တနင်္သာရီမှာ စစ်ကောင်စီတပ်က အရပ်သားကားတွေကို အကာအကွယ်ယူ သွားလာတာတွေ လုပ်လာ
တနင်္သာရီ၊ အောက်တိုဘာ (၁၈) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ သွားလာနေတဲ့ စစ်ကောင်စီယာဉ်တန်းတွေဟာ အရပ်သား ခရီးသွားကားတွေကို ကြားညှပ်ခေါ်ဆောင်ပြီး ဒိုင်းကာအဖြစ် အကာအကွယ်ယူ သွား လာတာတွေ လုပ်ဆောင်လာတယ်လို့ တနင်္သာရီစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရင်က စစ်ကောင်စီတပ်ယာဉ်တန်းနဲ့ခရီးသွားလာရာမှာ အရပ်သားကားတွေကို ကြားညှပ်သွားလာတာမျိုးမရှိဘဲ အခုနောက်ပိုင်းကာလတွေကစပြီး အရပ်သားကားတွေကို ကြားညှပ်ပြီး ဒိုင်းကာအနေနဲ့ အသုံးပြုလာတာ ဖြစ်ပါတယ်။ အရပ်သားကားတွေကို…
KNU ကွန်ကရက် ညီလာခံကို အခုနှစ်မကုန်ခင် ကျင်းပတော့မယ်
မော်လမြိုင်၊ အောက်တိုဘာ (၁၈) ကိုဗစ်ကပ်ရောဂါအခြေအနေနဲ့ စစ်ရေးအခြေအနေတွေကြောင့် ရွေ့ဆိုင်းခဲ့ရတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ကွန်ဂရက်ညီလာခံကို အခုနှစ်မကုန်ခင်မှာ ကျင်းပပြုလုပ်သွားမယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကွန်ဂရက် ညီလာခံကို လေးနှစ်တစ်ကြိမ်ကျင်းပပြုလုပ်ခဲ့ရတာဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်းက ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုပြင်း ထန်လာနေတဲ့ စစ်ရေးအခြေအနေအရပ်ရပ်ကြောင့် ရွေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။…
စစ်ခေါင်းဆောင် ခရီးစဉ်ကြောင့် မော်လမြိုင်မှာ လုံခြုံရေး အထူးတင်းကျပ်၊ ဝေဟင်မှာပါ လုံခြုံရေး အသင့်ပြင်ခိုင်းထား
မော်လမြိုင်၊ အောက်တိုဘာ (၁၈) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရီးစဉ်ကြောင့် မော်လမြိုင်မှာ လုံခြုံရေး အထူးတင်းကျပ်ထားသလို လေကြောင်းနဲ့ ရေကြောင်းကိုပါ လုံခြုံရေး အဆင့်သင့် ပြင်ခိုင်းထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ (၁၆)ရက်နေ့က မော်လမြိုင်မြို့ သို့ ရောက်ရှိလာပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်က တပ်မိသားစုဝင်တွေနဲ့…
သထုံမြို့နယ်က စစ်ကောင်စီ ကြာပန်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
သထုံ၊ အောက်တိုဘာ (၁၈) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၊ သထုံ- ဘားအံကားလမ်း၊ တိုးဂိတ်အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကြာပန်းတိုးဂိတ်အနီးရှိ စစ်ကောင်စီတပ်နဲ့လက်အောက်ခံဌာနဆိုင်ရာ အဖွဲ့စုံရှိနေတဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ သထုံ…
သတိ – နိုင်သော်လည်း လျော်ကြေးငွေမရနိုင်ပါ
“ဂျင်းမှန်းမသိဘဲ ဆက်ဆော့နေမိရင်တော့ တော်တော့ကို မွဲမဲ့ အကွက်ပဲဗျ၊ ဘဝပျက်မှာပဲ” လို့ ဆိုလာသူကတော့ အွန်လိုင်းပေါ်မှာ ခေတ်စားနေတဲ့ လောင်းကစားဂိမ်းတွေကို စွဲလမ်းခဲ့သူတစ်ဦးဖြစ်တဲ့ ကိုအောင်အောင် ဖြစ်ပါတယ်။ သူဟာ ကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းတွေပိတ်ထားခဲ့ချိန်မှာ အွန်လိုင်းကနေ ကြေငြာနေတဲ့ ဂိမ်းတွေကို စိတ်ဝင်စားကာ ဆော့ရာမှ တဆင့် ငွေကြေးများစွာ ဆုံးရှုံးထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ စစဆော့ချင်းမှာတော့ မက်လောက်စရာငွေကြေးပမာဏတွေ အနိုင်ရခဲ့ပြီး နောက်ပိုင်းမှာတော့…
Radio Than Lwin Times(15/10)
Youtube Link Sound Cloud Link
အာဆင်နယ်အသင်း ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နေ
မော်လမြိုင်၊ အောက်တိုဘာ၊ (၁၇)ရက် အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၀)မှာ လိဒ်စ်အသင်းကို အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ တိုက်စစ်မှူး ဂျေဇူး၊ ဇာကာ၊ မာတီနယ်လီ၊ အိုဒီဂတ် အပါအဝင် အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး လိဒ်စ်အသင်းကလည်း ကစားသမား အစုံအလင်နဲ့…
KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA (၇)နှစ်ပြည့်နေ့ မိန့်ခွန်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က တိုင်းရင်းသားတွေအနေနဲ့ အစိုးရနဲ့လက်တွဲပြီး ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ ငြိမ်းချမ်းရေးကို လျှောက် လှမ်းကြဖို့နဲ့ တိုင်းရင်းသားအရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့သောအချက်တွေကို ပြင်သင့်တာတွေကို ပြင်ဆင်ပေး သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုအပေါ် ကရင်အမျိုးသားအစည်းအရုံး KNUက ဒီအပေါ်မှာ ဘယ်လို…
ဘီးလင်းမှာ နေအိမ်ချိပ်ပိတ်ထားတဲ့ ဒေသခံ အိမ်ထဲက အတွင်းပစ္စည်း တစ်ခုမကျန် စစ်ကောင်စီ သိမ်းယူသွား
ဘီးလင်းမှာ နေအိမ်ချိပ်ပိတ်ထားတဲ့ ဒေသခံ အိမ်ထဲက အတွင်းပစ္စည်း တစ်ခုမကျန် စစ်ကောင်စီ သိမ်းယူသွား ဘီးလင်း၊ အောက်တိုဘာ (၁၆) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးလေးကျေးရွာမှာ ချိပ်ပိတ်ခံထားရတဲ့ ဒေသခံ နော်အေးသီတာမြင့် နေအိမ်ထဲက အတွင်းပစ္စည်း တစ်ခုမကျန် စစ်ကောင်စီဘက်က လာရောက် သိမ်းယူသွားတယ်လို့ ကာယကံရှင်နဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ တိမ်းရှောင်နေတဲ့…
မွန်ပြည်နယ်က ကွမ်းသီးလုပ်ငန်းရှင်တွေ အရှုံးနဲ့ ရင်ဆိုင်နေရ
မွန်ပြည်နယ်က ကွမ်းသီးလုပ်ငန်းရှင်တွေ အရှုံးနဲ့ ရင်ဆိုင်နေရ မော်လမြိုင်၊ အောက်တိုဘာ (၁၆) မွန်ပြည်နယ်ထွက် ကွမ်းသီးတွေကို ပြည်တွင်း၊ပြည်ပ ဝယ်လိုအား နည်းပါးလာနဲ့အတူ ဈေးနှုန်း ဆက်လက် ကျဆင်းနေတာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကွမ်းသီးလုပ်ငန်းရှင်တွေဟာ ဒေါ်လာ ဈေးနှုန်း အဆမတန် မြင့်တက်ပြီး မြန်မာ့ငွေကြေး တန်ဖိုးကျဆင်းစဉ်က ကွမ်းသီးတွေကို အမြင့်ဈေးပေးပြီး ဝယ်လှောင်ထားရာကနေ…
