မောင်တောက စစ်ဘေးရှောင်တွေ အရေးပေါ် အကူအညီ လိုအပ်နေ
မောင်တော၊ အောက်တိုဘာ (၁) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မောင်တောမြို့ပေါ်ကို နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေအပြင် ဆေးဝါးကအစ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေထံမှ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မောင်တော မြို့လယ် ဓမ္မာရုံမှာ စစ်ဘေးရှောင်နေသူတွေ များပြားလာပြီး ဆေးဝါး အခက်အခဲမှစပြီး အခြေခံစားဝတ်နေရေးလိုအပ်ချက်တွေအပြင် သန့်စင်ခန်းမှာလည်း နှစ်လုံးသာရှိတာကြောင့် အခက်ခဲတွေ…
စစ်အာဏာသိမ်း (၆၀၇) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၂၇ ဦး အထိရှိလာ
မော်လမြိုင်၊ အောက်တိုဘာ (၁) AAPP ၏ စက်တင်ဘာလ (၃၀) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ (၆၀၇)ရက် အတွင်း ပြည်သူ (၂၃၂၇)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၆၉၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၂၁) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်၂၃ နှစ်အထိ ချမှတ်ခံထားရ
ရန်ကုန်၊ အောက်တိုဘာ (၁) အသက် ၇၇ နှစ်အရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မ အမျိုးမျိုးတပ်ပြီး မတရားစွဲဆိုထားတဲ့ အမှု ၁၂ မှုအတွက် ထောင်ဒဏ် ၂၃ နှစ်ထိ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြံပေး မစ္စတာရှောင်တာနယ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တာကြောင့်…
ကုမ္ပဏီတွေရဲ့ အချက်အလက် သိရှိခွင့်ပိတ်ပင်မှုဟာ စစ်ကောင်စီက ခရိုနီလက်သစ်တွေကို ကာကွယ်ပေးမှု ဖြစ်
ရန်ကုန်၊ အောက်တိုဘာ (၁) မြန်မာနိုင်ငံက ပြည်တွင်းပြည်ပကုမ္ပဏီတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို အခကြေးငွေပေးသွင်းပြီး ဝင်ရောက် ကြည့်ရှုနိုင်ခွင့် ပိတ်ပင်မှုဟာ စစ်ကောင်စီက ခရိုနီလက်သစ်တွေကို ကာကွယ်ပေးတာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မှတ်တမ်း အချက်အလက်တွေကို အခကြေးငွေနဲ့ ဝင်ကြည့်လို့ရတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့…
ခေါဇာနယ်မြေရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရ
ရေး၊ အောက်တိုဘာ (၁) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကဗျာကြီးကျေးရွားအနီးမှာ စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်က ခေါဇာနယ်မြေရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ခေါဇာမြို့၊ ခေါဇာနယ်မြေရဲစခန်းကနေ ရေးမြို့သို့ လစာလာထုတ်ဖို့ အိမ်စီးကားနဲ့ တက်လာတဲ့ ခေါဇာနယ်မြေရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့…
ဒေါ်လာနဲ့ ဘတ်ဈေး ဆက်တိုက်ကျဆင်းလာပေမယ့် ကုန်ဈေးနှုန်း ပြန်မကျသေး
မော်လမြိုင်၊ အောက်တိုဘာ (၁) ဒေါ်လာနဲ့ ဘတ်ငွေ ဈေးနှုန်းတွေဟာ စက်တင်ဘာလ နောက်ဆုံးအပတ်စကပြီး တဖြည်းဖြည်း ပြန်လည် ကျဆင်းလာ ပေမယ့် အခြေခံစားသောက်ကုန်အပါအဝင် ကုန်ပစ္စည်း ဈေးနှုန်းတွေကတော့ ထင်သလောက် ကျဆင်းလာခြင်း မရှိသေးဘူးလို့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေါ်လာနဲ့ ဘတ်ငွေ ဈေးနှုန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် တဖြည်းဖြည်း ပြန်လည် မြင့်တက်လာရာကနေ ဩဂုတ်လ…
တနင်္သာရီ ဘန်လောတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
တနင်္သာရီ၊ အောက်တိုဘာ(၁) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ ဘန်လောကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ ၂ ရက်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘန်လောကျေးရွာအနီးကို စစ်ကောင်စီတပ်က တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ မြိတ်ခရိုင်တပ်ရင်း(၂)၊ ဘက်မလိုက် ပြောက်ကျားအဖွဲ့အပါအဝင်…
Radio Than Lwin Times(26/9)
Youtube Link Sound Cloud Link
ဆော်လမွန်ကျွန်းနိုင်ငံတွေကို တရုတ်ဝင်ရောက်လာချိန်မှာ အမေရိကန်ပြည်ထောင်စုကလည်း ကောဇောနီခင်းတဲ့ သံတမန်ရေးကို စတင်
ဝါရှင်တန်၊ စက်တင်ဘာ (၃၀) ဒေသအတွင်း တရုတ်လွှမ်းမိုးမှုမြင့်တက်လာတာကို ရင်ဆိုင်နေရချိန်မှာ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ပစိ ဖိတ်ကျွန်းဆွယ်ခေါင်းဆောင်တွေအတွက် ကောဇောနီးခင်းတဲ့ ဆက်ဆံရေးကို ပြောင်းလဲလိုက်ပါတယ်။ ဝါရှင်တန်မှာ ကျင်းပတဲ့ ပထမဦးဆုံး ထိပ်သီးအစည်းအဝေးပွဲမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ အနိမ့်ပိုင်းမှာ တည်ရှိနေ တဲ့ ကျွန်းနိုင်ငံတွေကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုတွေဖြစ်သော ကပ်ဘေးတွေ၊ ရာသီဥတုပြောင်းလဲခြင်းတွေနဲ့ ပင်လယ်ရေကြောင်း လုံခြုံရေးကနေ ဖြစ်ပေါ်နိုင်တဲ့…
ICC မှာ အာဏာသိမ်းစစ်ကောင်စီ ကိုအရေးယူဖို့ မဲဆောက်ရောက်မြန်မာတွေ ဆန္ဒထုတ်ဖော်
မဲဆောက် – စက်တင်ဘာ(၃၀) အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံး ICC မှာ စစ်ဆေးအရေးယူပေးဖို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီနေ့ ဆန္ဒပြပွဲကို မြန်မာလူထုအသံလှုပ်ရှားမှုအဖွဲ့က ဦးဆောင်ခဲ့တာဖြစ်ပြီး ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေပါ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဓာတ်ပုံ – ဟိန်းအောင်၊ ဖိုတိုဒါန
