စင်္ကာပူလေကြောင်းလိုင်းရဲ့ လေယာဉ်ပေါ်မှာ ခရီးသည်တစ်ဦးက ဗုံးခွဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်
စင်္ကာပူ – စက်တင်ဘာ(၃၀) လေယာဉ်အမှုထမ်းတွေကို ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး သူ့ရဲ့ လက်ကိုင်အိတ်ထဲမှာ ဗုံး တစ်လုံးပါရှိတယ်ဆိုတဲ့ အသက်(၃၇) နှစ်အရွယ်အမျိုးသားတစ်ဦးကို စင်္ကာပူလေကြောင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဆန်ဖရန်စ္စကိုကနေ စင်္ကာပူကို ပျံသန်းလာတဲ့ SQ33 လေယာဉ်ပေါ်မှာ ဗုံးခြိမ်းခြောက်မှု ဖြစ် ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာကို မနက် (၂)နာရီ(၄၀) မိနစ်မှာ ရရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။…
ကရာချိမြို့မှာ တရုတ်လူမျိုး ပါကစ္စတန်နိုင်ငံသားတစ်ဦး ပစ်ခတ်ခံရ
ကရာချိ၊ စက်တင်ဘာ (၃၀) ပါကစ္စတန်တောင်ပိုင်း ဆိပ်ကမ်းမြို့ ကရာချိမှာ စက်တင်ဘာ ၂၈ ရက်နေ့က က သွားဘက်ဆိုင်ရာလူနာအဖြစ် ဟန်ဆောင်ထား တဲ့ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့်တရုတ်လူမျိုး ပါကစ္စတန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး သေနတ်သမားဟာ အခင်းဖြစ်ပွား ရာနေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မြို့တော် ဆာဒါ ရပ်ကွက်မှာ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမှာ ဆေးခန်းအတွင်းရောက်ရှိနေတဲ့ တရုတ်စုံတွဲတစ်တွဲ…
မန်ယူအသင်းရဲ့ တစ်လတာ အကောင်းဆုံးကစားဆုကို အဲရစ်ဆင် ဆွတ်ဆူးရရှိ
မော်လမြိုင်၊ စက်တင်ဘာ (၃၀) ပရီးမီးယားလိဂ်ကလပ်အသင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စက်တာဘာလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ကွင်းလယ်လူ အဲရစ်ဆင်က ဆွတ်ဆူးရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ အသင်းဖော် တိုက်စစ်ကစားသမား အန်တိုနီကို ကျော်ဖြတ်ပြီး တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့တာပါ။ ကွင်းလယ်လူ အဲရစ်ဆင်ဟာ မန်ယူအသင်း…
ပြည်တွင်းပြည်ပ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရရင် NUG ကိုတိုင်ကြားနိုင်လို့ဆို
မော်လမြိုင် – စက်တင်ဘာ(၃၀) အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့ ပြည်တွင်း၊ပြည်ပ ကအလုပ်သမားတွေနဲ့ သင်္ဘောသား တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမားဝန်ကြီးဌာနရဲ့ တိုင်ကြားရေးယန္တရားကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ပြည်တွင်း၊ပြည်ပ ကအလုပ်သမားတွေရဲ့ နစ်နာမှုတွေကို မှတ်တမ်းယူတာနဲ့ ကူညီဖြေရှင်းပေးတာတွေကို ဆောင်ရွက် နိုင်ဖို့ အလုပ်သမားရေးရာ နစ်နာမှု အချက်အလက်ကောက်ယူရေးနဲ့ တိုင်ကြားရေးယန္တရားကို ပြီးခဲ့တဲ့ ဧပြီလက စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့…
လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင်လေယာဉ်တစ်စီး ပစ်ခတ်ခံရကာ တစ်ဦး ဒဏ်ရာရ
လွိုင်ကော်၊ စက်တင်ဘာ (၃၀) ကယားပြည်နယ်၊ လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင်လေယာဉ်တစ်စီး ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့ပြီး ခရီးသည်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ ဖြစ်စဥ်ဟာ ဒီကနေ့စက်တင်ဘာလ ၃၀ရက်၊ နံနက် ၈နာရီ၅၀ခန့်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရန်ကုန်မှလွိုင်ကော်ကို ဆိုက်ရောက်လာတဲ့ ခရီးသည်တင်လေယာဉ်မှာ ပစ်ခတ်ခံခဲ့ရတာပါ။ “ဖြစ်စဉ်ကတော့ မှန်ပါတယ်။ လေဆိပ်အဆင်းမှာ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာ၊ ခရီးသည်တစ်ဦးထိတယ်လို့ပြောနေတယ်၊ ကျန်တာတော့မသိရသေးဘူး”လို့ လေဆိပ်နဲ့နီးတဲ့ ပတ်ဝန်းကျင်မှာ…
ဖာပွန်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး
ဖာပွန်၊ စက်တင်ဘာ (၃၀) ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)ထိန်းချုပ်နယ်မြေအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့ သုံးရက်အတွင်း KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ(၅)က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ဖာပွန်ခရိုင် ကျော်ခယ်ထာ ကော်ထယ်ဒဲဒေသနဲ့…
တိုင်းရင်းသားတွေ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်
စစ်ခေါင်းဆောင်က သူတို့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နေပြီးလို့ ပြောလာတာ တွေ့ရပါတယ်။ အဲလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်ပဲ ပေးမယ်လို့ ပြောတဲ့အပေါ်မှာ PPST အနေနဲ့ ဘယ်လို မြင်ပါသလဲ။ ဒီအပေါ်မှာ အထွေအထူးတော့ သိပ်မရှိပါဘူး။ ပြီးခဲ့တဲ့ ထုတ်ပြန်ချက်တို့ ဘာတို့မှာလည်း ကျွန်တော်တို့ မကြာခဏ ပြောထားတာရှိတယ်လေ။ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု…
စစ်အာဏာသိမ်း (၆၀၆) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၂၆ ဦး အထိရှိလာ
မော်လမြိုင်၊ စက်တင်ဘာ (၃၀) AAPP ၏ စက်တင်ဘာလ (၂၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ (၆၀၆)ရက် အတွင်း ပြည်သူ (၂၃၂၆)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၆၈၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၂၁) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…
ထားဝယ် ပကာရီရဲစခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်
ထားဝယ်၊ စက်တင်ဘာ (၃၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီ ပကာရီရဲစခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီစစ်ကောင်စီ ပကာရီရဲစခန်းကို စက်တင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၁၃ ချက်ထက်မနည်း သွားရောက်…
မော်လမြိုင်မှာ သိန်းပေါင်း သောင်းချီ ကုန်ကျခံပြီး CCTV ကင်မရာတွေ တပ်ဆင်ထားပေမယ့် ပြည်သူအတွက် အကျိုးမရှိ
မော်လမြိုင်၊ စက်တင်ဘာ (၃၀) မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ Safe City ဖြစ်ဖို့ ပြည်သူ့ဘဏ္ဍာငွေထဲကနေ ငွေကျပ် သိန်းပေါင်း သောင်းချီ ကုန်ကျခံပြီး CCTV ကင်မရာတွေ တပ်ဆင်ထားပေမယ့် ပြည်သူအတွက် အကျိုးမရှိဘူးလို့ မြို့ခံတွေက ဝေဖန်လိုက်ပါတယ်။ မော်လမြိုင်မြို့ပေါ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် အများပြည်သူရဲ့ လှုပ်ရှားသွားလာမှုအပြင် ခိုးဆိုးလုယက်မှုတွေကို ခြေခံဖို့ဆိုပြီး CCTV ကင်မရာတွေကို မြို့ပေါ်…
