ဂရစ်ဇ်မန်း အပြောင်းအရွှေ့အတွက် ဘာစီလိုနာနဲ့အက်သလက်တီကိုအသင်း သဘောတူညီမှု ရရှိ
မော်လမြိုင်၊ အောက်တိုဘာ (၈) စပိန်လာလီဂါ ကလပ်အသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာနဲ့အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ ပြင်သစ်လက်ရွေးစင် ဝါရင့်တိုက်စစ်မှူး ဂရစ်ဇ်မန်း အပြောင်းအရွှေ့အတွက် နှစ်ဖက် သဘောတူညီမှု ရှိသွားပြီလို့ စပိန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ အသက် ၃၁ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းကနေ အသင်းဟောင်း အက်သလက်တီကိုမက်ဒရစ်အသင်းထံ ၂ နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။ စာချုပ်ပါ…
ဆေးခြောက်ဥပဒေနဲ့ အရေးယူခံထားရသူအားလုံးကို သမ္မတဂျိုးဘိုင်ဒန် လွတ်ငြိမ်းချမ်း သာခွင့်ပြု
ဝါရှင်တန်၊ အောက်တိုဘာ (၈) သမ္မတ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်နိုင်ငံမှာ ဆေးခြောက်အနည်းအကျဉ်း လက်ဝယ်ထားရှိမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမေရိကန် နိုင်ငံသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ ဆေးခြောက်ကို ရိုးရှင်းစွာ လက်ဝယ်ထားရှိမှုအတွက် ဖက်ဒရယ်တရားရုံးက တရားစွဲဆိုထားတဲ့ လူပေါင်း (၆၅၀၀) ခန့်ဟာ ဒီလို ပြစ်ဒဏ်ကင်းလွတ်ခွင့်မှာ ပါဝင်နိုင်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားတာပါ။ ပြည်နယ် အတော်များများမှာ ဆေးခြောက်နဲ့ ပတ်သက်ပြီး…
သီရိလင်္ကာ သမ္မတဟောင်းကို တရားစွဲဖို့ လျှောက်ထားချက် ရုံးတော်မှ ခွင့်ပြုခဲ့
ကိုလံဘို – အောက်တိုဘာ(၈) သီရိလင်္ကာနိုင်ငံရဲ့ ထိပ်တန်းတရားရုံးက သမ္မတဟောင်း ဂိုတာဘာရာရာဂျာပက်ဆာကို တရားစွဲဖို့ ခွင့်ပြုလိုက်ပြီလို့ အဲဒီအမှုကို စွဲဆိုထားတဲ့ လူ့အခွင့်အရေးအဖွဲ့က အောက်တိုဘာ (၇) ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်း နှစ်ဦးကိုလည်း တရားစွဲဆိုဖို့ တရားရုံးက သဘောတူညီခဲ့တာပါ။ အဲဒီအမှုကို Transparency International…
ပစ်ခတ်ခံရလို့ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို ထိုင်းဘုရင်နဲ့ ဝန်ကြီးချုပ်တွေ့ဆုံမယ်
ဘန်ကောက် – အောက်တိုဘာ(၈) ထိုင်းနိုင်ငံမှာ ရဲအရာရှိဟောင်းတစ်ဦးက နေ့ကလေးထိန်း ကျောင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေကို ထိုင်းဘုရင်နဲ့ ဝန်ကြီးချုပ်ဖြစ်သူတို့သွားရောက် တွေ့ဆုံဖို့ရှိတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံသမိုင်းမှာ လူသတ်သမားတစ်ဦးက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ အဆိုးရွားဆုံးနဲ့ ကလေးသူငယ်သေဆုံးမှုအများဆုံးဖြစ်ရပ်တစ်ခုဖြစ်ခဲ့တာပါ။ နေ့ထိန်းဂေဟာက ကလေးတွေဟာ အသက်(၂) နှစ်ကနေ (၅) နှစ်အထိဖြစ်တယ်လို့သိရပြီး သတ်ဖြတ်ခံရတဲ့အခြေအနေဟာ…
KNU သထုံခရိုင်က တစ်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံး
သထုံ၊ အောက်တိုဘာ (၈) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က အောက်တိုဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စက်တင်ဘာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁ )…
စစ်အာဏာသိမ်း (၆၁၄) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၃၈ ဦး အထိရှိလာ
မော်လမြိုင်၊ အောက်တိုဘာ (၈) AAPP ၏ အောက်တိုဘာလ (၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ (၆၁၄)ရက်အတွင်း ပြည်သူ (၂၃၃၈)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၇၈၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၇၂) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ပြီး…
ယုံကြည်ချက် မရှိတဲ့ တပ်မတော်သားတွေ CDM မှာ မပါဝင်လာရေး စနစ်တကျ စိစစ်တော့မယ်
ရန်ကုန်၊ အောက်တိုဘာ (၈) တော်လှန်ရေး ခံယူချက်၊ ယုံကြည်ချက်မရှိသူတဲ့ တပ်မတော်သားတွေ CDM မှာ မပါဝင်လာနိုင်ရေး စနစ်တကျ စိစစ် ဆောင်ရွက်သွားတော့မယ်လို့ CDM တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ၅ ဖွဲ့က အောက်တိုဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ CDM တပ်မတော်သားတွေ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်းအဖွဲ့၊ People’s…
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဖောင်ကြီးသင်တန်း စစ်ကောင်စီ အသက်ပြန်သွင်းဖို့ ကြိုးစားနေ
မော်လမြိုင်၊ အောက်တိုဘာ (၈) အာဏာသိမ်းစစ်ကောင်စီက သူတို့လက်အောက်ခံ အစိုးရဝန်ထမ်းတိုင်းကို ဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)မှာ ၆ လကြာသင်တန်း မဖြစ်မနေတက်ဖို့ ဖိအားပေးနေပြီး ဒီသင်တန်းမှာ အခြေခံစစ်ပညာကိုလည်း တစ်လခွဲကြာ သင်ကြားပေးဖို့ လုပ်ဆောင်နေတယ်လို့ ဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။ အာဏာမသိမ်းခင်NLD အစိုးရလက်ထက်က နိုင်ငံဝန်ထမ်းတက္ကသိုလ်ကို အချိန်ကာလတစ်လမျှသာ တက်ရောက်ဖို့ သတ်မှတ်ထားတာဖြစ်ပေမယ့်လည်း အာဏာသိမ်းပြီး စစ်ကောင်စီလက်ထက်မှာတော့ အချိန်ကာလ သုံးလသတ်မှတ်ရာ…
ကင်ဆာဆေး ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာလို့ ဝေဒနာရှင်တွေ လက်လျော့ဖို့အထိ ဆုံးဖြတ်လာ
ရန်ကုန်၊ အောက်တိုဘာ (၈) စစ်တပ် အာဏာသိမ်းပြီးနောက် ကင်ဆာ ဝေဒနာရှင်တွေအတွက် မဖြစ်မနေဆေးသွင်းကုသရမယ့် ဆေးဈေးနှုန်းတွေဟာ အရင်ကထက် လေးဆကျော် မြင့်တက် လာတာကြောင့် ဝေဒနာရှင်တွေအနေနဲ့ လက်လျော့လိုက်ဖို့ ဆုံးဖြတ်တဲ့အထိ ဖြစ်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကင်ဆာအဖုအကျိတ်တွေကို ခွဲစိတ်ကုသပြီးရင် ဆေးသွင်းကုသရတဲ့ ဆေးဈေးနှုန်းတွေဟာ မူလဈေးနှုန်း တစ်သိန်းဝန်းကျင်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ငါးသိန်းခန့်အထိ မြင့်တက်ခဲ့ပြီး အခုအောက်တိုဘာလ…
မွန်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု အယူခံ လာမယ့် ရုံးချိန်းမှာ အမိန့်ချမယ်
မော်လမြိုင်၊ အောက်တိုဘာ (၈) အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အယူခံကို လာမယ့်ရုံးချိန်းမှာ အမိန့်ချမှတ် သွားဖို့ ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ အာဏာသိမ်း စစ်ကောင်စီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ အထွေထွေ…
