ကလေးမုဒိမ်းဖြစ်စဉ်အတွက် ဘယ်လိုကာကွယ်သင့်သလဲ

0
12328

မြန်မာနိုင်ငံတဝှမ်းလုံးတွင် ကုလေးမုဒိမ်းဖြစ်စဉ်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသလို မွန်ပြည်နယ် တွင်လည်း မကြာခဏဆိုသလို ကုလေးမုဒိမ်းမှုဖြစ်စဉ်များ သတင်းမီဒီယာများတွင် နေရာယူနေသည် ကို တွေ့ရမည်ဖြစ်ပါသည်။ ကလေးမုဒိမ်းဖြစ်စဉ်မဖြစ်ပေါ်ရေးအတွက် မည်ကဲ့သို့ ကာကွယ်သင့် ကြောင်း နယ်ပယ်အသီးသီးမှ ပြည်သူများ၏အသံကို သံလွင်တိုင်းမ်ဂျာနယ်မှ စုစည်းဖော်ပြလိုက်ရပါ သည်။

u-than-zaw-mawlamyine
ဦးသန်းဇော် (မော်လမြိုင်)
သက်ငယ်မုဒိမ်း ဖြစ်ရတဲ့အကြောင်းတွေက အုပ်ထိန်းသူမိဘတွေရဲ့ တာဝန်မကင်းဘူး။ နောက်တခု က ဘာသာရေးအဆုံးအမနဲ့ကင်းဝေးနေလို့ ငါးပါးသီလမှာကာမေသုဆိုတာပါတယ်။ လိုက်နာကျင့်ကြံ ဖို့လိုတယ်။ မီဒီယာအနေနဲ့လည်း ပညာပေးစည်းရုံးမှုတွေလုပ်ပေးရမယ်။ ဘာသာတရားတိုင်းကလည်း အကျင့်စာရိတ္တ ကောင်းမွန်ရေးအတွက်သင်ကြားမှုပြုဖို့လိုတယ်။ ချိန်းတွေ့ကြတဲ့လူငယ်တွေ မူးယစ်ဆေးသုံးစွဲတဲ့လူငယ်တွေကျတော့ မိဘက စနစ်တကျထိန်းသိမ်းကြပ်မတ်ကြဖို့လိုတယ်။ ဆင်းရဲမွဲတေ မှုကြောင့် မိဘတွေက စီးပွားရေးစားဝတ်နေရေးတွေကြားမှာပဲလုံးပန်းနေကြရတော့ ကလေးတွေနဲ့ နီးကပ်ထိန်းကြောင်းပေးနိုင်မှုလစ်ဟာနေတဲ့အချက်ကို သတိပြုသင့်ကြပြီ။ အဖော်နဲ့သွားလာ ပါအချိန်အခါမဲ့ မသွားလာကြနဲ့လို့ပြောလိုပါတယ်။

daw-mon-mon-oo
ဒေါ်မွန်မွန်ဦး
သံဖြူဇရပ်မြို့နယ်
ပြစ်မူပြစ်ဒဏ်ကို ကြီးလေးစွာချဖို့မူးယစ်ဆေးဝါးကြောင့်သက်ငယ်မုဒိမ်းတွေလည်း ဖြစ်နေကြ တယ်။ အသိပညာပေးဟောပြောပွဲများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ဖို့ မိခင်များရဲ့ စွမ်းရည်မြှင့်တင်ပေး ဖို့လိုပါတယ်။ မိခင်တွေကလည်း သားသမီးတွေအပေါ်မှာ အုပ်ထိန်းမှုလိုပါတယ်။ သွားလာတဲ့ အခါ အချိန်နဲ့ အုပ်ထိန်းမှုနဲ့ အနှီးကပ်စောင့်ရှောက်ဖို့ လိုတယ်။ ကိုယ်သားသမီးက ငယ်တယ်ဆိုပြီး ပစ်ထား တာမျိုးမလုပ်သင့်ဘူး။

u-aung-moe-thu
ဦးအောင်မိုးသူ
သံဖြူဇရပ်
သက်ငယ်မုဒိမ်းဖြစ်ရတဲ့ အကြောင်းအရင်တွေက မိဘအုပ်ထိန်းမှုလဲလိုတယ်။ မိဘတွေက စားဝတ်နေရေး အဆင်မပြေတော့ သားသမီးတွေ အပေါ်မှာ တာဝန်ပေါ့ကြတာများတယ်။ အနီးကပ်ထိန်းသိမ်းလမ်းညွန် ဆုံးမဖို့ အချိန်တွေမပေးနိုင်ကြတော့ အဖြစ်များတာတွေ့ရတယ်။ ဘယ်လိုနေထိုင်သွားလာမူမျိုးလုပ်ရမယ်ဆိုတာ မိဘ တွေဘက်က သွန်သင်ဖို့၊ အခုခေတ်က အရက်သမားနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကများ တော့ ကောင်းမှု မကောင်းမှုတွေကို မစဉ်းစာတော့ဘူး။ ဒါကိုနိုင်ငံတော်ဘက်က တာဝန်ရှိသူတွေ အသိပညာပေးတွေလုပ်ပေးဖို့ လိုတယ်။ ထိရောက်တဲ့ ဥပဒေပြဌာန်းချက်တွေ စီရင်ချက်တွေချဖို့လိုပါတယ်။

daw-phyu-phyu-win
ဒေါ်ဖြူဖြူဝင်း
မုဒုံမြို့
ကိုယ့်သားသမီးကို ဘယ်လိုပဲစောင့်ရှောက်နေပါစေ ကျူးလွန်မယ့်သူက အလစ်အငိုက်ကိုစောင့်နေမှာပဲ။ လူ့ အသိ လူတိုင်းမှာရှိဖို့ သားသမီးချင်း၊ကိုယ်ချင်းစားတတ်ဖို့ အစိုးရကလည်း ကလေးသူငယ်တွေရဲ့ဘဝတွေ သူတစ်ပါးစော်ကားတိုက်ခိုက်မှုမခံရစေရန်အတွက် ဥပဒေအရ အကာအကွယ်ပေးနိင်ဖို့လည်းလိုတယ်၊ဒေသ ဆိုင်ရာအာဏာပိုင်များကလည်း ကလေးသူငယ်တွေရဲ့ ဘဝနေထိုင်မှုကို မိဘများနဲ့အတူ အလေးပေးဆောင်ရွက်ရန်အတွက်လည်းလိုပါတယ်။ လုံလောက်တဲ့အကာအကွယ်ပေးပြီးထိရောက်တဲ့တားဆီးပိတ်ပင်မှုတွေ လည်း ရှိသင့်တယ်။

ko-htet-aung
ကိုထက်အောင်
မုဒုံမြို့
ဒီဖြစ်စဉ်ဆိုတာက ကြားရုံနဲ့တင်ခွင့်မလွှတ်နိင်တဲ့လုပ်ရပ်တစ်ခုပဲ။ ဒါကိုထိရောက်တဲ့ဥပဒေအကာအကွယ်ပေးမှု အပါအဝင် မိဘတွေကလည်း ကိုယ့်ရဲ့အရွယ်မမယ်ကလေးငယ်တွေကို အခြားသူတစ်ဦးတစ်ယောက်အပေါ် မိမိကိုယ်ထက်မယုံကြည်မိဖို့ပါပဲ။

ma-shwe-zin
မရွှေစင်
သိမ်ဇရပ် ကျိုက်ထိုမြို့
ဖုန်းနဲ့ဖေ့ဘုတ်ကြောင့်လည်းရှိတယ်။ ဖေ့ဘုတ်ကနေခင်တယ်။ အပြင်မှာတွေ့ဖို့ခေါ်မယ် တွေ့တဲ့အခါတော့ မုဒိမ်းကျင့်ခံရတာရှိနိုင်တယ်။ အဓိကကတော့ ပြန်တောင်မ”ဟိုင်း”မိကြဖို့လိုတယ်။ သမီးတို့ရွာက ၆ မိုင်လောက်သွားပြီးကျောင်းတက်ရတာ သမီးက(၈)တန်းထိနေခဲ့တဲ့အရွယ်ကတခါတလေ တယောက်ထဲ ပြန်ရတဲ့အခါရှိ တယ်။ မိဘတွေကြိုပို့ပေးဖို့အကြံပေးချင်တယ်။ မိန်းကလေးအပေါင်းအသင်းရွေးပေါင်းစေချင်တယ်။ အကျင့်မကောင်းတဲ့အပေါင်းအသင်းကိုမပေါင်းကြဖို့ ကလေးမလေးတွေကိုသင်ကြားပေးထားသင့်တယ်။

u-saw-khin-soe
ဦးစောခင်စိုး
ဦးလေးကျေးရွာ၊ ကျိုက်မရော
ကလေးတွေကိုလူပြက်တဲ့နေရာတွေအလွယ်တကူခိုင်းတာတွေ စိတ်မချရတဲ့သူစိမ်းတွေနဲ့ အတူထားတာတွေ မလုပ်သင့်ပါဘူး။ ဒီလိုအဖြစ်မျိုးက ခွင့်လွှတ်ဖို့ စိတ်တောင်မကူးနိုင်ပါဘူး။ မိခဲ့ရင်လည်း တိတိကျကျ ထိရောက် အောင်အပြစ်ပေးသင့်တယ်။ ကျွန်တော့သဘောဆို သေဒဏ်ပါပေးသင့်တယ်လို့ မြင်တယ်။ ဒါမှနောက်နောင် မလုပ်ရဲလောက်ဘူးလို့ထင်ပါတယ်။

ko-myo-zaw-min
ဦးဇော်မျိုးမင်း (ရပ်ကွက်အုပ်ချုပ်ရေးမှူး)
အောင်မင်္ဂလာရပ်ကွက်၊ ရေးမြို့
သက်ငယ် ကလေး မုဒိမ်းဖြစ်စဉ်တော်တော်များများဟာ ကလေးနဲ့ရင်းနှီးတဲ့သူစိမ်းယောကျာၤးလေးတွေက ကျူးလွန်ခဲ့ကြတာတွေများပါတယ်။ သက်ငယ် မုဒိမ်းမှုတွေကိုလျော့ကျကာကွယ် စေချင်ရင်တော့ ကိုယ့်သား သမီးတွေကို ဘယ်လောက်ပဲရင်းနှီးနေတဲ့မည့်သည်သူစိမ်းယောကျာၤးလေးနဲ့မှစိတ်ချစွာလွှတ်မထားဖို့ သတိ ပေးချင်ပါတယ်။ ပြီးတော့မြန်မာနိုင်ငံရဲတပ်အဖွဲ့အနေနဲ့အဖြင့်လည်း မှုခင်းပညာပေးလှုံ့ဆော်မှုတွေ ဒီထက် များများပိုလုပ်ပေးဖို့ လိုမယ်ထင်ပါတယ်။ ကလေးအုပ်ထိန်းသူမိဘများအနေဖြင့်လည်း မိမိတို့ ကလေးတွေကို အရင်ကထက် ဂရုစိုက်ဖို့နဲ့ ဆောင်ရန်ရှောင်ရန်အသိအတိထားတတ်အောင် မိမိတို့ကလေးတွေကို သင်ကြား ပေးထားကြမယ်ဆိုရင် သက်ငယ် ကလေးမုဒိမ်းမှုတွေအတော်အသင့် ပပျောက်လျော့နည်းလာလိမ့်မယ်လို့ ထင်ပါတယ်။

u-phay-than
ဦးဖေသန်း
ချောင်းတောင်ကျေးရွာ၊ ရေးမြို့နယ်
အဓိကကတော့ မိဘအုပ်ထိန်းသူမှာ တာဝန်အရှိဆုံးပါ။ သားသမီးတွေကို အပြင်လွှတ်တဲ့အခါမှာ အချိန်မဲ့ အခါမဲ့မလွှတ်သင့်ဘူး။ ပတ်ဝန်းကျင်အခြေအနေကိုလဲ သုံးသပ်သင့်တယ်၊ ဥပမာ လူစိမ်းတွေရှိနေတာမျိုးပေါ့၊ ကလေးရဲ့ အသက်အရွယ်လိုက် လွှတ်သင့်/မသင့် ချင့်ချိန်ရမယ်၊ ကျောင်းသွားမယ်၊ မုန့်သွားမယ်၊ ကျူရှင်သွား မယ်ဆိုရင် လူခြေမသိတသိအချိန်တွေဆို တစ်ဦးတည်းမလွှတ်သင့်ဘူး။ အုပ်ထိန်းသူကိုယ်တိုင် လိုက်ပို့သင့် တယ်၊ အဓိကကတော့ အုပ်ထိန်းသူပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.