ်အတိုင်းအတာများကို သတ်မှတ်ထားသော မြို့နယ် ၁၂ နေရာအနက်မှ တိုယာမာ၊ ယာမန်နာရှီဦ ကိုချီ၊ ဆာဂါနှင့် နာဂါစကီ စသည့် မြို့နယ် ၆ မြို့နယ်တွင် ၎င်းအတိုင်းအတာများသည် ယခုလ အကုန်ထိ ဆက်လက်အကျုံးဝင်နိုင်ပါသည်။
အပြောင်းအလဲများအဖြစ် နိုင်ငံ့အရေးပေါ်အခြေအနေအောက်တွင် ၁၉ နေရာကိုထည့်သွင်းထားနိုင်ပြီး တစိတ်တပိုင်းအရေးပေါ်အတိုင်းအတာများအောက်တွင် ၈ နေရာကို ထည့်သွင်းနိုင်ပါလိမ့်မည်။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး၏ အကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည့် ဝန်ကြီး Nishimura Yasutoshi က မီယာဂီနှင့် အိုကာယာမာမြို့များမှလွဲ၍ ယခုအခါ နိုင်ငံ့အရေးပေါ်အခြေအနေအောက်တွင် ကျန်ရှိသော မြို့များအားလုံး၏ ဆေးဘက်ဆိုင်ရာစနစ်သည် အားစိုက်ဆောင်ရွက်ဆဲဖြစ်သည်ဟု ပြောဆိုခဲ့သည်။
လူစည်ကားရာနေရာများသို့ သွားရောက်ခြင်းနှင့် စီးပွားရေးဆိုင်ရာ ပရဝုဏ်များအတွင်း လာရောက်သူများ အများ အပြားဖြစ်ပေါ်ခြင်းကို မရှိစေရန် လူထုထံသို့ အသိပေးတောင်းဆိုမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဝန်ကြီးမှ ပြောကြားခဲ့သည်။ အဝေးရောက်အလုပ်လုပ်ခြင်း (Remote Working) ကိုလည်း ဆက်လက်တိုးမြှင့် ပြဌာန်းသွားမည်။
ဝန်ကြီး Nishimura က ဆေးကုသစနစ်ကို ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ဆောင်ရန် အရေးကြီးပြီး အသစ်ဖြစ်ပေါ်ကူးစက်မှုများကို ကျဆင်းသည့် အခြေအနေကို ရောက်ရှိရန် သေချာအောင် လုပ်ဆောင်ရမည်ဟု ပြောကြားခဲ့သည်။
ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုနှင့်သာ ဂျပန်နိုင်ငံအစိုးရသည် ကူးစက်မှုကိန်းဂဏန်းကို ကျဆင်း အောင် လုပ်ဆောင်သွားနိုင်မည်ဖြစ်ပြီး ဆေးကုသစနစ်တွင်ဖြစ်ပေါ်နေသာ ဝန်ပိုများကိုလည်း လျှော့ချနိုင်မည်ဟု အဆိုပါ ဝန်ကြီးမှ ပြောကြားခဲ့သည်။
၎င်းအစီအမံကို ကြာသပတေးနေ့ ညနေပိုင်းတွင် အစိုးရအလုပ်အဖွဲ့အစည်းအဝေးတွင် အဆုံးသတ်ဆွေးနွေးနိုင်ခဲ့ ကြပြီး ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍လည်း ဝန်ကြီးချုပ် Suga Yoshihide သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြသွားမည်ဟု ပါရှိပါသည်။
ဘာသာပြန် – အောင်မျိုးမြတ်
Ref – NHK

