PDF တွေ ပြည့်သူ့အိမ် မီးမရှို့ပါ

အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” မုံရွေးကြေးမုံကျေးရွာကို အကြမ်းဖက် PDF အင်အား ၆၀က ဒေသခံပြည်သူများ နေထိုင်သော နေအိမ်များအား…

KNU ညောင်လေးပင်ခရိုင်က တစ်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံး

ညောင်လေးပင်၊ အောက်တိုဘာ (၇) ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တင်းရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးခဲ့တယ်လို့ KNU က အောက်တိုဘာ ၆ ရက်နေ့ ထုတ်ပြန်ပါတယ်။ ညောင်လေးပင်ခရိုင်မှာ ပြီးခဲ့တဲ့တစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့…

စီးပွားရေး ဦးမော့နေပြီးလို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ အခြေမြစ် မရှိဘူးလို့ လုပ်ငန်းရှင်တွေ တုံ့ပြန်

မော်လမြိုင်၊ အောက်တိုဘာ (၇) အာဏာသိမ်းမှုကြောင့် အဘက်ဘက်က ကျဆင်းနေတဲ့ မြန်မာ့ စီးပွားရေး ပြန်လည် ဦးမော့နေပြီးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုမှုဟာ မြေပြင် အခြေအနေနဲ့ လုံးဝ ကွာခြားနေပြီး အခြေမြစ် မရှိဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက တုံ့ပြန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က ပဲခူးတိုင်း၊ ပြည်မြို့ရှိ…

ထားဝယ်နိုင်ငံရေး အကျဉ်းသား ၁၀ ဦး နှစ်ရှည်ထောင်ဒဏ်တွေ ထပ်မံချမှတ်ခံရ

ထားဝယ်၊ အောက်တိုဘာ (၇) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ထပ်မံအမိန့်ချလိုက်တယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားကွန်ရက်က ထုတ်ပြန်ထားပါတယ်။ စစ်ကောင် ထောင်တွင်းတရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်တွေ ထပ်မံချမှတ်ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးမှာ ၄ ဦးက နောက်ထပ် ထောင်ဒဏ် အနှစ် ၂၀ စီ ၊…

အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပေမယ့် နောက်ကြောင်း ပြန်လှည့်ဖို့ မရှိဘူးလို့ CDM ဝန်ထမ်းတွေ ပြော

ရန်ကုန်၊ အောက်တိုဘာ (၇) စစ်တပ်အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံဝန်ထမ်းတွေဟာ လက်ရှိကာလမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပေမယ့် နောက်ကြောင်း ပြန်လှည့်ဖို့ အစီအစဉ် မရှိဘူးလို့ CDM ဝန်ထမ်းတွေက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းခါစ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အားကောင်းခဲ့တဲ့ အချိန်တုန်းကဆိုရင် သောင်းချီလူထုတွေဟာ “ရုံးမတက်နဲ့…

စစ်အာဏာသိမ်းမှုကြောင့် အရပ်သားသေဆုံးမှု ၇၀၀၀ ကျော်အထိ ရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၇) မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲတဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ထိ အရပ်သား သေဆုံးမှု ၇၀၀၀ ကျော်အထိ ရှိလာတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP Myanmar က အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း…

ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ဂိတ် တိုက်ခိုက်ခံရ

ရေး၊ အောက်တိုဘာ (၇) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီးက စစ်ကောင်စီ အမှတ်(၃၁၆) အမြောက်တပ်ဂိတ်ကို အောက်တိုဘာ ၆ ရက်နေ့ မနက် ၉ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေး အဖွဲ့အစည်း MSRO က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေး-ထားဝယ်ကားလမ်းမဘေး ကိုးမိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ အမှတ်(၃၁၆) အမြောက်တပ်ဂိတ်ကို…

ထားဝယ် သပိတ်မျှောပွဲလုပ်မယ့် နေရာ ဗုံးပေါက်

ထားဝယ်၊ အောက်တိုဘာ ၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားလမ်း သဲကွင်းရှိ သပိတ်မျှောပွဲပြုလုပ်မယ့်နေရာမှာ အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယနေ့ ညနေ ၅ နာရီကျော်ခန့်မှာ သပိတ်မျှောပွဲပြုလုပ်မယ့် ဖျော်ဖြေရေးမဏ္ဍပ်အောက်ကနေ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူထိခိုက် တာမရှိပေမယ့်လည်း ဖျော်ဖြေရေးစင်ကတော့ အောက်ကြမ်းခင်းနဲ့ အပေါ် အမိုးတွေ ပွင့်ထွက်ကုန်တယ်လို့…

စားအုန်းဆီဈေးနှုန်း တစ်ပိဿာကို ၁၅၀၀ခန့် ပြန်လည်ကျဆင်းလာ

ရန်ကုန်၊ အောက်တိုဘာ (၆) ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းဟာ တစ်ပိဿာကို ကျပ်ကိုးထောင်ဝန်းကျင်အထိ ဈေးမြင့်နေရာကနေ အောက်တိုဘာ ပထမအပတ်မှာ လက်လီဈေးတစ်ပိသာကို ကျပ် ၇၀၀၀ ဝန်းကျင်အထိပြန်လည်ကျဆင်းလာပါတယ်။ အရင်က လက်ကားဈေး သတ်မှတ်နှုန်းကို တစ်ပိဿာလျှင် ၄၀၂၀ ကျပ် ဈေးသတ်မှတ်ပေးထားပေမယ့် လက်လီဈေးကွက်မှာတော့ လက်ကားဈေးထက် ဈေးနှစ်ဆအထိ မြင့်တက်နေခဲ့တာပါ။ စားအုန်းဆီဈေးတွေဟာ အောက်တိုဘာလ ၄ရက်နေ့ကစတင်ပြီး တစ်ပိဿာ ကျပ်…

ထိုင်းမှာရဲအရာရှိဟောင်းတစ်ဦး မူကြိုကျောင်းဝင်းအတွင်း သေနတ်နဲ့ ပစ်လို့ ကလေးငယ် အပါအဝင် (၃၄) ဦးသေဆုံး

ဘန်ကောက်၊ အောက်တိုဘာ (၆) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက ပြည်နယ်တစ်ခုရှိ နေ့ကလေးထိန်းကျောင်းကို ရဲအရာရှိဟောင်းတစ်ဦးက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ(၃၄) ဦးသေဆုံးကာ အဲ့ဒီအထဲမှာ ကလေးငယ် (၂၂) ဦးပါဝင်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သေနတ်သမား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ချိန်မှာ ကလေးအယောက်(၃၀) လောက်ဟာ နေ့လည်စာ စားနေချိန်ဖြစ်ပြီး ကျောင်းဝန်ထမ်း(၅) ဦးကိုအရင်ပစ်ခတ်ခဲ့ကာ အဲ့ဒီထဲမှာ ကိုယ်ဝန် (၈)…