PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်

အာာဏာသိမ်းမှုကြောင့် မူလ NCA ပြဌာန်းချက်တွေကို အပြည့်အဝ အကောင်အထည် မဖော်နိုင်တော့ပေမယ့် NCA ရဲ့ အခြေခံမူ (၃) ရပ်ကို ကိုင်စွဲပြီး လူထုတွေ အကျပ်အတည်းကနေ လွတ်မြောက်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ NCA လက်မှတ်ထိုးခြင်း ၇ နှစ်ပြည့်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန်ပါတယ်။ ဒါကြောင့် PPST အနေနဲ့ လူထုတွေ…

မဟာမိတ်ဆက်ဆံရေး တပ်ပေါင်းစုကို အင်အားကြီးအောင် တည်ဆောက်ဖို့ NUG ယာယီ သမ္မတ တိုက်တွန်း

မော်လမြိုင် – အောက်တိုဘာ(၁၈) နွေဦးတော်လှန်ရေးရဲ့ စစ်ရေးတပ်ပေါင်းစုတွေရဲ့ မဟာမိတ်ဆက်ထုံးခိုင်မြဲဖို့အတွက် စုစုစည်းစည်း ညီညီညွတ်ညွတ်လုပ်ဆောင်ပြီး စစ်ရေးပူးပေါင်းမဟာမိတ်လှုပ်ရှားမှုတွေကို လက်တွေ့ကျကျလုပ်ကြ ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ အောက်တိုဘာလ(၁၈) ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၇၂) ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးမှာ သူက အခုလိုပြောဆိုခဲ့တာပါ။ “မြန်မာ့နွေဦးတော်လှန်ရေးအတွင်းက စစ်ရေးမဟာမိတ်တပ်ပေါင်းစုကို တည်ဆောက်တဲ့နေရာမှာ မဟာမိတ်ဆက်ဆံရေးအမြင်ကို တက်နိုင်သမျှအမြင်ကျယ်ကျယ်သဘောထူးကြီးကြီးနဲ့…

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦး သတ်ဖြတ်ခံရ

ဒါကာ ၊ အောက်တိုဘာ (၁၈) ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရိုဟင်ဂျာ ခေါင်းဆောင်နှစ်ဦးကို ဒါဇင်နဲ့ ချီတဲ့ လူအုပ်က တိုက်ခိုက်သတ်ဖြတ်ခဲ့ ပြီးတဲ့နောက်မှာ ဒုက္ခသည် တစ်သန်းနီးပါး နေထိုင်ရာ စခန်းတွေမှာ လုံခြုံရေး အ‌ခြေအနေ ပိုဆိုးရွားလာခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါ တယ်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာရက် အာမတ် ရဲ့ ပြောကြားချက်အရ…

ပေါင်းစည်းရေးဘုရားကျောင်းကိုစုံစမ်းစစ်ဆေးဖို့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ အမိန့်ပေး

တိုကျို – အောက်တိုဘာ(၁၈) ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ဘုရားကျောင်းနဲ့ အာဏာရ ပါတီက လွှတ်တော်အမတ်တွေရဲ့ နီးကပ်တဲ့ဆက်ဆံရေးကို ထုတ်ဖော်ပြီးနောက် ဂျပန်ဝန်ကြီး ချုပ် ဖူမီယိုကီရှီဒါက ပေါင်းစည်းရေးဘုရားကျောင်းကို စုံစမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) ပါလီမန်အမတ်တွေဟာ မင်္ဂလာပွဲတွေကြောင့် လူသိများ တဲ့ဘုရားကျောင်းနဲ့ သူတို့ရဲ့ဆက်ဆံရေးကို အပြည့်အဝထုတ်ဖော်ပြောဆိုတာမရှိတဲ့အတွက် ကီရှီဒါရဲ့ အစိုးရကို ထောက်ခံမှု အနိမ့်ဆုံးအဆင့်ကို ကျဆင်းနေတာပါ။ ကီရှီဒါဟာ ဘာသာရေးကော်ပိုရေးရှင်းများအက်…

မြောက်ကိုရီးယားက နျူကလီယား ထပ်မံစမ်းသပ်လို့ တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်မှု တွေ တိုးမြှင့်လုပ်ဆောင်

ဆိုးလ်၊ အောက်တိုဘာ (၁၈) နှစ်နိုင်ငံ စစ်ရေးလှုပ်ရှားမှုတွေနဲ့ တင်းမာနေချိန်မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တုံ့ပြန် ဖို့ အတွက် တောင်ကိုရီးယားတပ်ဖွဲ့ဝင်တွေက နှစ်စဉ်လေ့ကျင့်မှုဖြစ်တဲ့ Hoguk ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုတွေကို စတင် လုပ်ဆောင်လိုက်ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုက ဒီကနေ့ အောက်တိုဘာ ၁၂ရက်နေ့မှာ စတင်ပြီး အောက်တိုဘာ ၂၂ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးမီရက်သတ္တပတ်တွေ အတွင်းမှာလည်း…

မြန်မာပြည်အတွက် ထုတ်ပြန်ချက်တွေနဲ့ မလုံလောက်တော့ဘဲ ထိရောက်တဲ့အရေးယူမှုရှိဖို့လိုပြီလို့ ဦးကျော်မိုးထွန်းဆို

နယူးယောက် – အောက်တိုဘာ(၁၈) နိုင်ငံတကာအသိုင်းအဝန်းနဲ့ ကုလသမဂ္ဂတို့က ထုတ်ပြန်ချက်တွေ ထုတ်ပေးတဲ့အတွက် ကျေးဇူးတင် ရှိပေမယ့် ပျက်စီးယိုယွင်းနေတဲ့အခြေအနေတွေအတွက် ထုတ်ပြန်ချက်တွေထုတ်ပေးရုံနဲ့ လုံလောက် မှုမရှိတော့လို့ ထိရောက်တဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကသာ မြေပြင်အခြေအနေကိုကာကွယ် ပေးနိုင်မှာဖြစ်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၇) ရက်နေ့က ကျင်းပခဲ့တဲ့ (၇၇) ကြိမ်းမြောက် ကုလသမဂ္ဂအထွထွေညီ လာခံ မှာ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနဲ့…

ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ် အင်အားအလုံးအရင်း စစ်ကြောင်းထိုးနေ

ကျိုက်ထို၊ အောက်တိုဘာ (၁၈) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်လို့ KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ဇီးပြောင်းကျေးရွာအုပ်စုထဲကို တပ်အင်အား ၁၅၀ ကျော်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုဘက်ကို တပ်အင်အား ၂၀၀…

စစ်အာဏာသိမ်း (၆၂၄) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၆၁ ဦး အထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၁၈) AAPP ရဲ့ အောက်တိုဘာလ (၁၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၂၄)ရက်အတွင်း ပြည်သူ (၂၃၆၁)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၈၇၃ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၇၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

ကမ္ဘာ့အကောင်ဆုံး ဘောလုံးကစားသမားဆုကို ရီးရဲလ် တိုက်စစ်မှူး ဘန်ဇီမာ ဆွတ်ခူးရရှိ

၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်ဆုံး ဘောလုံးကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကို ပြင်သစ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်း ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာက ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်ကစားသမား မာနေး၊ မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းတို့ကို ကျော်ဖြတ်ပြီး ဘလွန်းဒီအောဆုကို ဆွတ်ခူးရရှိခဲ့တာပါ။ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရီးရဲလ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ…

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက မဲရုံတည်နေရာတွေ သတ်မှတ်ဖို့ ပြင်ဆင်လာ

မော်လမြိုင်၊ အောက်တိုဘာ (၁၈) မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စစ်ကောင်စီက လာမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စိစစ်တာအပါအဝင် မဲရုံအရေအတွက်နဲ့ မဲရုံတည်နေရာ လျာထားသတ်မှတ်ဖို့ ပြင်ဆင်တာတွေ လုပ်ဆောင်လာပါတယ်။ စစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယအပတ်ကစပြီး မွန်ပြည်နယ်ရဲ့ ပေါင်၊ ကျိုက်မရောနဲ့ ချောင်းဆုံမြို့နယ်တို့မှာ ရွေးကောက်ပွဲအတွက် ကြိုတင်မှုတွေကို…