ထားဝယ်မှာ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၃ ဦး သေဆုံး

ထားဝယ်၊ အောက်တိုဘာ (၈) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာအနီး ထားဝယ်-ထီးခီးလမ်းပေါ်မှာ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားတယ်လို့ ထားဝယ်အရှေ့တော PDF က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ မေတ္တာဘက်ကနေ ထားဝယ်ဘက်ကို ခြေလျင်အပြင် ယာဉ်တွေနဲ့ပါ…

အောက်တိုဘာလပထမအပတ်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၄၀)ဦးသေဆုံးတယ်လို့ AA ထုတ်ပြန်

စစ်တွေ – အောက်တိုဘာ(၇) ရခိုင်နဲ့ ချင်းပြည်နယ်က အောက်တိုဘာလ ပထမပတ်အတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၄၀) ဦးသေဆုံးပြီး (၂၅) ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA) က သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေမှာ ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်(မြိုခမီ)ရွာနဲ့ တောင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က(၁၇) ဦးသေဆုံးပြီး(၁၅)ဦးဒဏ်ရာရခဲ့တဲ့အပြင် လက်နက်ခဲယမ်း၊စစ် အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ဆိုထားပါတယ်။ စစ်ကောင်စီဟာ တိုက်ပွဲပြင်းထန်နေချိန် လေယာဉ်နဲ့ ဗုံးကြဲတာတွေလုပ်ဆောင်နေသလို…

ကရင်နီပြည်သူ့ရင်ခွင် သတင်းပြန်ကြားရေးတာဝန်ခံ ကိုယုန်လေးနဲ့ ဆက်သွယ်မေးမြန်းချက်

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ရဲ့ ကရင်နီပြည်သူ့ရင်ခွင် ဖွဲ့စည်းဖြစ်တဲ့ အခြေအနေ၊ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေမှာ ဆက်လက် တာဝန် မထမ်းဆောင်လိုတဲ့ တပ်ဖွဲ့ဝင်တွေကို ဘယ်လို ပုံစံနဲ့ စိစစ် လက်ခံနေလဲ၊ CDM တပ်ဖွဲ့ဝင်တွေကိုရော ဘယ်လို ဆက်လက် ကူညီဆောင်ရွက်ပေးနေပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီပြည်သူ့ရင်ခွင် သတင်းပြန်ကြားရေးတာဝန်ခံ ကိုယုန်လေးနဲ့ ဆက်သွယ်မေးမြန်းချက်။ ကရင်နီပြည်သူ့ရင်ခွင်ကို ဘယ်တုန်းကစတင်တည်ထောင်ခဲ့တာလဲ။…

ကန်ဒေါ်လာတစ်သောင်းနဲ့ အထက်ပါလာရင် မလေးရှားလေဆိပ်မှာ အကောက်ခွန်ဖောင်ဖြည့်ရမယ်

ကွာလာလမ်ပူ၊ အောက်တိုဘာ (၆) မလေးရှားနိုင်ငံကို လေကြောင်းနဲ့ သွားရောက်လည်ပတ်သူ ဒါမှမဟုတ် နိုင်ငံက ထွက်ခွာမယ့်သူအားလုံးဟာ ငွေသား၊ ချက်လက် မှတ်ပိုင်ဆိုင်မှုတွေမှာ အမေရိကန်ဒေါ်လာတစ်‌သောင်းကျော်ပါက အကောက်ခွန်ကြေငြာစာရွက် ဖြည့်သွင်းရမယ်လို့ မလေးရှားမြို့ ပြလေကြောင်းအာဏာပိုင်အဖွဲ့ (Civil Aviation Authority of Malaysia_CAAM) မှ ပြောပါတယ်။ အဲဒီလိုဆောင်ရွက်ရတာဟာ မလေးရှားတော်ဝင် အကောက်ခွန်ဌာနက သတ်မှတ်ပေးထားတဲ့ လိုအပ်ချက်အတိုင်း ဆောင်ရွက်ရတာ…

အာဏာသိမ်းစစ်ကောင်စီနဲ့ တိုက်ရိုက်ဆက်ဆံဖို့ ဖိလစ်ပိုင်သမ္မတ အဆိုပြု

မနီလာ – အောက်တိုဘာ(၇) နိုဝင်ဘာလမျာကျင်းပမယ့် အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းအတွက် ချဉ်းကပ်မှုအသစ်တွေကို အဆိုပြုမယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့် က အောက်တိုဘာလ (၅) ရက်နေ့က ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ကာ ပြီးခဲ့တဲ့နှစ် ဧပြီလက အာဆီယံနဲ့ သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ငါးရပ်ကို အကောင် အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့ စစ်ကောင်စီကို…

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရိုကူဘိုတာကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်

တိုကျို ၊ အောက်တိုဘာ (၇) ပုန်ကန်မှုနဲ့ ဆက်သွယ်ရေး ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီ အလိုကျ တရားရုံးက ဂျပန်မှတ် တမ်းရုပ်ရှင် ရိုက်ကူးသူကို ထောင်ဒဏ်၁၀နှစ် ချမှတ်ခဲ့တယ်လို့ ဂျပန်ကျိုတို သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ စစ်တပ် ဆန့်ကျင်သူတွေကို အားပေးအားမြှောက်ပြုတယ်ဆိုပြီး အသက် ၂၆ နှစ်အရွယ်ရှိတဲ့ တိုရို ကူဘိုတာကို ရန်ကုန်မြို့မှာ…

၂၀၂၂ ကမ္ဘာ့ဖလားဟာ သူရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်တယ်လို့ မက်ဆီ ပြော

မော်လမြိုင်၊ အောက်တိုဘာ (၇) လာမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူရဲ့ နေက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်တယ်လို့ အာဂျင်တီးနားလက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက အတည်ပြုပြောဆိုလိုက်တာပါ။ အသက် ၃၅ နှစ်အရွယ် PSG တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေထိ ၄ ကြိမ်ဆက်တိုက် ပါဝင်ကစားပေးထားတာပါ။…

ရဲချုပ်(ဟောင်း) သန်းလှိုင်အပါအဝင် သုံးဦးကို အရေးယူမှုပြုလုပ်မယ်လို့ အမေရိကန်ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ (၇) ရဲချုပ်(ဟောင်း) သန်းလှိုင်အပါအဝင်၊ ဦးအောင်မိုးမြင့်၊ ဦးလှိုင်မိုးမြင့်၊ ဦးမျိုးသစ္စာနဲ့အတူ Dynasty International Company Limited တို့ကို ရုရှားထုတ်စစ်လက်နက်တွေ ဘီလာရုစ်မှတစ်ဆင့် ဝယ်ယူပေးမှုနဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ တာဝန်ခံမှု တာဝန်ယူမှု ရှိစေဖို့အတွက် သမ္မတရဲ့ အမိန့်အမှတ် ၁၄၀၁၄…

စစ်အာဏာသိမ်း (၆၁၃) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၃၈ ဦး အထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၇) AAPP ၏ ​အောက်တိုဘာလ (၆) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ (၆၁၃)ရက်အတွင်း ပြည်သူ (၂၃၃၈)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၇၇၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၇၂) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ပြီး…