ယူကရိန်းကို လေကြောင်းကာကွယ်ရေးစနစ် အကူအညီပေးဖို့ မဟာမိတ်တွေကို အမေရိကန် ဖိအားပေး
ဝါရှင်တန်၊ အောက်တိုဘာ (၁၅) ရုရှား လေကြောင်းရန် ကာကွယ်ဖို့ နေတိုးအဖွဲ့ရဲ့ ခေတ်မီကိရိယာတွေ သုံးပြီး ယူကရိန်း အတွက် လေကြောင်း ကာကွယ်ရေး စနစ် အလျင်အမြန်တည်ဆောက်ပေးဖို့ အမေရိကန်က အပူတပြင်း ဖိအားပေးလိုက်ပါတယ်။ အခုသီတင်းပတ်အတွင်း ရုရှားရဲ့ ယူကရိန်းကို ဦးတည်ပစ်ခတ်တဲ့ ဒုံးကျည်တွေကြောင့် ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ စွမ်းအင်ဆိုင် ရာ အဆောက်အအုံတွေကို ပျက်စီးခဲ့ရပြီး အနည်းဆုံး လူ၂၀…
ပွင့်လင်းရာသီမှာ တနင်္သာရီတိုင်းကို အပြင်းအထန် ထိုးစစ်ဆင်ဖို့ စစ်ကောင်စီ ပြင်နေ
တနင်္သာရီ၊ အောက်တိုဘာ (၁၄) အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့် ပွင့်လင်းရာသီမှာ တနင်္သာရီတိုင်းကို ကြည်ကြောင်း၊ရေ ကြောင်းအပြင် လိုအပ်ရင် ဝေဟင်ကပါ အပြင်းအထန် ထိုးစစ်ဆင်ဖို့ ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ CDM အရာရှိတွေက ပြောပါတယ်။ စစ်ကောင်စီဟာ တနင်္သာရီတိုင်းကို လာမယ့် ပွင်းလင်းရာသီမှာ အပြင်းအထန် ထိုးစစ်ဆင်ဖို့အတွက် လက်ရှိမှာတော့ ရေလမ်းကိုအသုံးပြုပြီး လေယာဉ်ဆီပို့ဆောင်တာတွေ အပါအဝင် လက်နက်ခဲယမ်း…
ကျိုက်ထီးရိုးကားဂိတ် ပစ်ခတ်အတွင်း ဘုရားဖူးပြည်သူ သေဆုံးမှုဟာ စစ်ကောင်စီ လက်ချက်လို့ KNU ထုတ်ပြန်
ကျိုက်ထို၊ အောက်တိုဘာ (၁၅) မွန်ပြည်နယ်၊ ကျိုက်ထီးရိုးတောင်တက်ကားဂိတ် ပစ်ခတ်အတွင်း ဘုရားဖူးပြည်သူတွေ ထိခိုက်သေ ဆုံးမှုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုက အောက်တိုဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထီးရိုးတောင်တက်ကားဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိတ်ဖက်တော်လှန်ရေးအင်အားစုတွေက သွားရောက် တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း…
စစ်အာဏာသိမ်း (၆၂၁) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၅၆ ဦး အထိရှိလာ
မော်လမြိုင်၊ စက်တင်ဘာ (၂၇) AAPP ရဲ့ အောက်တိုဘာလ (၁၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၂၁)ရက်အတွင်း ပြည်သူ (၂၃၅၆)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၈၅၃ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၇၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…
ထိုင်းနိုင်ငံထဲကို တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ဝင်ရောက်မှု ဆက်လက် မြင့်တက်နေ
မော်လမြိုင်၊ အောက်တိုဘာ (၁၅) ထိုင်းနိုင်ငံထဲကို နယ်စပ်ဒေသတွေကနေတစ်ဆင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေဟာ ကျဆင်သွားခြင်း မရှိဘဲ ဆက်လက် မြင့်တက်နေတယ်လို့ ရွှေ့ပြောင်းအလုပ်သမား အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာ၊ ပုံမှန်ဝင်ငွေ မရှိတာအပြင် မိသားစု စားဝတ်နေရေး အခက်အခဲကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲကို…
ကလိန်အောင်တံတားက စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
ရေဖြူ၊ အောက်တိုဘာ (၁၅) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ကောင်စီ တပ်အင်အား ၁၅ ဦးလောက် လုံခြုံရေးယူထားတဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၃…
မွန်ပြည်နယ်မှာ ပွင့်လင်းရာသီ ရောက်လာပေမယ့် ဆောက်လုပ်ရေး လုပ်ငန်းအများစု ပြန်မစနိုင်တော့
မော်လမြိုင်၊ အောက်တိုဘာ (၁၅) မွန်ပြည်နယ်အတွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ ပွင့်လင်းရာသီ ရောက်လာပေမယ့် ကုန်ကြမ်းပစ္စည်း ဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့အတွက် လုပ်ငန်းအများစု ပြန်မစနိုင်တော့ဘူးလို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း ဒေါ်လာဈေးနှုန်း မြင့်တက်လာတာ၊ မြန်မာငွေတန်ဖိုး ကျဆင်းပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေ…
လွိုင်ကော်အကျဉ်းထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး
လွိုင်ကော်၊ အောက်တိုဘာ(၁၅) ကယားပြည်နယ်၊လွိုင်ကော်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမောင် ငယ်ဟာ ကောင်းမွန်တဲ့ ဆေးကုသခွင့်မရတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၃) ရက်နေ့မှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ အသက်(၂၁) နှစ်အရွယ် ကိုမောင်ငယ်ဆိုသူဟာ အရင်တည်းက TB ရောဂါအခံရှိသူဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးနောက် ဆေးဝါးကုသမှုမရတဲ့အတွက် သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား…
NCA အခြေခံမူနဲ့ လူထုတွေ အကျပ်အတည်းကနေ လွတ်မြောက်ဖို့ ကြိုးပမ်းနေတယ်လို့ PPST ပြော
မော်လမြိုင်၊ အောက်တိုဘာ (၁၅) နိုင်ငံရေးအပြောင်းအလဲတွေကြောင့် မူလ NCA ပြဌာန်းချက်တွေကို အပြည့်အဝ အကောင်အထည်မဖော်နိုင်တော့ပေမယ့် NCA ရဲ့ အခြေခံမူ (၃) ရပ်ကို ကိုင်စွဲပြီး လူထုတွေ အကျပ်အတည်းကနေ လွတ်မြောက်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က ထုတ်ပြန်ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ…
မြန်မာစစ်တပ်နဲ့ လက်နက်ကုန်သွယ်မှုတွေမပြုလုပ်ဖို့ နိုင်ငံတကာကို ဦးကျော်မိုးထွန်းတောင်း ဆို
မော်လမြိုင် – အောက်တိုဘာ(၁၄) နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် စစ်ကောင်စီကို အဆင့်ဆင့် အရေးယူဆောင်ရွက်ပြီး လက်နက်ကုန်သွယ်မှုပိတ်ပင်ဖို့ အတွက် သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီ လာခံ တတိယကော်မတီရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ အပြန်အလှန်ဆွေးနွေးမှုအစီ အစဉ်မှာ သူကအခုလိုပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအခြေအနေတွေဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့…
