နိုင်ငံတဝန်းမှာ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ တန်းဖိုရှိ ပစ္စည်းအများစု ရုံးတော် မရောက်ဘဲ ပျောက်ဆုံးနေ
မော်လမြိုင်၊ အောက်တိုဘာ (၂၀) နိုင်ငံတဝန်းမှာ အာဏာသိမ်း စစ်ကောင်စီဘက်က အကြမ်းဖက်ပုဒ်မအမျိုးမျိုးတပ်ပြီး ချိပ်ပိတ်သိမ်း ဆည်းထားတဲ့ တန်ဖိုးရှိ ပစ္စည်းအများစုဟာ တရားရုံးသို့ သက်သက်ခံပစ္စည်းအဖြစ် တင်သွင်းမှုမှာ ပါဝင်လာခြင်း မရှိဘဲ ပျောက်ဆုံးနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့သူတွေနဲ့ ကူညီထောက်ပံ့သူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ အမျိုးမျိုးတပ်ပြီး…
အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ကျူးလွန်ခဲ့တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ထိရောက်စွာအရေးယူ မယ်လို့ NUG အစိုးရကြေညာ
ရန်ကုန် – အောက်တိုဘာ(၁၉) ရန်ကုန်မြို့အင်စိန်ထောင်ရဲ့ ထောင်ဝင်စာပေးပို့တဲ့နေရာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာအပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့အတွက် ကျူးလွန်ခဲ့တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ထိရောက်စွာအရေးယူသွား မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ အောက်တိုဘာလ(၁၉) ရက်နေ့ မနက်ပိုင်းက အင်းစိန်ထောင်ရဲ့ ထောင်ဝင်စာပေးပို့တဲ့ နေရာနား မှာပေါက်ကွဲမှု (၂) ကြိမ်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် အကျဉ်းဦးစီးဝန်ထမ်းတချို့နဲ့ ထောင်ဝင်စာပို့ဖို့ရောက်နေတဲ့…
ထီးလင်းက ပြည်သူပိုင်နေအိမ်တွေကို စစ်ကောင်စီက မီးထပ်ရှို့
ထီးလင်း – အောက်တိုဘာ(၁၉) မကွေးတိုင်း ထီးလင်းမြို့နယ်က ပြည်သူတွေရဲ့ နေအိမ် (၄၅) လုံးကို စစ်ကောင်စီက မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ထီလင်းမြို့နယ်ထဲကို လွန်ခဲ့တဲ့ တစ်လကျော် ထဲက အင်အား(၁၀၀) ဝန်းကျင်နဲ့ စစ်ကောင်းထိုးပြီး ကျေးရွာ(၇) ရွာက နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တာပါ။ “သူတို့မှာပျူတွေလည်းပါလာတယ်။…
Radio Than Lwin Times(16/10)
Youtube Link Sound Cloud Link
နိုင်ငံတော် အတိုင်ပင်ခံရဲ့ စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနယ်ကို ရန်ကုန်အင်းစိန်ထောင်ကို ပြောင်းရွှေ့
ရန်ကုန်၊ အောက်တိုဘာ (၁၉) မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ သြစတြေးလျ စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနယ်ကို နေပြည်တော်ထောင်မှ ရန်ကုန် မြို့ရှိ အင်းစိန်အကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်ကြောင်း အေအက်ဖ်ပီ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ မစ္စတာ ရှောင်တာနယ်ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာအရပ်ဘက် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့…
လူနေရပ်ကွက်ထဲ ရုရှားစစ်လေယာဉ်ပျက်ကျပြီး လေးဦးသေဆုံး၊ ၂၅ဦး ဒဏ်ရာရခဲ့
ယာ့စ်၊ အောက်တိုဘာ (၁၉) ရုရှားနိုင်ငံ တောင်ပိုင်း ယာ့စ်မြို့က လူနေရပ်ကွက်တစ်ခုထဲ စစ်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ဦး သေဆုံးခဲ့ပြီး ၂၅ဦး အထိ ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်လေယာဉ်ပျက်ကျခဲ့မှုကြောင့် တိုက်ခန်းတစ်ခန်း မီးလောင်ခဲ့ပြီး မီးသတ်ကားနဲ့ ကယ်ဆယ်ရေးတွေ ခေါ်ယူခဲ့ရတာပါ။ အနီးပတ်ဝန်းကျင်က ကျောင်းတစ်ကျောင်းက ကလေးတွေကိုလည်း ဘေးလွတ်ရာကို အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။…
ဩစတြေးလျနိုင်ငံမှာ ရေလွှမ်းမိုးမှု ပိုမိုဆိုးရွားလာဖွယ်ရှိနေ
ဆစ်ဒနီ – အောက်တိုဘာ(၁၉) မိုးဆက်လက်ရွာသွန်းနိုင်ဖွယ်ရှိတယ်ဆိုတဲ့ မိုးလေဝသသတိပေးချက်ကြောင့် ဩစတြေးလျ အရှေ့တောင်ပိုင်းတဝှမ်းမှာ နေထိုင်သူတွေဟာ ရေကြီးမှုဒဏ်ကို ပိုမိုဆိုးရွားစွာခံစားလာရနိုင် တယ်လို့ ဆိုနေကြပါတယ်။ New South Wales နဲ့ Victoria ပြည်နယ်နှစ်ခုကြား နယ်နိမိတ် ဩစတြေးလျရဲ့ အရှည်ဆုံးမြစ် ဖြစ်တဲ့ Murray (မာရေးမြစ်) ဟာ နှစ်(၃၀) နီးပါးအတွင်းအမြင့်ဆုံးရေမှတ်ကို ရောက်ရှိလာနေတဲ့ အတွက် ဒေသခံ(၂)…
မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်နဲ့ ဆက် သွယ် မေးမြန်းချက်
အာဏာသိမ်း စစ်အုပ်စုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားမယ့်အကြောင်းနဲ့ တိုင်းရင်း သားတွေအတွက် ဖွဲ့စည်းပုံ ပြင်ဆင်ပေးမယ်လို့ ပြောဆိုလာပါတယ်။ ဒါကြောင့် စစ်အုပ်စုက ဖွဲ့စည်းပုံ ပြင်ဆင်ပေးမယ်လို့ ပြောဆိုမှုအပေါ် ဘယ်လိုမြင်ပါသလဲ။ NCA စာချုပ်ကို ဆက်လက် စွဲကိုင် ဆောင်ရွက်မှုနဲ့…
အင်းစိန်အကျဉ်းထောင်ရှေ့ ပေါက်ကွဲမှုဖြစ်ပြီး ထောင်ဝန်ထမ်း ၃ ဦးသေ၊ ၇ ဦးဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ(၁၉) ရန်ကုန်မြို့၊ အင်းစိန်မြိုနယ်ရှိ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဝင်စာ ပါဆယ်ဗုံးပေါက်ကွဲပြီး ထောင်ဝန်ထမ်း ၃ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒီနေ့မနက် ၉ နာရီ ၃၃ မိနစ်မှာ ဗုံးနှစ်ကြိမ်ပေါက်ကွဲပြီး ထောင်ဝန်ထမ်း တပ်သားကျော်ဇင်ဦး၊ တပ် သား ခင်မိုးဝေနဲ့ တပ်သားပိုးအိ ဇံတို့ သေဆုံးပြီး ၇ ဦးမှာဗုံးစထိမှန်ဒဏ် ရာများရရှိခဲ့တယ်လို့ စစ်ကောင်စီက…
လူမှုကွန်ရက်ကနေ နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်သူတွေကို အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ် သတိပေး
ရန်ကုန်၊ အောက်တိုဘာ (၁၉) တရားဝင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုး မရှိဘဲ နိုင်ငံခြားငွေ ရောင်းချတာ၊ဝယ်ယူတာ ၊လဲလှယ်တာတွေ လုပ်ဆောင်သူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဩဇာခံ ဗဟိုဘဏ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေးထားတာ မရှိဘဲ Facebook စာမျက်နှာမှာ Perfect…
