သရုပ်ဆောင်ချောရတနာဟာ “ ဥ” ဆိုတဲ့ ဟာသရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ဆွတ်ခူး ရရှိခဲ့ပြီးနောက် လက်ရှိမှာတော့ “ဥခွံ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို နေဒွေး၊ ရွှေမှုံရတီ၊ စိုးမြတ်သူဇာ တို့နဲ့ ရိုက်ကူးနေတဲ့အတွက် ဇာတ်ကားရိုက်ကူးဖြစ်ပုံနဲ့ ပတ်သတ်ပြီး သံလွင်တိုင်းမ်ကို အခုလိုပြောပြ ခဲ့ပါတယ်။

တင်ဆက်သူ-TU Arkar Min

မေး-ဥ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီ ရခဲ့တယ်။ အခုလည်းဥခွံဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖြစ်ပုံလေးပြောပြပါဦးအစ်မ။

ဖြေ-ဒီကားက မိခင်မေတ္တာဖွဲ့ ဇာတ်ကားလေးလည်းဖြစ်တယ်။ မန်နေဂျာက ဇာတ်လမ်းအကျဉ်းလေး ပြောပြတော့ ကိုယ်လည်းသဘောကျတာနဲ့ ရိုက်ဖြစ်သွားတာပါ။ ဒီကားမှာ ကလေးမရနိုင်တဲ့ ရွှေမှုံရတီ ရဲ့ အစ်မနေရာကနေ သရုပ်ဆောင်ထားပါတယ်။ အကယ်ဒမီ ရယ်လို့တော့ မှန်းပြီးရိုက်တာတော့ မဟုတ်ပါဘူး။ အရင် ဥ ဇာတ်ကားက ဟာသကား အခုက မိခင်မေတ္တာဖွဲ့ဆိုတော့ ဇာတ်လမ်းကတော့ မတူပါဘူး။

မေး- အခုဆိုရင် သားသမီးတွေလည်းရှိလာပြီဆိုတော့ အနုပညာအလုပ်လုပ်ရတာ အရင်ကထက် အခက်အခဲတွေ ပိုရှိနေမလား။

ဖြေ-ရှိတယ်။ သားသားက ကိုယ့်ဆီမှာပဲနေချင်တယ်။ နည်းနည်းလေးအခက်ခဲတော့ဖြစ်တယ်။ အပျို တုန်းကနဲ့တော့ မတူတော့ဘူးပေါ့။ အလုပ်လုပ်ရတာ သိပ်အဆင်မပြေတဲ့အတွက် ဇာတ်ကားတွေ နည်းနည်းပါးပါးပဲ ရိုက်ကူးဖြစ်တာပါ။

မေး-နောက်ထပ်ရုပ်ရှင်ကားကြီးတွေရိုက်ကူးဖို့ ကမ်းလှမ်းလာမယ်ဆိုရင်ရော မချော ရိုက်ဖို့ အစီစဉ် ရှိလား။

ဖြေ-ကိုယ့်အတွက် နေရာလည်းရမယ်။ဇာတ်လမ်းကလည်း ချောနဲ့ အဆင်ပြေမယ်ဆိုရင် လက်ခံပြီး ရိုက်ဖြစ်မှာပါ။

မေး-အရင်က ချောရတနာနဲ့ အခုချောရတနာ ဘာတွေကွာခြားသွားပြီလဲ။

ဖြေ-ဘာတွေ ကွာခြားသွားလဲဆိုတော့ ကလေးအမေ ဖြစ်သွားတာပေါ့ (ရယ်လျက်)။ အနုပညာနဲ့ ပတ် သတ်ပြီးတော့ ပြောရရင် အခုရိုက်နေတဲ့ ကားက ကိုယ်ကိုယ်တိုင် မိခင်တစ်ယောက်ဖြစ်လာတဲ့ အတွက် အရင်တုန်းကနဲ့ ခံစားမှုတွေ မတူတော့ ဘူးပေါ့။မိခင်တစ်ယောက်ရဲ့ မေတ္တာကို သိရှိလာတဲ့ အတွက် ပိုပြီးလုပ်ရတာအဆင်ပြေပါတယ်။

မေး-အစ်မရဲ့ သားလေးနဲ့လည်း ပရိတ်သတ်တွေကို မိတ်ဆက်ပေးပါဦး။

ဖြေ-သားလေးက နှစ်နှစ် နဲ့ ခြောက်လ ရှိပါပြီ။ နာမည်က ကောင်းသုတကျော်ပါ။

မေး- ကိုယ့်ရဲ့သားလေးကိုရော ဘယ်လိုမျိုးဖြစ်စေချင်လဲ။

ဖြေ-ချောတို့ သားလေးကို ဘာဖြစ်ရမယ်ဆိုပြီး မရည်ရွယ်ပါဘူး။ အဓိက ဖြစ်စေချင်တာက မိဘတွေရဲ့ ထုံးစံအတိုင်း ပညာတတ်ဖြစ်စေချင်တယ်။ ဘာသာ အကျိုး၊ သာသနာအကျိုး သယ်ပိုးနိုင်တဲ့ သား ကောင်းရတနာတစ်ယောက်ဖြစ်စေချင်ပါတယ်။ ဒါက ချောတို့ရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒပါပဲ။ သူက အနု ပညာ ဝါသနာပါတယ်ဆိုရင်လည်း သူ့ရဲ့ ဝါသနာ အရ ဖြည့်ဆည်းပေးသွားမှာပါ။ သားကို ဘာဖြစ်ရ မယ် အဆင့်ဆိုလည်း (၁) မှာ ဝင်ရမယ် အဲ့လိုမျိုးကြီး တွန်းအားပေးတာမျိုးတော့ မလုပ်ပါဘူး။

မေး-မချောကို အရင်ကရော အခုချိန်ထိရော အားပေးနေကြတဲ့ ပရိတ်သတ်တွေကို စကား လက်ဆောင်လေးပါးပေးပါဦး။
%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%9b%e1%80%90%e1%80%94%e1%80%ac
ဖြေ-ကားရိုက်တာတွေနည်းသွားပေမယ့် ယနေ့အချိန်ထိ အားပေးနေကြတဲ့ Facebook က ပရိတ် သတ်တွေရော မိတ်ဆွေ သူငယ်ချင်း ချစ်ပရိတ်သတ်တွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ချောတို့ ဘက်ကလည်း အတတ်နိုင်ဆုံးတော့ ဝေဖန်တာလေးတွေကို သေချာလေ့လာပြီး အကောင်း ဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်။

အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ ကောင်းသုတကျော် ရဲ့ အမေ အကယ်ဒမီ ချောရတနာ ရဲ့ ဖွင့်ဟသံလေးတွေ ဖတ်လိုက်ရလို့ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ပတ်မှာလည်း ဘယ်အနုပညာရှင်တွေ ရဲ့ လှုပ်ရှားမှုလေးတွေကို တင်ဆက်ပေးသွားဦး မလဲဆိုတာ ဆက်လက်စောင့်မျှော် ဖတ်ရှုနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.