အရပ်သားပစ်မှတ်တွေကို ဘယ်တော့ တိုက်ခိုက်မှာ မဟုတ်ဘူးလို့ KNPPနဲ့ KNDF တုံ့ပြန်
လွိုင်ကော် – အောက်တိုဘာ(၁) ကယားပြည်နယ်၊လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင်လေယာဉ်တစ်စင်း ပစ်ခတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီက KNPP နဲ့ PDF တပ်ဖွဲ့တွေအပေါ် စွပ်စွဲပြောဆိုတာဟာ အဓိပ္ပါယ်မရှိဘူးလို့ KNPP နဲ့ KNDF တာဝန်ရှိသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့ KNPP အဖွဲ့ တွေက လွိုင်ကော်လေယာဉ်ကွင်းကို နှောင့်ယှက်ပစ်ခတ်တာတွေလုပ်ဆောင်နေတာဖြစ်တယ်လို့…
ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီဂိတ်စခန်း ၂ ခု တိုက်ခိုက်ခံရ
ကျိုက်ထို၊ အောက်တိုဘာ(၁) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာနဲ့ဝင်းကလော့ကျေးရွာရှိ စစ်ကောင်စီဂိတ်စခန်း ၂ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့ဝင်က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းမှာ မုပ္ပလင်ကျေးရွာ စစ်တောင်းတံတားလမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို KNLA ၊ PDF…
အာဏာရှင်တော်လှန်ဖို့ ပြည်သူ့လွတ်မြောက်ရေး မွတ်စ်လင်မ်တပ်ဦး စတင်ဖွဲ့စည်း
မော်လမြိုင် – အောက်တိုဘာ(၁) နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးတိုက်ပွဲ၊သပိတ်တိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲတွေအပါအဝင် အဖိနှိပ် ခံအရေး၊ကျောင်းသားထုအရေးနဲ့ လူနည်းစုအရေးတွေမှာ ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ မွတ်စ်လင်မ်ရဲ ဘော်တွေစုပေါင်းပြီး ပြည်သူ့လွတ်မြောက်ရေးမွတ်စ်လင်မ်တပ်ဦးကို စတင်ဖွဲ့စည်းခဲ့ တယ်လို့ (PLMF) ကတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူ့လွတ်မြောက်ရေး မွတ်စ်လင်မ်တပ်ဦး (ပလမတ)/ People Liberation Muslim Front (PLMF) ကိုအာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေး၊ဖက်ဒရယ်ဒီမိုကရေစီရေး၊လူမျိုးကြီးဝါဒဆန့်ကျင် ရေး၊ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးနဲ့ လူမှုတရားမျှတမှုရရှိရေးဆိုတဲ့ အချက်(၅) ချက်နဲ့…
အာဏာသိမ်းမှုကြောင့် လွင့်ပြယ်သွားတဲ့ အိပ်မက်များ
မော်လမြိုင် ၊ အောက်တိုဘာ (၂) နိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်တွေလို့ သတ်မှတ်ခံကြရတဲ့ လူငယ်တွေဟာ မတူကွဲပြား အရောင်စုံလင်တဲ့ အိပ်မက်တွေနဲ့ ဘဝရဲ့ နေ့ရက်တွေကို အားကြိုးမာန်တက် ရင်ဆိုင်ဖြတ်သန်း နေသူတွေပါ။ ရည်မှန်းချက်ကိုယ်စီနဲ့ ရှင်သန်နေတဲ့ လူငယ်တွေအဖို့ ကိုယ့်အိမ်မက်တွေကို အကောင်အထည် ဖေါ်ရာမှာ လွယ်ကူခြင်း၊ ခက်ခဲခြင်း စတာတွေဟာ နိုင်ငံရေးခေတ်စနစ်အပေါ် အခြေခံတယ်ဆိုရင် မမှားပါဘူး။ ရေခံမြေခံ ကောင်းမှသာ…
Radio Than Lwin Times(1/10)
Youtube Link Sound Cloud Link
ဂျပန်နည်းပညာဝန်ကြီးက အင်တာနက်နှေးကွေးမှုတွေကို တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီလို့ ပြော
တိုကျို၊ အောက်တိုဘာ (၁) ဂျပန်နိုင်ငံရဲ့ နည်းပညာဝန်ကြီးက နိုင်ငံရဲ့ အစိုးရရုံးတွေနဲ့ အလုပ်ခွင်တွေမှာ နှေးကွေးနေတဲ့ အွန်လိုင်းဝန်ဆောင်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ စက်တင်ဘာ ၃၀ ရက်က ပြောပါတယ်။ ကာကွယ်ရေး၊ နိုင်ငံခြားရေးနဲ့ COVID-19 ကာကွယ်ဆေးဆိုင်ရာ ဝန်ကြီးဌာနတွေမှာ ထမ်းဆောင်ခဲ့တဲ့ နိုင်ငံရေး ဟဲဗီးဝိတ်တစ်ယောက်ဖြစ်သူ တာရီုကိုနိုဟာ ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးမှာ အသုံးများဆဲဖြစ်တဲ့ ဖက်စ်စက်တွေ၊ ဖလပ်ဖီဒစ်တွေနဲ့ အခြား…
စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကိုချက်ချင်းအရေးယူပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို
မော်လမြိုင် – အောက်တိုဘာ(၁) မြန်မာနိုင်ငံက ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေကိုဖျက်ဆီးပြီး စစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေ တဲ့အာဏာသိမ်းစစ်ကောင်စီကို ချက်ချင်းအရေးယူပေးဖို့ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။ စက်တင်ဘာလ(၃၀) ရက်နေ့က ကျင်းပခဲ့တဲ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးမှာ လူမှုဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားချိန်မှာ အခုလိုပြောဆိုခဲ့တာပါ။ နိုင်ငံတကာအနေနဲ့ အကူအညီမဲ့နေတဲ့ မြန်မာပြည်သူတွေရဲ့ အကူအညီတောင်းခံနေမှုကို ဥပက္ခာ မပြုသင့်တော့သလို ပြည်သူတွေရဲ့ အသက်အိုးအိမ်ကိုအကာအကွယ်ပေးနိုင်မယ့်…
ကမ္ဘာ့အကောင်ဆုံးကစားသမားဆုကို တိုက်စစ်မှူး ဘန်ဇီမာ ရရှိတဲ့ အမည်စာရင်း ထွက်ပေါ်
မော်လမြိုင်၊ အောက်တိုဘာ၊ (၁)ရက် ၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်ဆုံးကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကို ပြင်သစ်နဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာ ရရှိတဲ့ အမည်စာရင်းဟာ အောက်တိုဘာ ၁ ရက်နေ့မှာ အွန်လိုင်းကနေ တဆင့်ပေါက်ကြားလာတာ ဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ ဆုရ အမည်စာရင်းမှာ တိုက်စစ်မှူး ဘန်ဇီမာဟာ ရမှတ် ၅၂၁ မှတ်နဲ့ ဆွတ်ခူးရရှိခဲ့တယ်လို့ ဖော်ပြထားသလို ဘန်ဇီမာ…
အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံး ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုဖို့ အတည်ပြု
ဂျာကာတာ၊ အောက်တိုဘာ(၁) အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ဆေးကို ပြည်တွင်းမှာပင် စမ်းသပ်ထုတ်လုပ်ခဲ့ပြီး အရေးပေါ်အသုံးပြုဖို့ အတည် ပြုထားတယ်လို့ ပြည်သူ့ကျန်းမာရေး အေဂျင်စီက စက်တင်ဘာ (၃၀) ရက်နေ့မှာ ပြောပါတယ်။ ကိုဗစ်ကပ်ဘေးကာလ စတင်ကတည်းက နိုင်ငံပိုင်ကာကွယ်ဆေးတွေကို ထုတ်လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ အင်ဒိုနီးရှား နိုင်ငံ က အသားပေး ပြောကြားခဲ့ပြီး အခုအခါမှာတော့ တရုတ်နိုင်ငံထုတ် Sinovac…
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ရဲ့ အနာဂတ်ကို စက်တင်ဘာလ(၃၀) ရက်နေ့မှာ ဆုံးဖြတ်မယ်
ဘန်ကောက် – အောက်တိုဘာ(၁) ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ရာထူးတာဝန်အတွက် သတ်မှတ်ထားတဲ့ ရှစ်နှစ် သက်တမ်းကို ကျော်လွန်ဖို့ ရှိမရှိ ဆုံးဖြတ်တဲ့ အမှုနဲ့ ပတ်သက်ပြီး ထိုင်းအခြေခံ ဥပဒေတရားရုံး ကစက်တင်ဘာလ(၃၀) ရက်နေ့မှာ စီရင်ချက်ချမှတ်မှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်မဖြစ်ခင် ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ပရာယွတ်ဟာ ပြီးခဲ့တဲ့ လကစပြီး ရာထူးက နုတ်ထွက်သင့်တယ်ဆိုတဲ့ အတိုက်အခံဖြူထိုင်းပါတီက…
