ဖမ်းဆီးခံ ဒီပဲယင်း လက်ယက်ကုန်းကျေးရွာ ဒေသခံ နှစ်ဦး ပြန်လွတ်လာ
ဖမ်းဆီးခံ ဒီပဲယင်း လက်ယက်ကုန်းကျေးရွာ ဒေသခံ နှစ်ဦး ပြန်လွတ်လာ ဒီပဲယင်း၊ အောက်တိုဘာ (၁၆) စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက ဖမ်းဆီးခံ ပြည်သူတွေအနက် အမျိုးသား နှစ်ဦးဟာ အောက်တိုဘာ ၁၅ ရက်မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ…
ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ရန်သူဟာ စစ်ကောင်စီသာ ဖြစ်တယ်လို့ KNU တုံ့ပြန်
ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ရန်သူဟာ စစ်ကောင်စီသာ ဖြစ်တယ်လို့ KNU တုံ့ပြန် မော်လမြိုင်၊ အောက်တိုဘာ (၁၆) တိုင်းရင်းသားအရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒပါအချို့အချက်တွေကို ပြင်ဆင်ပေးမယ်လို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ ပါးစပ်ထဲတွေ့ကရာလျှောက်ပြောနေခြင်းသာဖြစ်ပြီး ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ရန်သူဟာ စစ်ကောင်စီသာ ဖြစ်တယ်လို့ KNU က တုံ့ပြန်လိုက်ပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်…
ထားဝယ်-ထီးခီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံး များပြားခဲ့
ထားဝယ်-ထီးခီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံး များပြားခဲ့ ထားဝယ်၊ အောက်တိုဘာ (၁၆) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ဝကုန်းရွာနဲ့သင်္ကန်းတုန်းကျေးရွာအကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် အကျအဆုံး များပြားပြီး ပြန်လည် ဆုတ်ခွာသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ထားဝယ်ဘက်ကနေ ထီးခီးဘက်ကိုလာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀…
ဆွန်ကာ မုန်တိုင်းကြောင့် ထိုင်းမှာ ရေလွှမ်းမိုးမှုတွေ ပိုမို ဆိုးရွားလာနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်
ဘန်ကောက် – အောက်တိုဘာ (၁၆) ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်၊အရှေ့ဘက်နဲ့ အလယ်ပိုင်းဒေသတွေမှာ ဒီနေ့ အောက်တိုဘာ (၁၅) ရက်နေ့မှာ ဝင် ရောက် တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Sonca ကြောင့် မိုးသည်းထန်စွာ ရွာသည်းနိုင်ချေရှိနေပြီး လေပြင်းတိုက်ခတ်မှု ဖြစ်ပွားနိုင် တယ်လို့ ထိုင်းမိုးလေဝသဌာန (TMD)က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီမိုးလေဝသထုတ်ပြန်ချက်မှာ မုန်တိုင်းဟာ ထိုင်းနိုင်ငံ ခွန်ခန်း၊မဟာဆာရာခန်နဲ့…
ယူကေ ဘဏ္ဍာရေးဝန်ကြီးအသစ်က အခွန်တချို့ တိုးလာဖို့ရှိတယ်လို့ သတိပေး
လန်ဒန် – အောက်တိုဘာ(၁၆) ဗြိတိန်ဝန်ကြီးချုပ်ဟာ သူ့ရဲ့ သက်တမ်းတစ်လကျော်သာရှိသေးတဲ့ သူ့ရဲ့သက်တမ်းမှာ ရုန်းကန် နေရတဲ့ အတွက်အခွန် တချို့တက်လာမှာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးအသစ် ဂျီရီမီဟန့်က ပြောဆိုခဲ့ ပါတယ်။ မငြိမ်မသက်ဖြစ်နေတဲ့ ငွေကြေးစျေးကွက် ပြေလည်စေဖို့ ကြိုးပမ်းမှုမှာ ဝန်ကြီး ချုပ်က အောက်တိုဘာလ (၁၄) ရက်နေ့မှာ ကွာစီကွာတန်ကို သူမရဲ့ အဓိပတိအဖြစ်က ထုတ်ပယ် ခဲ့ပြီး နောက်အငြင်းပွားဖွယ်စီးပွားရေးပြဿနာတွေရဲ့…
ကမ္ဘောဒီးယားမှာ လှေတိမ်းမှောက်မှုကြောင့် ကလေးငယ် (၁၄) ဦးသေဆုံး
ဖနွမ်းပင်၊ အောက်တိုဘာ (၁၆) ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်အတွင်းမှာ အင်္ဂလိပ်စာသင်တန်းကနေ အိမ်ပြန်လာတဲ့ ကလေး ငယ်တွေကို တင်ဆောင် လာတဲ့ လှေတစ်စင်းနစ်မြုပ်ခဲ့မှုကြောင့် အနည်းဆုံးကလေးငယ်(၁၄)ဦး သေဆုံးခဲ့တယ်လို့ ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီလှေငယ်ဟာ ဝန်ပိုတင်ဆောင်ခဲ့တာ ဖြစ်ပြီး အခင်းဖြစ်ပွားရာ ကမ္ဘောဒီးယားနိုင်ငံ အရှေ့ တောင်ပိုင်းကန်ဒယ်ခရိုင်ဒေသန္တရကမဲခေါင်မြစ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၃) ရက်နေ့က လည်း ဒီရေမြင့်တက်လာခဲ့သေးတယ်လို့ ဆိုပါတယ်။ ခရိုင်ဒေသန္တရ…
အစုအဖွဲ့ အားလုံးနဲ့ တွေ့ဆုံဖို့ စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ထုတ်ပြန်
အစုအဖွဲ့ အားလုံးနဲ့ တွေ့ဆုံဖို့ စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ထုတ်ပြန် မော်လမြိုင်၊ အောက်တိုဘာ (၁၆) တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးအမြန်ဆုံးရနိုင်ဖို့ မြန်မာ့တပ်မတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုကြောင်း စစ်ခေါင်းဆောင်ထံ အကြံပြုတိုက်တွန်းခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ပါတယ်။မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့…
Radio Than Lwin Times(13/10)
Youtube Link Sound Cloud Link
အာရှ ဗဟိုဘဏ်အများစုရဲ့ ငွေကြေးမူဝါဒတွေကို တင်းကျပ်ဖို့လိုလာပြီလို့ IMF ပြောကြား
ဝါရှင်တန်၊ အောက်တိုဘာ (၁၅) အာရှ ဗဟိုဘဏ် အများစုဟာ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်ခြင်းနဲ့ ငွေကြေးတန်ဖိုးတွေ ကျဆင်းနေတာကြောင့် ငွေကြေးဖောင်းပွမှုဆိုင်ရာ မူဝါဒတွေကို ပိုမိုတင်းကျပ်ရမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က ပြောပါတယ်။ တရုတ်နဲ့ ဂျပန်တို့ရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာမှုကတော့ ချွင်းချက်တစ်ခု ဖြစ်ပေမယ့်လည်း စီးပွားရေးအားလျော့မှု ကတော့ အနည်းငယ်ကျန်ရှိနေသေးတယ်လို့ဆိုပါတယ်။ လတ်တလောမှာလည်း ဒီနိုင်ငံတွေဟာ ငွေကြေးဖောင်းပွမှု ထင်ရှားစွာမြင့်တက်လာခြင်း…
ဂျပန်က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ အိမ်ထောင်ပြုခွင့်ကန့်သတ်ချက်တွေပယ်ဖျက်ခဲ့
တိုကျို – အောက်တိုဘာ(၁၅) ကွာရှင်းပြတ်စဲချိန်မှာ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတွေကို နောက်တစ်ကြိမ်လက်ထပ်ဖို့အတွက် ရက်ပေါင်း(၁၀၀) စောင့်ရမယ့် ဥပဒေကို ဖျက်သိမ်းလိုက်တယ်လို့ ဂျပန်အစိုးရအဖွဲ့က အောက်တို ဘာလ(၁၄) ရက်နေ့က အတည်ပြုခဲ့ပါတယ်။ ရာစုနှစ်တစ်ခုကျော်ကျင့်သုံးခဲ့တဲ့ အဲ့ဒီဥပဒေဟာ အမျိုးသားတွေနဲ့ မသက်ဆိုင်တဲ့အပြင် မွေးကင်းစကလေးငယ်အတွက် ငွေကြေးအရ တာဝန်ရှိတဲ့ ဖခင်ကို ဖော်ထုတ်နိုင်ဖို့ မူလက ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အစိုးရက လာမယ့်…
