May 2019

သမ္မတရုံး၏ညွှန်ကြားချက်ကိုကျော်လွန်၍ ဒေါ်အောင်ဆန်းစုကြည်၏နှုတ်မိန့်ဖြင့် ဆောင်ရွက်သည်ဟုဆိုသော သန်း(၁၀၀၀)တန် ကျေးရွာချင်းဆက်လမ်း

မော်လမြိုင်၊ မေ ၄ ဘတ်ဂျက် ကျပ်သန်း(၁၀၀၀)ခန့်သုံးစွဲထားသည့် အောင်သပြေ – နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို တင်ဒါမခေါ်ပဲ ကုမ္ပဏီအားလုပ်ပိုင်ခွင့်ပေးအပ်ရခြင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်မိန့်ဖြင့်ခွင့်ပြုတာကြောင့် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မေလ (၃)ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ Mini ဘတ်ဂျက်တွင် အောင်သပြေ – နှစ်ကရင် ကျေးရွာချင်းဆက်လမ်းပိုင်း…

အစိုးရသက်တမ်းအတွင်း မွန်ပြည်နယ်၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ သန်း(၆၀၀)ကျော် ဝင်ရောက်ခဲ့

မော်လမြိုင် မေ ၁၇ ယခုအစိုးရသက်တမ်း(၃)နှစ်အတွင်း မွန်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (၁၄) ခု ၊ အမေရိကန်ဒေါ်လာ (၆၂၂.၄၇၈) သန်းခန့် ဝင်ရောက်ခဲ့ကြောင်း မွန်ပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီဌာန စာရင်းများအရ သိရသည်။ ဝင်ရောက်ခဲ့သည့် ရင်းနှီးမြုပ်နှံမှုများတွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) မှ ခွင့်ပြုသည့်လုပ်ငန်း (၁၀)ခုနှင့် ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီမှ ခွင့်ပြုခဲ့သည့် လုပ်ငန်း…

ဈေးသူ/သားများ၏ ဆန္ဒကြိုတင်မယူဘဲ ဆောင်ရွက်သည့် ပြည်နယ်အစိုးရ၏ဈေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကန့်ကွက်ခံရ

မော်လမြိုင်၊ မေ ၂၂ ဈေးသူဈေးသားများ၏ ဆန္ဒသဘောထားများ ကြိုတင်ရယူခြင်းမရှိဘဲ ဆောင်ရွက်နေသည့် ပြည်နယ်အစိုးရ၏ ဈေးဖွံ့ဖြိုးရေးလုပ်ငန်းများ ကန့်ကွက်မှုကို ရင်ဆိုင်နေရကြောင်း သိရသည်။ ဘဏ္ဍာငွေ ကျပ်သန်း(၁၆၀၀)ကျော်အသုံးပြု၍ မော်လမြိုင်မြို့ပေါ် ရပ်ကွက်ဈေးလေးခုနှင့် ကျိုက်မရော မြို့မဈေးတို့ကို အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်သွားရန် ပြည်နယ်အစိုးရမှ ဆောင်ရွက်နေခြင်း ဖြစ်သည်။ ရွှေမြိုင်သီရိဈေး နှင့် မြိုင်သာယာဈေးတို့ကို အဆင့်မြှင့်တင်မည့် စီမံကိန်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရမှ ဈေးသူဈေးသားများအား…

ရွှေမြိုင်သီရိဈေး အဆင့်မြှင့်တင်မှုနဲ့ ပတ်သတ်ပြီး လာမည့် တနလာၤနေ့နောက်ဆုံးထား၍ သဘောထားပေးပို့ရန် ဝန်ကြီးချုပ်ပြော

မော်လမြိုင်၊ မေ ၂၄ ရွှေမြိုင်သီရိဈေးအဆင့်မြှင့်တင်ဖို့အတွက် ဈေးသူဈေးသားများနှင့် ရပ်ကွက်သူရပ်ကွက်သားများအကြားတွင် သဘောထားကွဲလွဲမှုတွေ ရှိနေသည့်အတွက် လာမည့်တနလာၤနေ့တွင် နောက်ဆုံးသဘောထားပေးပို့ရန် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ ပြောဆိုခဲ့သည်။ ရွှေမြိုင်သီရိရပ်ကွက် ကျောင်းတိုင်ဘုန်းတော်ကြီးကျောင်းတွင် မေလ (၂၃)ရက်နေ့က ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ရွှေမြိုင်သီရိ ဈေးသူဈေးသားများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “ ပြည်သူလူထုသက်သာချောင်ချိစေရေးအတွက် ပြည်နယ်အစိုးရအနေနဲ့ ဈေးတွေမှာ ရင်းနှီးမြုပ်နှံပေးနေတာပါ” ဟု…

လမိုင်းမြို့မှ ကျပ်ဘီလီယံ(၂၀)ကျော်တန် အွန်လိုင်းလေလံမဲ အဓိကရုဏ်း

မော်လမြိုင်၊ မေ ၂၅ လမိုင်းမြို့ရဲ့ နေဝင်ချိန် ညဘက်တွေမှာ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အမျိုးသားတွေဟာ ရပ်ကွက်ထိပ်လမ်းမများတွင် အစုအဖွဲ့ကိုယ်စီနှင့် လုံခြုံရေးလှည့်ကင်း ဆောင်ရွက်နေကြသည်။ ယင်းမြင်ကွင်းဟာ မေလ ၂၂ ရက်နေ့က စတင်ခဲ့သည့် အွန်လိုင်းလေလံမဲစနစ်လိမ်လည်မှုကြောင့် လမိုင်းမြို့တွင် ဆူပှုအကြမ်းဖက်မှုတွေ ဖြစ်ပွားလာပြီးနောက် မိမိတို့၏နေအိမ် လုံခြုံရေးအတွက် တစ်အိမ်လျှင် အမျိုးသားတစ်ယောက်နှုန်းဖြင့် ကင်းစောင့်နေကြခြင်း ဖြစ်သည်။ အွန်လိုင်းလေလံမဲကစားကြရာမှ သတ်မှတ်ထားသည့်ရက်တွင်…