စစ်အာဏာသိမ်း (၆၂၅) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၆၇ ဦး အထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၁၉) AAPP ရဲ့ အောက်တိုဘာလ (၁၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၂၅)ရက်အတွင်း ပြည်သူ (၂၃၆၇)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၈၇၅ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၇၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

စစ်ခေါင်းဆောင်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး EAOs တွေ လက်မခံ

ရန်ကုန်၊ အောက်တိုဘာ (၁၉) အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့သော ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖို့ ပြောဆိုနေတာဟာ စစ်တပ် အာဏာတည်မြဲရေးသာ ဖြစ်တဲ့အတွက် လက်ခံနိုင်စရာမရှိဘူးလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ကျရောက်တဲ့ အပစ်ရပ်စာချုပ် NCA ချုပ်ဆိုခြင်း (၇) နှစ်ပြည့်…

ဘီးလင်းတိုးဂိတ်ဟောင်း တိုက်ခိုက်မှုမှာ ဒုမြို့နယ်ရဲမှူး တစ်ဦး သေဆုံး

ဘီးလင်း၊ အောက်တိုဘာ (၁၉) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ရွှေသံလွင်တိုးဂိတ်အဟောင်းအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ဒုမြို့နယ်ရဲမှူး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီစစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ ည ၉ နာရီလောက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့က အနီးကပ် လာရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီ…

မွန်ပြည်နယ်ထဲက ဆားတောင်သူတချို့ ဒီနှစ်မှာ လုပ်ငန်း ပြန်မလုပ်နိုင်တော့

မော်လမြိုင်၊ အောက်တိုဘာ (၁၉) ၂ နှစ်ဆက်တိုက် အရှုံးပေါ်ခဲ့တဲ့အတွက် မွန်ပြည်နယ်ထဲက နေလှန်းဆားလုပ်ငန်း လုပ်ကိုင်ကြနေတဲ့ ဆားတောင်သူတချို့ဟာ ဒီနှစ်ဆားရာသီအစမှာ လုပ်ငန်း ပြန်မလုပ်နိုင်တော့ဘဲ လုပ်ငန်းတွေ ရပ်နားလိုက်ရပြီလို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆားတောင်သူတွေဟာ ၂ နှစ်ဆက်တိုက် ရာသီဥတု ဖောက်ပြန်ပြီး ဆားကွင်းအဖျက်မိုးတွေ ကြုံတာ၊ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊…

တနင်္သာရီမှာ တိုက်ခိုက်ရေး ဒရုန်းတွေကို စစ်ကောင်စီ စတင် အသုံးပြုလာ

တနင်္သာရီ၊ အောက်တိုဘာ (၁၉) နှစ်ဖက် စစ်ရေး တင်းမာနေတဲ့ တနင်္သာရီတိုင်းဒေသကြီးထဲမှာ အာဏာသိမ်း စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ဒရုန်းတွေကို စတင် အသုံးပြုလာတယ်လို့ တနင်္သာရီစစ်ဒေသကွပ်ကဲရေး တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရင်က စစ်ကောင်စီတပ်ဟာ ဒရုန်းတွေကို အသုံးပြုရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်တဲ့ နေရာတွေကို ကင်းထောက်ဖို့အတွက် အသုံးပြုရာကနေ အခုအခါမှာတော့ တိုက်ခိုက်ရေး ဒရုန်းတွေကို စတင်…

မွန်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှုအတွက် ပြန်ခေါ်သက်သေတွေ စစ်ဆေးခဲ့

မော်လမြိုင်၊ အောက်တိုဘာ (၁၉) မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် အာဏာသိမ်း စစ်ကောင်စီက တရားစွဲထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် အောက်တိုဘာ ၁၈ ရက်နေ့ ရုံးချိန်းမှာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး…

ပလိုင်ကီး ကျေးရွာနားက တိုက်ပွဲမှာ MSRO အဖွဲ့တာဝန်ခံ ကိုသီဟနေစိုး ကျဆုံး

ရေး – အောက်တိုဘာ(၁၈) မွန်ပြည်နယ် ရေးမြို့နယ် ဒူးယားကျေးရွာအုပ်စု ပလိုင်းကီးကျေးရွာနားက တိုက်ပွဲမှာ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးတပ်ဖွဲ့ MSRO တာဝန်ခံ ရဲဘော်သီဟနေစိုး(ခ)တိုဘီ(ခ) အဂ္ဂ ကျဆုံး ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၇) ရက်နေ့ နေ့လည်ပိုင်းက MSRO အဖွဲ့ တာဝန်ခံ ရဲဘော်သီဟနေစိုး နဲ့အဖွဲ့ဟာ အစင်ကျေးရွာ အုပ်စု ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်းကို သွားရောက်တိုက်ခိုက်…

စစ်တပ်က ခေါင်းဖြတ်သတ်ခဲ့တဲ့ CDM ဆရာ ဦးစောထွန်းမိုးအတွက် NUG ဝမ်းနည်းကြောင်း ထုတ်ပြန်

ပေါက် – အောက်တိုဘာ(၁၈) မကွေးတိုင်းပေါက်မြို့နယ်တောင်ပိုင်း သစ်ညီနောင်ရွာက ခေါင်းဖြတ်သတ်ခံလိုက်ရတဲ့ CDM ကျောင်းဆရာ ဦးစောထွန်းမိုး(ဆရာမိုး)အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီး ဌာနက အထူးဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆရာဦးစောမိုးထွန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၇) ရက်နေ့က ပေါက်မြို့နယ် တောင်ပိုင်း တောင် မြင့်ရွာမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ဦးခေါင်းနဲ့ ခြေလက်တွေကို အပိုင်းပိုင်းဖြတ် တောက် ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့အပြင်…

ကျိုက်ထီးရိုး ပစ်ခတ်မှု(အမှန်/အမှား )

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “KNLA NUG ၊ CRPH တို့ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကျိုက်ထီးရိုးဘုရား၊…